Pages

Google Chrome for PC နောက်ဆုံးထွက်လေးပါ (offline အဖြစ်နဲ့install လုပ်နိုင်ပြီ)

Google Chrome 37.0.2062.58 Beta (OFFLINE INSTALLATION)

Google Chrome နောက်ဆုံးထွက်လေးပါ။ Beta ဆိုတဲ့အတွက် သိပ်မသေချာသေးပါဘူး။ Offline installation ဆိုရင် Download ပေးရတာအဆင်ပြေပါတယ်။ ဖိုင်က 39mb လောက်ပဲရှိပါတယ်။ အရမ်းနာမည်ကြီးပြီး အရမ်းမြန်ဆန်တဲ့ Browser ကိုရွေးပါဆိုရင်တော့ Google Chrome ကိုပဲရွေးလိုက်ပါ့မယ်ဗျာ။ ကျွန်တော်သုံးကြည့်တာတော့ ကောင်းပါတယ်။ အဲ့ဒါ PC အတွက်ဖြစ်ပါတယ်။ နောက်မှသာ Android အတွက်တင်ပေးပါအုံးမယ်။ ပိုပြီးသိချင်ရင်တော့ http://adf.ly/qoYnX မှာဖတ်ပါ။

Download links => Link 1 / Link 2 / Link 3

http://itwebcrazynst.blogspot.com/ ကိုလာလည်ပြီး Member ၀င်ပေးပါ။ စာဖတ်ပရိသတ်များအားလုံးကို အထူးပင် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Fort Conquer Game ( full Gold & Crystal )

Fort Conquer Game ( full Gold & Crystal )
*****************************************************
လူတိုင်းကစားဖူးမယ့်ဂိမ်းဆိုတော့ ထူးထူးထွေထွေတော့ရှင်းပြမနေတော့ဘူး...။
ဒီဂိမ်းကို game hacker နဲ့ခိုးတာ gold ပဲရတယ် crystal မရဘူးဆိုတဲ့အသံကြားရလို့ ရှာလာပေးတာပါ..။အခုပေးမဲ့ဟာကတော့ ပုံမှာပါတဲ့အတိုင်း အကုန်ခိုးပြီးသား..။ upload ကတော့ Box တစ်ခုထဲမှာပဲ တင်ထားတယ်..။ အစဉ်ပြေပါစေဗျာ  

www.itmeethee.blogspot.com
www.dmoethar.com
www.facebook.com/itmeethee

https://app.box.com/s/bl5j4iw6q53vayqeddoq



Top 5 Antivirus app for android



ဒီ post လေးရေးဖြစ်တဲ့အကြောင်းကတော့ကွယ်.. ဟို .. " ဘ " ကိစ္စကြောင့်ပေါ့နော်..။ တလောကလဲ

facebook ပေါ်မှာ fb theme changer ဆိုပြီးဘာမှန်းမသိတဲ့ app request တွေရောက်လာသေးတယ်..။

ဘ တွေနဲ့ cyberwar ကြီးဖြစ်နေတဲ့အတွက် ဒါလိုမျိုးအကောင်ဆန်းဆန်းလေးတွေက မကြာမကြာရောက်

လာလိမ့်မယ်ထင်ပါတယ်..။ ( နားလည်လားတော့မသိဘူး.. :P ) ဘယ်လိုပဲဖြစ်ဖြစ်ပါ .. ကျိုတင်ကာကွယ်

တဲ့အနေနဲ့ ကိုယ်ဖုန်းထဲမှာ antivirus ကောင်းကောင်းလေးတစ်ခုတော့ ထည့်ထားသင့်ပါတယ်..။ 

အဲ့ဒါကြောင့် အကောင်းဆုံး antivirus ငါးမျိုးကို collect လုပ်ပေးလိုက်ပါတယ်.။တစ်ခုတော့သတိပေးပါရစေ

အောက်က ငါးမျိုးထဲကနေ ကိုယ့်စိတ်ကြိုက်တစ်ခုကိုရွေးချယ်ပြီး အဲ့တစ်ခုထဲကိုပဲ install လုပ်ထားပါ..။

