Pages

Website ၄၅ ခုရဲ့ ပို့စ်တွေကို App တစ်ခုတည်းနဲ့ ဖတ်နိုင်မယ့် HWH v 2.2 ထွက်ပါပြီ


Website နဲ့ ဘလော့ပေါင်း (၄၅)ခုရဲ့ ပို့စ်တွေကို Android သုံးတဲ့ Device ပေါ်ကနေ တစ်ချက် ကလစ်လိုက်တာနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်.. ယခင် version 2.1 တုန်းက Website နဲ့ ဘလော့ (၃၇)ခု ကိုကြည့်ရှုနိုင်ခဲ့ပြီး သုံးစွဲသူတွေကိုလည်း အကြိုက်ဖြစ်စေခဲ့ပါတယ်.. အခုဗားရှင်းမှာတော့ ယခင်ဗားရှင်းရဲ့ အားနည်းချက်တွေကို ပြုပြင်ပေးထားပြီး website နဲ့ ဘလော့ (၈)ခု ထပ်မံဖြည့်စွက်ထားပါတယ်.. နည်းပညာ၊ ကျန်းမာရေး၊ သတင်း၊ သုတ စတဲ့ သုတ၊ ရသ စုံကို Update တစ်ချက်တည်းလုပ်ရုံနဲ့ ဖတ်နိုင်ပါပြီ.. စာမျက်နှာတွေကို website ကြည့်နေစရာမလိုပါဘူး.. update လုပ်ပြီး connection ကို ဖြတ်တောက်ပြီး Offline အနေနဲ့ ကြည့်နိုင်ပါတယ်.. ဒါဆို ပိုက်ဆံလည်းကုန်စရာမလိုတော့ဘူးပေါ့.. ကိုယ်မလိုချင်တဲ့ website တွေကိုလည်း ပယ်ဖျက်နိုင်ပါတယ်..
 မှတ်ချက်။    ။သတင်းစာမျက်နှာ များခြင့်ကြောင့် သတင်းများ အ၀င်များပါမည်။ အချို့သတင်းများ ထပ်နိုင်ပါသည်။ Userအနေဖြင့် မနှစ်သက်သော သတင်းစာမျက်နှာကို ပယ်ဖျတ်ခြင်းပြုလုပ်နိုင်ပါသည်။App open>>> Source>>> သတင်းမ၀င်စေချင်တဲ့ သတင်းဌာနအမည်ကို ကြာကြာဖိ >>>Delete Feed.။
 ***သတင်းများ ဖတ်ပြီးတိုင်း Phone Option>>Delete All လုပ်ပေးပါရန်*** လို့ ဒီ app ကို ဖန်တီးတဲ့ Admin က အသိပေးထားပါတယ်..

