Pages

USB Stick ဖြင့် Window 8 တင်နည်းနှင့် Window 7 နှင့် Window 8 နှစ်ခု တွဲတင်နည်း( fb မေးမြန်းမှု)

Win naung -"ကွန်ပျူတာ မန်မို၇ီ ၂ ဂစ်ဟာ ဝင်းဒိုး ၈ တင်လိုရလာ ချင်ဗျား
လေးစားစွာဖြင်. အာကျလျှက် .........." 

window 8 တင်ဖို့ system requirements နဲ့ တင်နည်းကိုပင် ဖော်ပြလိုက်ပါတယ် ..အစဉ်ပြေပါစေဗျာ...

Windows 8 system requirements

If you want to run Windows 8 on your PC, here's what it takes:
  • Processor: 1 gigahertz (GHz) or faster with support for PAE, NX, and SSE2 (more info)
  • RAM: 1 gigabyte (GB) (32-bit) or 2 GB (64-bit)
  • Hard disk space: 16 GB (32-bit) or 20 GB (64-bit)
  • Graphics card: Microsoft DirectX 9 graphics device with WDDM driver

USB Stick ဖြင့် Window 8 Professional x86-64 bit တင်နည်းကိုပုံနှင့်တကွရှင်းပြပေးသွားမှာဖြစ်ပါတယ်။ Window 7 ရှိပြီးသားသူများအတွက်လည်း Window 8 ကို သွင်းနိုင်ပါတယ်။ Window နှစ်ခု တွဲတင်သူများအနေဖြင့် Window 8 သွင်းဖို့ 
Drive Partitionအလွတ် တစ်ခု ရှိထားရမှာဖြစ်ပါတယ်။ WinUSB Maker ဖြင့်ပြုလုပ်ထားသော Window USB Stick အားကွန်ပြူတာတွင်တပ်ထားပေးပါ။ WinUSB Maker ပြုလုပ်ပုံကို ဒီလင့် မှာကြည့်နိုင်ပါတယ်။Computer Boot ခေါ်တဲ့ Key က ကွန်ပြူတာတစ်လုံးနှင့်တစ်လုံးမတူပါဘူး။ Computer Boot ခေါ်တဲ့ Key ကို Dell Insiron ကွန်ပြူတာကိုအခြေခံပြီး တင်ပြပေးသွားမှာပါ။
အဆင့်-၁
Computer ကို Restart ချလိုက်ပါ။ Window ပြန်တက်လာလျှင် F12 Key ကိုနှိပ်ပါ။ အောက်ပါပုံအတိုင်းပေါ်လာပါမည်။
 
USB Stick ဖြင့် Wondow တင်မှာဖြစ်တဲ့အတွက် ပုံမှာပြထားတဲ့အတိုင်း USB StorageDeveceကိုရွေးပေးရမှာဖြစ်ပါတယ်
 ရွေးပြီးလျှင်Computer မှ Enter ကီး ကိုနှိပ်ပါ။
 
အဆင့်-၂
အထက်ပါပုံအတိုင်းပေါ်လာလျှင် အနီရောင် အကွက်ဖြင့်ပြသထားသော နေရာများကို စိတ်ကြိုက်ပြုပြင်ပေးပါ။
စိတ်ကြိုက်ဖြစ်လျှင် Next နှိပ်ပါ။
 
အဆင့်-၃
အထက်ပါပုံအတိုင်း ပေါ်လာလျှင် အနီရောင်အကွက်ဖြင့် ပြထားသော Install now ကိုနှိပ်ပါ။
 
အဆင့်-၎
အဆင့်-၅
အထက်ပါပုံအတိုင်း ပေါ်လာလျှင် x86 သို့ မဟုတ် x64 ကို မိမိစိတ်ကြိုက် ရွေးပေးပါ။ ပြီးလျှင် Next ကိုနှိပ်ပါ။
 
အဆင့်-၆
အထက်ပါပုံအတိုင်း ပေါ်လာလျှင် အနီရောင်မျှား ဖြင့်ပြထားသော I accept the license terms ကိုအမှတ်ခြစ်ပေးပါ။ ပြီးလျှင် Next နှိပ်ပါ။
အဆင့်-၇
အထက်ပါပုံအတိုင်း ပေါ်လာလျှင် အ၀ါရောက် အကွက် Upgrade နှင့် အနီရောင်အကွက် Custom ကို မိမိစိတ်ကြိုက်ရွေးပေးပါ။
 
အဆင့်-၈
အထက်ပါပုံအတိုင်း ပေါ်လာလျှင် Partition 3 သည် Window7တင်ထားသည့်အပိုင်းဖြစ်ပြီး။ Partition 4 သည်မိမိ၏ Data များ
သိမ်းဆည်းသည့် အပိုင်းဖြစ်ပါသည်။ Partition 1 သည် Window 8 မည့်အပိုင်းဖြစ်သည့်အတွက် Format ပြုလုပ်ပေးရပါမည်။ Format နှိပ်ပါ။ Window Setup ဘောက်ကျလာလျှင် OK နှိပ်ပေးလိုက်ပါ။ အောက်ပါပုံအတိုင်းပါ။
အဆင့်-၉
Format ရိုက်ထားပြီးသော Drive Partition အား Toal size နှင့် Free space တွင် တူညီနေမည်ကိုတွေ့ ရပါမည်။ ပြီးလျှင် Next နှိပ်ပါ။
 