ပိုလုံခြုံအောင်ဆိုပြီး နှစ်ခုသုံးခု install မလုပ်မိပါစေနဲ့..။ ok နော်. အစဉ်ပြေပါစေ.. :)


Avast Mobile Security 

လူသိများတဲ့ app တစ်ခုပါပဲ..။ Avast ကနေ နံမည်ကြီး operating systems တော်တော်များများအတွက်

လဲ antivirus software တွေထုတ်လုပ်ပေးထားပါတယ်...။ antivirus ဆော့ဝဲတွေကို စမ်းသပ်အကဲဖြတ်ပေးနေတဲ့ av-test.org

ရဲ့ best antivirus till date for Android ဆုကိုလဲရရှိထားပါသေးတယ်..။ viruses, malware နဲ့ spywares အမျိုးအစားအားလုံးနီးပါ

ရန်မှ ကာကွယ်ပေးနိုင်ပါတယ်..။ ဖုန်းပျောက်သွားတဲ့အခါမျိုးမှာလဲ ဖုန်းရှိနေတဲ့တည်နေရာကို အလိုလျှောက်ပြပေးမဲ့ GPS location feature

လဲပါဝင်ပါသေးတယ်..။ အခမဲ့ app တစ်မျိုးဖြစ်ပြီး စုံလင်လှတဲ့စွမ်းဆောင်ရည်တွေကြောင့် ဆောင်ထားသင့်တဲ့ antivirus တစ်မျိုးပါပဲ..။






AVG Antivirus Security

ကွန်ပြူတာလောကမှာတော့ နံမည်ကြီး Antivirus တစ်မျိုးပါပဲ..။ ဖုန်းအတွက်ထွက်တဲ့ ဒီ appမှာတော့ ထူးခြားတဲ့ anti-thief ဆိုတဲ့ feature

လေးပါဝင်လာပါတယ်...။ အကယ်လို့သင့်ဖုန်း သူခိုးအခိုးခံရမယ်ဆိုရင် D feature လေးက google Map ကနေတဆင့်သင့် mail ထဲကို ဖုန်းရဲ့

တည်နေရာကို ပို့ပေးမှာဖြစ်ပါတယ်..။ ဖုန်းထဲက ကိုယ်ရဲ့အရေးကြီး data တွေကို တစ်ခြားသူမသိအောင်လော့ချထားလို့ရတဲ့ lock feature လဲပါ

ဝင်ပါသေးတယ်..။








Lookout Security & Antivirus

သူလဲ android ဖုန်းတွေအတွက် နံမည်ကြီး antivirus တစ်မျိုးပါပဲ..။ စွမ်းဆောင်ရည်ခြင်းကတော့ AVG နဲ့တော်တော်များများတူပါတယ်..။

viruses, malware လိုမျိုးအဖျတ်ကောင်တွေကို အလိုလျှောက် scan လုပ်ပေးပြီး အမြစ်ပြတ်သုတ်သင်ပေးပါတယ်..။ အခပေး နဲ့

အခမဲ့ version နှစ်မျိုးရှိပြီး အခုပေးတဲ့အခမဲ့ version မှာတော့ တချို့ feature တွေကိုပိတ်ထားပါတယ်..။ အခပေး version မှာတော့

contacts, SMS/call logs, နဲ့ photos ကို backup ဆွဲလို့ရတဲ့ backup feature ပါဝင်ပါတယ်..။






Norton Security antivirus

PC antivirus လောကမှာတော့ ထိပ်ဆုံးကဦးဆောင်နေတဲ့ software တစ်ခုပါပဲ...။ ယခုဆိုရင်တော့ android ဖုန်းတွေထဲမှာပါ ထည့်သွင်း

အသုံးပြုလို့ရနေပါပြီ..။ ဒီ app လေးမှာဆိုရင် Anti malware, Anti-theft features, Web protection, Call & SMS blocking စတဲ့

feature တွေပါဝင်ပါတယ်...။ Web protection ပါဝင်တဲ့အတွက် internet သုံးသူတွေအတွက် အထူးသင့်လျှော်ပါတယ်..။ scen ဖတ်တဲ့