Admin စေတနာ
  ယခင် versionတွေထက် အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ ယခင် သတင်း စာမျက်နှာတွေထဲက အလုပ်မလုပ်တော့တဲ့ websiteတွေ ၊ သတင်း updateနှေးလွန်းတဲ့ သတင်းစာမျက်နှာတွေ၊ သတင်း အပြည့်နီးပါး ဖတ်လို့မရတဲ့ သတင်းဌာနတွေကို ပြင်ဆင်ကာ အသစ်အသစ်သော သတင်းစာမျက်နှာကောင်းများကို ဖြည့်စွက်ထားပါတယ်။
HWH Version 2.2တွင် ပါရှိသော သတင်းစာမျက်နှာများ
……………………………………………………………………..
၁။ သစ်ထူးလွင် (သတင်းစာမျက်နှာ)
၂။ Democratic Voice of Burma(DVB) (သတင်းစာမျက်နှာ)
၃။ ဧရာဝတီ (သတင်းစာမျက်နှာ)
၎။ ဧရာဝတီ ဘလောဒ့် (သတင်းစာမျက်နှာ)
၅။ Opposite Eye (သတင်းစာမျက်နှာ)
၆။ မောင်ကျောက်ခဲ (သတင်းစာမျက်နှာ)
၇။ Myanmar Mobile App Store(MMAS) (မိုဘိုင်းဖုန်းနည်းပညာ)
၈။ ၀င်းကမ္ဘာကျော် (နည်းပညာ)
၉။ HWH မှ ပို့စာ (ဤ APPနှင့် ပတ်သက်၍ သတင်းပို့)
၁၀။ TechSpaceဂျာနယ် (နည်းပညာ)
၁၁။ နစ်နေမန်း (သတင်းစာမျက်နှာ)
၁၂။ သမ္မတရုံး (သမ္မတရုံးစာမျက်နှာ)
၁၃။ ခေတ်လူငယ် (သတင်းစာမျက်နှာ)
၁၄။ Hot News Weekly (သတင်းဆောင်းပါး)
၁၅။ဒေါက်တာလွဏ်းဆွေ(သတင်းစာမျက်နှာ)
၁၆။ မိုးမခ (သတင်းစာမျက်နှာ)
၁၇။ ချစ်သူဆီသို့ (ခံစားချက် ရသ)
၁၈။သက်တန့်ချို( ရသစာပေများ)
၁၉။Nine Nine Sanay @ နိုင်းနိုင်းစနေ( ရသစာပေများ)
၂၀။ စနေဖြိုး {S@n@y Phyo}( ရသစာပေများ)
၂၁။ Heart Canteen( ရသစာပေများ)
၂၂။ The Voice Weekly(သတင်းစာမျက်နှာ)
၂၃။ Mizzima - News in Burmese(သတင်းစာမျက်နှာ)
၂၄။ CJMyanmar(သတင်းစာမျက်နှာ)
၂၅။88 Generation Students(88မျိုးဆက်ကျောင်းသားများ)
၂၆။ Burma VJ Media Network(သတင်းစာမျက်နှာ)
၂၇။ Freedom News Group(Burma) (သတင်းစာမျက်နှာ)
၂၈။ Myanmar journal download(အပတ်စဉ် ဂျာနယ်များDownloadဆွဲရန်)
၂၉။ Messenger News Journal(သတင်းစာမျက်နှာ)
၃၀။ Shwe Myitmakha Media Group(သတင်းစာမျက်နှာ)
၃၁။ ရဲဇာနည်(ပြည်ထဲရေးမှ ထုတ်ပြန်သော မူခင်းသတင်း)
၃၂။ News of Myanmar(သတင်းစာမျက်နှာ)
၃၃။ ITgroup(နည်းပညာ)
၃၄။BBC Burmese(သတင်းစာမျက်နှာ)
၃၅။ 7Day News Journal(သတင်းစာမျက်နှာ)
၃၆။ Voice Of America(VOA) (သတင်းစာမျက်နှာ)
၃၇ ။ RFA Burmese(သတင်းစာမျက်နှာ)
အသစ်ထပ်တိုး စာမျက်နှာများ
၃၈။ Aye Chan Mon (သတင်း+သုတ+ရသ)
၃၉။ Netguide Journal( နည်းပညာသတင်း)
၄၀။ Myanmar IT Helper( နည်းပညာ Blog)
၄၁။ Pyithu Hluttaw - ပြည်သူ့လွှတ်တော် (လွှတ်တော် သတင်းအဖြာဖြာ)
၄၂။ MM Android (Mobileဖုန်း နည်းပညာ)
၄၃။ Young Buddhist's Association (ဓမ္မ အဆုံးအမများ)
၄၄။ MMSD (Mobileဖုန်း နည်းပညာ)
၄၅။ မောင်ပေါက် (နည်းပညာ)

အောက်ကလင့်မှာ ဒေါင်းနိုင်ပါပြီခင်ဗျာ..

Download Links:

Facebook မှာ ကာလာလေးတွေ ပြောင်းတဲ့နည်း

မင်္ဂလာပါခင်ဗျာ... ပုံမှာပြထားသည့်အတိုင်း Facebook မှာ ကာလာလေးတွေ ပြောင်းတဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်... အိမ်ကို အလည်လာတဲ့ ဘော်ဒါက ကျွန်တော် ကလိထားတာလေးမြင်ပြီး လုပ်ချင်တယ်ဆိုတာနဲ့ ရေးဖြစ်သွားတာပါ.... ဒါကတော့ Firefox မှာ addon ထည့်သုံးတဲ့ နည်းပါ Firefox မှာ အသုံးပြုတဲ့ သူတွေအတွက်ပဲ အဆင်ပြေပါမယ်....


အရင်ဆုံး  https://addons.mozilla.org/en-US/firefox/addon/greasemonkey ကို click ပြီး အောက်ကပုံမှာ ပြထားသည့်အတိုင်း Add to Firefox ကို နှိပ်ပါ...



ပြီးလျှင် အောက်ကပုံမှာပြထားသည့်အတိုင်း Install Now ကို နှိပ်ပါ...
Restart Now  နှိပ်ပြီး Firefox ကို Reastart လုပ်ပါ....
ပြီးလျှင် http://userscripts.org/scripts/show/9475 ကို click ပြီး ညာဘက်ဒေါင့်နားက Install ကိုနှိပ်ပါ....
ပေါ်လာတဲ့ Box မှာ Install ကိုထပ်နှိပ်ပါ...