အဆင့်-၁၀
မိမိရွေးချယ်ထားသော Drive Partition တွင် Window တင်သွင်းနေပါပြီ။ ပြီးဆုံးသည်အထိ စောင့်ပေးပါ။
Windows သည် အလိုအလျောက် Restart ပြုလုပ်သွားပါမည်။ စောင့်ပေးပါ။
အဆင့်-၁၂
Window ပြန်တက်လာလျှင် Window 8 Logo လေးကို ပထမဦးဆုံးစတွေ့ နိုင်မှာဖြစ်ပါတယ်။ အောက်ပါပုံအတိုင်းပါ။
 
အဆင့်-၁၃
Deveces များထည့်သွင်းနေပါပြီ။ 100% အထိစောင့်ပေးပါ။
အဆင့်-၁၄
အောက်ပါပုံအတိုင်းပေါ်လာရင် Window 2 ခုတင်ထားတာဖြစ်တဲ့အတွက် Window 8 ကိုရွေးပေးလိုက်ပါ။ Window 7 မတင်ထားသူများအတွက်တော့ ရွေးပေးစရာမလိုဘူး။
 
အဆင့်-၁၅
အောက်ပါပုံ အတိုင်းပေါ်လာလျှင် အနီရောင် ဖြင့် ပြထားသောဘောက် တွင် မိမိနှစ်သက်ရာ Windowအရောင်ကို
ရွေးပေးနိုင်ပါတယ်။PC name မှာတော့ မိမိ နာမည်ရိုက်ထည့်ပေါ့။ ဒီပုံ မှာတော့ ကျွန်တော့နာမည်ကို နမူနာအဖြစ်
ရိုက်ထည့်ထားပါတယ်။ ပြီးလျှင် Next နှိပ်ပါ။
 
အဆင့်-၁၆
မိမိထည့်ချင်တဲ့ Wireless Network ကို ရွေးပေးပြီး Connect နှိပ်ပေးပါ။ Wireless Network မရှိလျှင် Connect to a Wireless Network later ကိုနှိပ်ပေးလိုက်ပါ။
အဆင့်-၁၇
အောက်ပါပုံအတိုင်း Settings ပေါ်လာလျှင် အ၀ါရောင် ဘောက်နှင့် အနီရောင်ဘောက် တစ်ခုခုအားရွေးပေးပါ ကျွန်တော်ကတော့ အ၀ါရောင်ဘောက်ကို ရွေးပေးလိုက်ပါတယ်။
 
အဆင့်-၁၈
အောက်ပါပုံ ပေါ်လာရင်တော့ မိမိတို့ ရဲ့ နာမည်နဲ့ လျှို့ ဝှက်နံပါတ်ကို ထည်းပေးလိုက်ပါ။ Window Restart ကျသွားလို့ ပြန်တက်လာရင် အခုပေးထားတဲ့ လျှို့ ဝှက်နံပါတ် ကိုထည့်ပေးရမှာနော်။
 

အဆင့်-၁၉
အဆင့်ဆင့် ပြုလုပ်သွားလို့ ဒီ အဆင့်ကိုရောက်ရှိလာ ရင် ဘာမှမလုပ်ပါနဲ့ သူလုပ်နေနတာကိုကြည့်နေလိုက်ပါ။ Widow ပေါ်ကိုရောက်ရင်ကိုယ်တိုင်လည်းလုပ်ကြည့်လို့ ရပါတယ်။

အဆင့်-၂၀
ကဲ နောက်ဆုံးဆင့်လည်းရောက်ပြီ မောလည်းမောသွားပြီ အောက်မှာ Window 8 Home Screen ကြီးပေါ်လာပြီ။ ဒါဆို 
Windw 8 ကိုအောင်မြင်စွာဖြင့် ထည့်သွင်း လိုက်နိုင်ပြီပေါဗျာ။
မရေးတက်ရေးတက်နဲ့ ဖြစ်အောင်ရေးထားတာမို့ မှားတာလေးတွေရှိခဲ့ရင်ပြင်ဆင်ဖတ်ရှု့ ပေးစေချင်ပါတယ်။
အားလုံး လုပ်ပုံလုပ်နည်း အဆင့် ၂၀ ရှိပါတယ်။ နားမလည်သောအဆင့်လေးများရှိခဲ့ Comment ဖြင့်မေးမြန်းနိုင်သည်။

0 comments:

Post a Comment

IT မီးသီးနည်းပညာ နှင့် software "သင်၏ ဝေဖန်မှုသည် blogger ၏အားဆေးဖြစ်သည်"

Related Posts Plugin for WordPress, Blogger...