နေရာမှာလဲ မြန်ဆန်ပြီး virus အမျိုးစားတော်တော်များများကိုလဲ ရှာဖွေပေးနိုင်ပါတယ်..။ ဖုန်းတိုင်းမှာရှိနေသင့်တဲ့ app တစ်ခုပါပဲ..။






NQ Mobile Security & Antivirus

ဖုန်းတော်တော်များများမှာဒီ app လေးကိုတွေ့ရပါတယ်...။ သူလဲနံမည်ကြီးပါပဲ..။ ဒီဟာကလဲ တခြား antivirus တွေလိုမျိုးပဲသင့်ဖုန်းကို

virus, spyware, Trojans နဲ့ malware တွေရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်..။ အသွင်ပြင်ပုံစံလေးကလဲ ဆန်းပြီးတော့ သုံးရတာလဲ

လွယ်ကူရိုးရှင်းပါတယ်..။ သင့်ဖုန်းထဲကို spyware တစ်ခုခု install လုပ်မိတဲ့အခါမှာလဲ အသံနဲ့အချက်ပေးတဲ့ anti-eavesdropping စနစ်လဲ

ပါဝင်ပါသေးတယ်..။ အထူးညွှန်းနေစရာမလိုအောင် ပြည့်စုံလှတဲ့အတွက်ဆောင်ထားသင့်တဲ့ app တစ်ခုပါပဲ..။




ဆက်လက်ရှာဖွေလျှက်
( itmeethee.blogspot.com )

Top 10 photo editor app for android


 မေလ ၂၈ ရက်နေ့က collection လုပ်ထားတဲ့ Top 10 photo editor app လေးတွေပါ..။

ဒေါင်းလော့လင့်က နှစ်မျိုးပေးထားပါတယ်..။ Direct download ဆိုတာက click နှိပ်လိုက်တာ

နဲ့ တန်းပြီး download ကျလာမှာပါ.. speed တော့နှေးပါတယ်.. ။ download in box 

ကတော့ box.com ကနေတဆင့် down ကမှာပါ..။  speed ကတော့ direct ဒေါင်းတာထက်

သာပါတယ်.. ။ အစဉ်ပြေမယ်ဆိုရင် box ကနေပဲ download လုပ်ပါ...။ 


   ########## @@@@@@@###########



PicaArt

လူဦးရေ သန်းတစ်ရာကျော်အသုံးပြုနေတဲ့ နံမည်ကြီး photo editing app တစ်ခုဖြစ်ပါတယ်..။ အသုံးပြုရာတာ လွယ်ကူပြီးတော့

တစ်ခြား app တွေမှာမပါဝင်တဲ့ Drawing Tool လဲပါဝင်ပါတယ်..။ ဒါ့အပြင် photo editor, photo grid, college maker တတို့

လဲပါဝင်ပါတယ်..။ ရွေးချယ်စရာ colour effect များစွာနဲ့အတူ မိမိရဲ့ဓာတ်ပုံကိုဘောင်ထည့်သွင်းခြင်း၊ stickers အရုပ်လေးတွေ

ထည့်သွင်းခြင်း၊ ဓာတ်ပုံပေါ်မှာ စားရေးသားခြင်းတွေကိုလဲပြုလုပ်နိုင်မှာပါ..။ ကိုယ်တိုင် edit လုပ်ထားတဲ့ပုံတွေကို ဒီappကနေတဆင့်

PicsArt ရဲ့ social network ပေါ်တင်ပြီးမျှဝေလို့လဲရပါသေးတယ်..။ PicsArt ရဲ့ social site မှာ profile ဖြည့်ထားမယ်ဆိုရင်တော့

stickers ဆန်းဆန်းလေးတွေ နဲ့ frames ဆန်းဆန်းလေးတွေအပိုရရှိပါလိမ့်မယ်...။ ads တော့နည်းနည်းဝင်ပါတယ်..