ပုံမှာပြထားသည့်အတိုင်း Greasemonkey ဘေးက မြှားလေးကို နှိပ်ပြီး User Script Commands မှတဆင့် Cusromise Facebook Colour ကို နှိပ်ပါ...
ဒီနေရာကို ရောက်ရင်တော့ မိမိတို့ အသုံးပြုလိုတဲ့ ကာလာကို စိတ်ကြိုက်ရွေးချယ်နိုင်ပါပြီ...
အရောင် စိတ်ကြိုက်ရွေးပြီးပြီဆိုရင် set ကို နှိပ်ပြီး အတည်ပြုနိုင်ပါပြီ...

i device လက်တွေ့အသုံးပြုနည်း ebook

မင်္ဂလာပါခင်ဗျာ... သန်းထိုက်(ရွေရိပ်) ရေးသားပြုစုထားတဲ့  idevice များအတွက် လက်တွေ့သုံး နည်းပညာ စာအုပ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်... နည်းပညာဆိုက်တိုင်းသာမက အခြားစာအုပ်မျှဝေတဲ့ ဆိုက်တွေမှာလည်း ရှိပါတယ်... လေ့လာလိုသူများ အဆင်ပြေစေရန်နှင့် စာအုပ်မရောက်ရှိတဲ့ နေရာ ၀ယ်ယူရန်မလွယ်ကူတဲ့ နေရာမှာရောက်ရှိနေတဲ့  သူငယ်ချင်းများ အဆင်ပြေစေရန် ပြန်လည် မျှဝေပေးလိုက်ပါတယ်ခင်ဗျာ...



idevice များအတွက် လက်တွေ့သုံး နည်းပညာ
Minus
>>>  Download  <<< 
Dropbox
>>>  Download  <<<

pirate app များအား apple ID ဖြေရှင်းနည်း

ယခုရက်ပိုင်းအတွင် "Kuaiyong" နဲ့  Install လုပ်ထားပြီး သုံးနေခဲ့တဲ့ App တွေကို ဖွင့်လိုက်ရင် "Apple ID နှင့် Password" တောင်းနေပြီး သုံးလို့ မရ ဖြစ်နေတာကို မလွဲမသွေ ကြုံတွေ့ နေကြရမှာပါ...



ဒါဟာ Apple က App Store ကို ပြုပြင်ပြောင်းလဲမှု အနည်းငယ် ပြုလုပ်တဲ့အတွက် အရင်လို ချောချောမောမော အသုံးမပြုနိုင်တော့တာ ဖြစ်ပါတယ်။
ဤအခြေအနေကို ဖြတ်ကျော်ဖို့  "Kuaiyong" software ကို Update/Repair ပြုလုပ်ကြရပါမယ်...

"Kuaiyong" software ကို ဖွင့်လိုက်ရင် "Pop up message box" ပေါ်လာပြီး အောက်ပါအတိုင်း တရုပ်လို ရေးသားထားတာ တွေ့ မြင်ရပါလိမ့်မယ်..


တရုပ်စာကို "Google Translate" လုပ်ပြီး ဖတ်ကြည့်လိုက်ရင် အောက်ပါအတိုင်း အင်္ဂလိပ်လို ဖတ်နိုင်ပါလိမ့်မယ်...

"Has installed applications prompted to enter your Apple ID box of shells "or" flash back ", can solve the upper right corner of the" flash back (the bomb box) Repair.
If to repair unsuccessful, please update to the latest version of this application. Since this month Apple service adjustments, it is recommended that the Apple ID or appstore, do not use in the near future to reduce repair frequency.
Repair "bomb box" flash back "directly on the phone or iPad new features in the upcoming release, so stay tuned.
"

Repair လုပ်ရန် ပုံတွင် အနီဝိုင်းပြထားသည့် "Kuaiyong" software ၏ ညာဖက်အပေါ်ရှိ button ကို နှိပ်လိုက်ပါ။


Button ကိုနှိပ်လိုက်ပါက အောက်ပါပုံအတိုင်း "Pop up box" ပေါ်လာပါမည်။ အစိမ်းရောင် Button ကို နှိပ်ပါ။


အောက်ပါပုံအတိုင်း Update/Repair လုပ်နေပါလိမ့်မည်...


Update/Repair ပြီးစီးသွားပြီး ပုံပါအတိုင်း အမှန်ခြစ် သုံးခုပေါ်လာပါမည် အောက်က Button ကို နှိပ်ပါ။


iDevice ကို PC နှင့် ချိပ်ဆက်ပြီး "Kuaiyong" software မှ ပုံမှန်အတိုင်း "Install" လုပ်ပါ။ Game App များတွင် Data များ ပျက်ကောင်း ပျက်သွားနိုင်ပါမည်...


အသစ်ထွက်ရှိလာမည့် "Kuaiyong" version တွင် iDevice များမှ တိုက်ရိုက် "Repair" လုပ်နိုင်အောင် စီစဉ်ထားကြောင်း ဖော်ပြပေးထားပါသည်။


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

Next Launcher 3D

ကဲ အခုတင်ပေးတဲ့ ပို့(စ်)လေးကတော့ Next Launcher 3D လို့ခေါ်တဲ့ Android Device တွေအတွက် Theme အလန်းလေးပါ။ အားလုံးလည်း သိပြီးကြတော့မှာပါ။ Android Device ကမူရင်းပါလာတဲ့ Theme တွေထက် အစပေါင်းများစွာ ကောင်းပါတယ်။ Applications Icon အမည်တွေကိုလည်း မြန်မာလို(Rename) ပြောင်းနိုင်မှာဖြစ်ပါတယ်။ Originals Google Play မှာဆိုရင် US$15.99 Buy ဖြင့်ဝယ်ယူရပါတယ်။ Free လိုချင်တယ်ဆိုရင်တော့ အောက်ကလိပ်စာမှာရယူနိုင်ပါတယ်။

File Size: 3.1 Mb

Autodesk Autocad 2013

ကျွန်တော် Autodesk Autocad 2013 ကို ( x86 ) သမားတွေ အတွက် တင်ပေးလိုက်ပါတယ် ..   လိုအပ်လို့ သုံးချင်တဲ့ သူများကတော့ မိမိတို့ ဒေါင်းလော့ချခါနီးမှာ မိမိတို့ အသုံးပြုနေတဲ့ Windows ဟာ x86  လား x64 လားဆိုတော့ ခွဲခြား သိဖို့ လိုပါလိမ့်မယ်.. ကျွန်တော် တစ်ခါထဲ ဒေါင်းလော့ဖိုင် တန်းတင်ပေးထားတာ မဟုတ်ပါဘူး .. ကျွန်တော် အခုသုံးနေတဲ့ စီမှာလည်း ကော်နက်ရှင်က အဲ့လောက် မကောင်းပါဘူး .. ဒါကြောင့် ကျွန်တော် Torrent ကနေ တင်ပေးထားတဲ့ ဖိုင်ကို ရှာပေးထားပါတယ် .. ( 1.14 GB ) ရှိပါတယ် ။။ ဒေါင်းလော့ မချတက် သူများအတွက် ကျွန်တော် ဒေါင်းလော့ ချနည်းလည်း ရေးပေးထား ပါတယ် .. အားလုံးပဲ အဆင်ပြေမယ်လို့ ထင်ပါတယ်.. အောက်မှာ သုံးနေရာခွဲပြီး တင်ပေးလိုက်ပါတယ် .. အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချ သွားလိုက်ပါ ..




ကွန်ပြူတာပေါ်မှာ ကာတွန်း ၊ ပန်းချီ ရေးဆွဲတဲ့ ဆော့ဝဲလ်


ဒါလေးကတော့ ကွန်ပြူတာပေါ်မှာ ကာတွန်း ၊ ပန်းချီ ရေးဆွဲတဲ့ ဆော့ဝဲလ် လေးပါ... ကာတွန်း ၊ ပန်းချီ ဝါသနာရှင်များအတွက် တော့ စာရွက် ၊ ခဲတံ ဖိုးကုန်စရာ မလိုတော့ပဲ ကွန်ပြူတာပေါ်မှာ အမုန်းဆွဲလို့ရပြီပေါ့ဗျာ....:D

ဒီဆော့ဝဲလ် လေးက သူ့ရဲ့ မူရင်းဆိုက်ဒ် မှာ သွားကြည့်တာ $299.99 နဲ့ရောင်းနေတာတွေ့ရပါတယ်...ဒါပေမဲ့ ကျနော့သူငယ်ချင်းတွေကိုတော့ အလကားပေးလိုက်ပါတယ်ဗျာ....:D


အသုံးပြုပုံ အသေးစိတ်ကို ဒီမှာ လေ့လာလိုက်ပါ....။

တော်ကြာ Key ထည့်တာ မရဘူးဗျဆိုပြီး အော်နေမှာမို့ တခါထဲ ပြောလိုက်ပရစေ...:)... ကျနော် စမ်းကြည့်တော့ Serial Key တွေထဲက အင်္ဂလိပ် အက္ခရာ 'o' နဲ့ '0' သုည နဲ့တူနေတယ်ဗျာ အဲ့ဒါ နှစ်ခေါက်လောက်ထည့်မှ အဆင်ပြေသွားတာ ... အားလုံး(0) တွေကို သုည '0' ရေးထည့်ပေးရမှာပါ.... အားလုံး ပျော်ရွှင်ခြင်းများဖြင့် ပြည့်စုံကြပါစေ....:)