                             Direct download
                                                    download in BOX



Snapseed

Snapseed ကလည်း ကောင်းမွန်တဲ့ photo editor တစ်ခုပါပဲ...။ ကမ္ဘာကျော် PC Photo Editing Software တွေဖြစ်တဲ့

photoshop တို့ Lightroom တို့အတွက် plugins တွေရေးသားပေးနေတဲ့ Nik Software Inc ကရေးသားတဲ့ application

ဖြစ်ပါတယ်..။ ဒီ app ရဲ့ထူးခြားချက်ကတော့ ဓာတ်ပုံကို ပိုမိုကောင်းမွန်အောင် brightness, shadows, white balance,

 saturation တွေကို အလိုလျှောက်ချိန်ညှိပေးမဲ့ Auto adjustment function ပါဝင်တာပါပဲ..။ Sharing အနေနဲ့ကတော့

Email , facebook , Google+ နဲ့တခြား social site တွေပါဝင်ပါတယ်..။






Pixlr Express

ကောင်းမွန်ပြည့်စုံတဲ့ editor app တစ်ခုဖြစ်ပါတယ်..။ Autodesk Inc ကရေးသားထားပြီး အခမဲ့ရရှိနိုင်တဲ့ application တစ်ခုပါ

ဓာတ်ပုံများကို crop လုပ်ခြင်း resize လုပ်ခြင်းများကို လျှင်မြန်စွာပြုလုပ်နိုင်ပါတယ်..။ pencil, poster, halftone, water color,

 sketch စတဲ့ adobe photoshop ထဲမှာပါဝင်တဲ့ function တွေလဲပါဝင်တာကြောင့် ဓာတ်ပုံတစ်ပုံကို pro ကျကျတည်းဖြတ်နိုင်မှာပါ

Automatic adjustment လဲပါဝင်တာကြောင့် ပုံတွေကို လွယ်လင့်တကူပြုပြင်နိုင်ပါတယ်..။






Photo Editor by Aviary

Aviary ကလည်း application ကောင်းလေးတစ်ခုပါပဲ..။ မိမိဓာတ်ပုံနဲ့ လိုက်ဖက်မဲ့ effect ကို auto ပြုပြင်မေးမဲ့ Enhance tool

ပါဝင်တာကြောင့် ပုံတွေကို အလွယ်တကူပြင်ဆင်နိုင်ပါတယ်..။ နောက်တစ်ခုကတော့ မမတွေအကြိုက် ဓာတ်ပုံထဲကမျက်နှာကို

အစွမ်းကုန် ပြင်ဆင်ခြယ်သလို့ရမဲ့ Cosmetic tool တွေလဲပါဝင်ပါတယ်..။ တခြားများပြားလှတဲ့ Edit Features တွေပါဝင်တာ

ကြောင့် ဆောင်ထားသင့်တဲ့ app တစ်မျိုးပါပဲ..။






Pixir-o-matic

ဒီ app ကတော့ ဓာတ်ပုံတွေကို အပျော်သဘောတည်းဖြတ်ချင်သူတွေအတွက် သုံးရလွယ်ကူတဲ့ editor တစ်ခုပါ.။ အပျော်သဘော

ဆိုပေမဲ့ စိတ်ကူးကောင်းရင်ကောင်းသလောက် ဆန်းပြားတဲ့ effect တွေနဲ့ပုံကိုရရှိမှာပါ..။ photo filters, light filters ဆိုတဲ့ tool

နှစ်ခုနဲ့ပုံတွေကို ပြုပြင်ရမှာဖြစ်ပြီး လှပတဲ့ photo frames လေးတွေနဲ့လဲ အလှဆင်နိုင်ပါသေးတယ်..။ ဓာတ်ပုံတွေကို ပြင်နေတုန်းမှာ

အကြောင်းတစ်ခုခုကြောင့်ရပ်ထားချင်တယ်ဆိုလဲ project အနေနဲ့ save လုပ်ထားလို့ရပြီး လိုအပ်တဲ့အချိန်မှ ဆက်လက်ပြုပြင်နိုင်ပါတယ်..