တိတ်တိတ်လေးပြန်မသွားကျေးနော်.....xD


The Professional Solution for Creating Manga and Comics! 
The world's leading comic and manga creation software, Manga Studio EX 4.0 delivers powerful cutting edge drawing and coloring tools, making it essential for professional comic and manga artists.
  • Choose from over 3,000 screen tones or create your own.
  • Resize with no loss in quality by converting your bitmap drawings to resolution-independent vector images.
  • Export to a wide variety of formats such as bmp, jpeg, png, psd, tga, eps (monochrome only), tiff, pdf and pict (Mac only).
  • Draw naturally with a pen tablet and recreate the sensation of drawing on paper offering an incredibly natural drawing experience.
  • Simplify your layout and design process with easy to use features such as a variety of built-in rulers that save you time.
  • Color artwork using the integrated tool set enabling you to mix and blend for custom color work.
  • Convert 2D images to line and tone data by using the 2DLT Rendering function.
  • Import 3D objects and easily transform them into tone and line drawings by using the 3DLT rendering function.
  • Add speed line and focus line effects in seconds to express motion or moods.
  • Work with precision using unlimited layers.
  • Select from a suite of advanced filters to quickly apply distortions and special effects to your artwork.




Password: www.winkabarkyaw.co.cc

ဖြတ် ၊ ညှပ် ၊ ဆက် လုပ်တာဝါသနာပါတဲ့ သူတွေ ကလိနိုင်အောင် faceonbody

                           ဒီနေ့တော့ ဖြတ် ၊ ညှပ် ၊ ဆက် လုပ်တာဝါသနာပါတဲ့ သူတွေ
ကလိနိုင်အောင် faceonbody ဆော့ဝဲလေးတင်ပေးလိုက်ပါတယ်။ portable လေး
ဆိုတော့သုံးရတာ ပေါ့ပေါ့ပါးပါး နဲ့ပိုပြီးအဆင်ပြေတာပေါ့။သူ့အတွက်လိုအပ်တဲ့key
လေးကို  ကျွန်တော်အထဲမှာ  ထည့်ပေး ထားပါတယ်။
  ပုံမှာ တွေ့ကြတဲ့  အတိုင်း
မုတ်ဆိတ်မွှေးနဲ့  မော်ဒယ်(လ်)ဂဲတွေ စသည်ဖြင့်ပေါ့  အနုပညာမျက်စေ့ ရှိရင် ရှိ
သလောက်လုပ်လို့ရပါတယ်။ အသုံးပြုနည်းကလဲ ကျွန်တော်ပြောပြစရာမလိုပါဘူး။
ဘာပြီးရင် ၊ ဘာဆက်လုပ်ရမယ်  ဆိုတာ ဆော့ဝဲကပဲ တစ်ဆင့်ချင်း ရှင်းပြပေးပါ
လိမ်မယ်။  သူခိုင်းတဲ့အတိုင်း  နောက်ကနေအသာလေး  လိုက်လုပ်ရုံပါပဲ။  ဒါပေမဲ့
သူ့ကိုအသုံပြုမယ်ဆိုရင်  အသုံးပြုမဲ့  ဓါတ်ပုံတွေကို picture ထဲက my picture 
(သို့) public picture  ထဲကိုပြောင်းပေးပြီးမှ ယူသုံးရင်ပိုပြီးအဆင်ပြေပါ  လိမ်မယ်။
အခြားနေရာတွေက ယူသုံးရင် တစ်ခါ  တစ်ခါ ဟမ်း ဖြစ်ချင်လို့ပါ။ key ထည့်နည်း
ကတော့ portable. exe လေးကို run လိုက်ပါ။ ပြီရင် Help မှActivate ကိုကလစ်ပါ။

ကျလာတဲ့ box ထဲကို  ကျွန်တော်  ထည့်ပေးထားတဲ့ key ကို copy/past လုပ်ပေး
လိုက်ပါ။တစ်ကယ်လို့ အဲလိုလုပ်ပေးလို့မှ keyလက်မခံပဲ နောက်ထပ် box တစ်ခုပဲ
ထပ်ထပ်တတ်  လာတယ်ဆိုရင် FaceonBody.exe ကို Delete လုပ်ပြီး ဖိုင်ထဲက
Faceonbody.exe ကို copy ယူပြီး Desktop ပေါ် past ချလိုက်ပါ။ ပြီးရင်Shortcut
ပေါ်ကို right click ပေးပြီး propertiesကိုကလစ်ပါ...အောက်ကပုံကို ကြည့်ပါ
အနီရောင်နဲ့ ပြထားပါတယ်
                    
            ပြီးရင် compatibility tab  မှ  Run this  program in  compatibility mode
for  ဆိုတဲ့  စာကြောင်းလေး ရှေ့က  အကွက်လေးမှ  အမှန်ခြစ်ပေးပြီး apply/okပေး
လိုက်ပါ။  အောက်က ပုံကိုကြည့်ပါ အနီရောင်နဲ့ ပြထားပါတယ်..
            ပြီးရင်key ဖြည့်ပေးလိုက်ပါ။ ဖိုင်ဆိုဒ်ကလဲ 1.65MB ပဲရှိပါတယ်။ အောက်မှာယူသွား
လိုက်ပါ။  အဆင်မပြေတာတစ်ခုခုရှိခဲ့ရင် c.box လေးမှာပြောပေးခဲ့ကြပါဦး။ အားလုံးပျော်ရွင်
ပါစေ...ဗျာ။
မူရင်း။ ။  လုလင်မောင်

ကိုစက်က Themes လေးကိုအမြဲကြည့်ရတာရိုးသွားပီးပြောင်းသုံးချင်ရင်တော့ ဒေါင်းလိုက်ပါ















Window Themes လေးတွေပါ ကိုစက်က Themes လေးကိုအမြဲကြည့်ရတာရိုးသွားပီးပြောင်းသုံးချင်ရင်တော့ ဒေါင်းလိုက်ပါ

download here!

Typing လေ့ကျင့်ချင်သောမိတ်ဆွေများအတွက်


Typing လေ့ကျင့်ချင်သောမိတ်ဆွေများအတွက်မြန်မာလိုရောအင်္ဂလိပ်လိုရော လေ့ကျင့်လို့အဆင်တဲ့ Typing Tuitor လေး
တင်ပေးလိုက်ပါတယ်
download here!

android များတွင်ရှိသင့်သော app များ


1) မန္တလေး FM နားထောင်ချင်ရင် MDY-FM.apk
2) Software & Game တွေ ဒေါင်းချင်ရင် 1MobileMarket.apk
3) ဆော့ဝဲလ်တွေ ဖျက်ချင်ရင် Advanced_Task_Killer_1.9.3.apk
4) Viber လို သုံးချင်ရင် aire-android.apk
5) Explorer သုံးချင်ရင် AndExplorer.apk  
6) ဖုန်းအင်တာနက် အပိတ်အဖွင့်လုပ်ချင်ရင် APN Switch(3g ON-OFF).apk 
7) အမှိုက်တွေ ရှင်းချင်ရင် App Cache Cleaner.apk
8) ဆော့ဝဲလ်တွေ ပြန်ဖျက်ချင်ရင် AppRemover_1.3.3.apk
9) အသံနဲ့ ပတ်သက်ရင် AudioManager_2.1.6.apk
10) ဘထ္ထရီ အသုံးပြုမှု BatteryIndicatorPro.v3.0.0.apk
11) ဖုန်းဆက်တဲ့အသံတွေကို ဖမ်းချင်ရင် callrecorder pro.apk
12) အနှောင့်အယှက်ဖုန်းတွေကို မကြားချင်ရင်  Calls Blacklist PRO v1.05.apk
13) Social နဲ့ ပတ်သက်ရင် facebookimo TangoViberSkype
14) မြန်မာစာကီးဘုတ် FrozenKeyboard ၊  mmFontChangerLite
15) ဖုန်းဆက်/ခေါ်လာခဲ့တဲ့အခါ မြင်ကွင်းအပြည့်ပေါ် Full Screen Call ID-v8.2.1.apk
16) သတင်းတွေ မြေပုံတွေ GOthere-Myanmar-Beta5.apk
17) ကင်မရာ ရိုက်ချင်ရင် HDR Camera +.apk
18) လော့ချရင် ရေပုံစံ Liquid Face v2.4.0.apk
19) မြန်မာအဘိဓာန်  MyandroidDict.apk
20) အင်တာနက်ကြည့်ချင်ရင်  mozilla.firefox
21) Photoshop ဆိုရင် Photoshop.com Mobile (1.0.0).apk
22) သီချင်းနားထောင်ချင်ရင် RealPlayer_0.0.0.61_4102768.apk
23) Ring Tone တွေ လုပ်ချင်ရင် ringdroid_v2_1.apk
24) မြန်မာ-အင်္ဂလိပ် အဘိဓာန် shwebook_v2.0.apk
25) Root ချချင်ရင် z4root.1.3.0.apk