Free app ဖြစ်ပေမဲ့လည်း Ads တွေမပါဝင်တာကြောင့် စိတ်အေးချမ်းသာစွာ အသုံးပြုနိုင်ပါတယ်..။






Befunky Photo Editor

Photo Editing app တွေပါဝင်တဲ့ colour filter တွေအားလုံးပါဝင်တဲ့အပြင် တစ်ခြား Appတွေမှာပါ မမြင်ဖူးတဲ့ filters တွေပါပါဝင်ပါတယ်.

ဖရိန်ပုံစံ အဆန်းအပြားလေးတွေ ပါဝင်ပြီး Fonts ဒီဇိုင်း လှလှလေးတွေနဲ့လဲ ဓာတ်ပုံပေါ်မှာ စာရေးလို့ရပါတယ်..။ ဒီ app ရဲ့ထူးခြားခက်က

တော့ ပုံတစ်ပုံကို တစ်ချိန်ထဲမှာပဲ ကိုယ့်စိတ်ကြိုက် effect ပေါင်းများစွာထည့်ပြီး အလှဆင်နိုင်တာပါပဲ...။ Befunky Photo Editor ဟာ

Tablets တွေအတွက် သီးသန့် paid version ထုတ်လုပ်ထားပြီး Google play store မှာအခမဲ့ download ရယူနိုင်ပါတယ်..။






Cymera

Cymera ကတော့ Editor အနေနဲ့သာမက Camera အနေနဲ့ပါ အသုံးဝင်တဲ့ appတစ်ခုဖြစ်ပါတယ်..။ ကင်မရာ appကောင်းကောင်း

လူနေသူတွေအတွက်ကတော့ ဒီတစ်ခုထည့်ထားယုံနဲ့ editing အတွက်ပါ အစဉ်ပြေသွားမှာဖြစ်ပါတယ်..။ Camera အနေနဲ့သုံးမယ်

ဆိုရင်တော့ လှပတဲ့ colour filter လေးတွေအပြင် hand-picked filters, shooting modes, face detection, collage effects

တွေလဲ အသုံးပြုနိုင်ပါတယ်..။ နောက်ပြီး Cosmetic tool အနေနဲ့ Make up function လေးလဲပါဝင်တဲ့အပြင် ဓာတ်ပုံတွေပေါ်မှာ

ကိုယ့်လက်ရေးနဲ့ စာတွေပုံတွေရေးသားနိုင်မယ့် free draw tool လဲ ပါဝင်ပါတယ်..။






Picsay

ထူးခြားတဲ့ App လေးတစ်ခုပါပဲ ။ ဘယ်app မှာမှမပါဝင်တဲ့ Distort, Dizziness, Invert, Pixelate, Rainbow နဲ့ Spotlight tool

တွေပါဝင်ပါတယ်..။ sticker ဆန်းဆန်းလေးတွေလဲပါဝင်ပြီး အပျော်တန်း edit လုပ်သူတွေအတွက်သင့်တော်တဲ့ app တစ်ခုပါပဲ..။

နောက်ထက် အသုံးဝင်မှုတစ်ခုကတော့ စကားပြောတဲ့ပုံစံ Word Balloons လေးတွေ ထည့်သွင်းနိုင်တာပါပဲ..။ စာလုံးထည့်သွင်းခြင်း

ကို အသားပေးထားပြီး သုံးရလွယ်ကူတဲ့ tool လေးတစ်ခုပါ ..။ အခမဲ့နဲ့ အခပေး version နှစ်မျိုးထုတ်လုပ်ထားပြီး အခပေး version

မှာတော့ drawing, removing red-eye နဲ့တခြား function တွေပိုပါဝင်ပါတယ်..။





VSCO Cam

VSCO Cam ကတော့ photo editing အပြင် sharing ပါပြုလုပ်နိုင်တဲ့ app တစ်ခြုဖြစါပတယ်.. ။ crop, rotate, sharpness,

 brightness, contrast, saturation, highlights, shadows tools တွေပါဝင်ပြီး မိမိရိုက်ကူးထားတဲ့ ပုံအမျိုးစားအလိုက်လဲ