Android , iOS နဲ့ HTML 5 ဂိမ်းတွေ ဖန်တီးနိုင်မဲ့ software

ဒီနေ့ ကျွန်တော် မိတ်ဆွေများကို ဘာပရိုဂမ်မင်းမှ မတတ်ဘဲနဲ့ ဖုန်းဂိမ်းတွေ ရေးနိုင်အောင်လို့ ပရိုဂရမ်လေးတစ်ခု ရှယ်ပေးပါမယ် ပရိုဂမ်မင်းကို ဘာတစ်လုံးနကန်းမှ တတ်စာမလိုပါဘူး စိတ်ကူးကောင်းဖို့ ပဲလိုတာ ကိုယ့်ဖန်တီးနိုင်စွမ်းကောင်းလေ ပို ကောင်းတဲ့ ဂိမ်းရလေပဲပေါ့ ငါမတတ်ပါဘူးဆိုပြီး စိတ်ပျက်နေစရာမလိုပါဘူး အခုပေးတဲ့ကောင်လေးကို ဒေါင်းပြီး စိတ်ကြိုက်သာ ဖန်တီးပေတာ့နော် အခုပေးတဲ့ ကောင်လေးက Android , iOS နဲ့ HTML 5 ဂိမ်းတွေ ဖန်တီးနိုင်ပါတယ် ကိုယ်ကြိုက်တာ ကိုယ်လုပ်ပေါ့ အသုံးပြုနိုင်တဲ့ window တွေကတော့ Vista ,win 7 ,Max OS X တွေမှာ အလုပ်လုပ်ပါတယ် 
ကဲ အောက်မှာ ဒေါင်းယူလိုက်ပါဦး

WiFi ဟက်ချင်သူများအတွက် လာပါပြီ

မင်္ဂလာပါ WiFi ဟက်ချင်သူများအတွက် လာပါပြီ WiFi ဟက်တဲ့အခွေလေးပါ ပေးထားတဲ့ဖိုင်ကိုဖြေပြီးတော့ အခွေဘမ်းပြီး အသုံးပြုနိုင်ပါပြီ.. WEP ကိုတော့ အာမခံပါတယ် ..
အားလုံးပဲ အဆင်ပြေကြပါစေဗျာ...

ဒေါင်းရန် နှိပ်လိုက်ပါ>>>

Destok တစ်ခုလုံးကို လုံးဝလန်းသွားစေမယ့် Full Glass Themes

Full_Glass_for_W7
မင်္ဂလာပါ ခင်ဗျာ အခုတင်ပေးမည့် ဟာလေးကတော့ မိမိအသုံးပြုနေတဲ့ စက်တွေရဲ့ Destok ကို အမြင်ဆန်းလေးနဲ့ အသုံးပြုချင်သူတွေအတွက်ပါ.... တော်တော်လေးတော့လန်းပါတယ် နည်းလမ်းမသိခင်တုန်းက ကျွန်တော်လည်းတော်တော် တိုင်ပတ်ပါတယ် မနေမနား တစ်ညလုံး နည်းလမ်း ရှာဖွေလိုက်တဲ့ အခါနောက် ဆုံးတော့တွေ့ပါပြီ .. Destok တစ်ခုလုံးကို လုံးဝလန်းသွားစေမယ့် Full Glass Themes လေးပါ.. Window7 အတွက်ပဲဖြစ်ပါတယ် လက်တဲ့စမ်းချင်သူများ အောက်မှာဒေါင်းယူလိုက်ပါခင်ဗျာ

Glass Themes ဒေါင်းယူရန်>>>
   လုပ်နည်းကလည်း အင်မတန်လွယ်ပါတယ် မသိခင်သာ ခက်တာ သိသွားတော့လည်း အလွယ်လေးပေါ့ :P
 ပထမဆုံး အနေနဲ့ အပေါ်မှာဒေါင်းယူလာတဲ့ ဖိုင်ကိုဖြေပါ... အထဲမှာ  UniversalThemePatcher_20090409 zip နဲ့  VS_full_glass_for_win7_by_nguyenxuanhoa zip နှစ်ခုကို ရပါ့မယ်။ နှစ်ခုစလုံးကို Destok ပေါ်သို့တင်ထားပေးပါ။
(၁) UniversalThemePatcher zip ကို အရင်ဖြေပါ .. လုံးဝဖြေပြီးသွားသောအခါ UniversalThemePatc.exe နှစ်ခုတွေ့ရမှာ ဖြစ်ပါတယ် ပထမ ဟာကတော့ 64bit အတွက်ပါ . အောက်ဆုံးကဟာကတော့ 32bit အတွက် မိမိစက်ရဲ့ system အလိုက် တစ်ခုကို run လိုက်ပါ  ပြီးသွားရင် တော့အောက်မှာ ပြထားတဲ့အတိုင်း patch တွေကို တစ်ခုပြီး တစ်ခုကလစ်သွားပါ။ အားလုံးပြီးသွားပါက Restart ကျသွားပါလိမ့်မယ်။
(၂) window ပြန်တက်လာပါက VS_full_glass_for_win7_by_nguyenxuanhoa zip ကိုဖြေလိုက်ပါ။ဖြေလို့ရလာတဲ့အထဲက ဖိုင် 3 ဖိုင်စလုံးကိုကော်ပီကူးပါ
My Computer>> local Disk (C) >> Windows >> Resources >> Themes လမ်းကြောင်းအတိုင်းသွားပြီးတော့ Paste လုပ်လိုက်ပါ။

(၃) Destok ပေါ်မှာ Right Click ခေါက် >>personalize>>>window background မှာ Full Glass vs7 ဆိုတဲ့ themes လေးတိုးလာပြီဖြစ်ပါတယ် အဲ Themes လေးကိုရွေးပေးလိုက်ပါ ။ ဒါဆိုရင်အဆင်ပြေပါပြီ။

(၄) အကြည်လေးဖြစ်ဖို့အတွက်ကတော့  My Computer>> local Disk (C) >> Windows >> Resources >> Themes လမ်းကြောင်းအတိုင်းသွားပြီးတော့ Full glass ဆိုတဲ့ ဖိုင်လေးကို double click လုပ်ပေးရမှာဖြစ်ပါတယ်
ပြီးသွားရင်တော့ သင်ရဲ့ Destok ဟာ Gslass Themes လေးနဲ့လန်းနေပါပြီ။
အားလုံးပဲ အဆင်ပြေကြပါစေဗျာ ကျွန်တော်တော့ ဒီလိုဖြစ်ဖို့ မိုးလင်းခဲ့ပါတယ်.။ တတ်နိုင်သလောက် နားလည်လွယ်အောင်တော့ ရှင်းပြပေးထားပါတယ်.။ အဆင်မပြေတာရှိရင် Comment ပေးခဲ့လိုက်ပါ..
      လာလည်သူမိတ်ဆွေအပေါင်းကိုကျေးဇူးတင်လျှက်...
ဒီပို့လေးကို PDF အနေနဲ့လိုချင်တယ်ဆိုရင် အောက်မှာဒေါင်းယူလိုက်ပါ
မှတ်ချက်။ Restart တစ်ချတိုင်း My Computer>> local Disk (C) >> Windows >> Resources >> Themes လမ်းကြောင်းအတိုင်းသွားပြီးတော့ Full glass ဆိုတဲ့ ဖိုင်လေးကို double click လုပ်ပေးရမှာဖြစ်ပါတယ် အဲဒါမှ အကြည်ရောင်လေးကို မြင်ရမှာပါ....

Dj Studio Pro 10.4.4.3 crack version





မင်္ဂလာပါခင်ဗျာ ယခုတင်ပေးမှာကတော့ Dj Studio Pro 10.4.4.3 crack version လေးပဲဖြစ်ပါတယ်ခင်ဗျာ ကလိတတ်သူများ ကလိနိုင်ပါစေဗျာ... မလုပ်တတ်သူများ သီချင်းလောက်တော့ ဖွင့်လို့ရပါတယ် ဟီးဟီး. :P
ကဲလိုအပ်တဲ့သူများ အောက်ကပုံလေးက်နေဒေါင်းယူလိုက်ပါ ခင်ဗျာ .. အဆင်မပြေတာရှိရင်လည်း ကွန်မန့် ပေးခဲ့ပါ ခင်ဗျာ.. မိတ်ဆွေများ အားလုံးကို ကျေးဇူးတင်လျှက်..

Coreal Motion Studio 3D



မင်္ဂလာပါ ခင်ဗျာ ဒီနေ့ထပ်ပြီးတော့တင်ပေးမယ့် ဟာလေးကတော့ Coreal Motion Studio 3D လေးပါ..
အသုံးတည့်မည့်သူများ အောက်မှာဒေါင်းယူလိုက်ပါဗျာ
အားလုံးပဲ အဆင်ပြေကြပါစေဗျာ.. ကျေးဇူးတင်လျှက်...


                              

Related Posts Plugin for WordPress, Blogger...