Auto adjust လုပ်ပေးနိုင်ပါသေးတယ်..။ colour စုံ filters များနဲ့ဓာတ်ပုံတစ်ပုံကို အလှပဆုံးဖြစ်အောင်ပြင်ဆင်နိုင်ပါတယ်..။

Picsart လိုပဲ VSCO မှာလဲ ကိုယ်ပိုင် network တစ်ခုရှိတာကြောင့် ကိုယ်ပုံတွေကို အလွယ်တကူ online ပေါ်မှာမျှဝေလို့ရပါတယ်.။





Photo editor pro

နံမည်နဲ့တင် ရှင်းပါတယ်..။ တကယ့်ကို pro ပါပဲ..။ Avenue, Arizona, Clyde, Dean, Haas, Lucky, Sage စတဲ့ filter ပုံစံတွေ

နဲ့ အလှဆုံးဖြစ်အောင် ပြုပြင်နိုင်ပါတယ်..။ အလွယ်တကူချိန်ညှိမေးမဲ့ one-tap auto enhance feature လဲပါဝင်ပါတယ်.. သုံးရတာ

လွယ်ကူပြီးတော့ social sharing အနေနဲ့ကတော့ Facebook နဲ့ Twitter မှာတိုက်ရိုက်မျှဝေနိုင်ပါတယ်..။ အထူးညွှန်းနေစရာ မလိုအောင်

ကောင်းမွန်တဲ့အတွက် ရှိထားသင့်တဲ့ app တစ်ခုဖြစ်ကြောင်း လမ်းညွှန်လိုက်ပါတယ်...။



download in BOX

ဆက်လက်ရှာဖွေလျှက်
( itmeethee.blogspot.com )

ဖျက်လို့မရတဲ့ဖိုင်..၊ နံမည်ပြောင်းလို့မရတဲ့ ဖိုင်တစ်ခုတည်ဆောက်နည်း။ ( without any software )

ဒါလေးကလည်း tutorial တစ်ခုပါ... သင့်ရဲ့ကွန်ပျူတာထဲ မှာ နံမည်ပြန်ပြောင်းလို့မရ ဖျတ်လို့မရတဲ့ဖိုင်

( undeletable and unrenamable Folder ) လေးတစ်ခုကို ဘာ software မှမလိုပဲဖန်တီးကြည့်ကြတာပေါ့..။

ဒီနည်းလေးကိုမပြောခင် ဗဟုသုတရစရာလေးတစ်ခုပြောပြပါမယ်.. အဲ့ဒါကတော့

Window OS မှာ  files တွေ items တွေကိုပေးလို့မရတဲ့နံမည်တွေရှိပါတယ်....။

မယုံရင်တော့စမ်းကြည့်လိုက်ပါ..။ ဒီနံမည်လေးတွေပေါ့ ..  ( con , aux , lpt1 , lpt2 , lpt3 up to lpt9 )

ကွန်ပြူတာထဲက ဘယ်ဖိုင်ကို ဘယ်အိုင်တန်ကိုမဆို အဲ့လိုမျိုးနံမည်ပေးလိုက်ရင် ERROR Message 

ပေါ်လာပြီး ပြောင်းလို့မရကြောင်းပြောလာပါလိမ့်မယ်..။ OK ..! ဟုတ်ပြီ.. ကျွန်တော်တို့ အခု အဲ့နံမည်နဲ့

Folder တစ်ခု မရမကတည်ဆောက်ကြည့်မယ်ဗျာ... ။ ကဲ... post တစ်ခုထဲတင် tutorial က ၃ခုဖြစ်သွားပြီနော်.

ဖျက်လို့မရတဲ့ဖိုင်ရယ်..၊ နံမည်ပြောင်းလို့မရတဲ့ ဖိုင်ရယ်...၊ ပေးလို့မရဘူးဆိုတဲ့ နံမည်ပေးထားတဲ့ဖိုင်ရယ်..၊


စမယ်...


Start  > Run > cmd

အဲ့ဒီထက်ပိုမြန်ချင်တဲ့သူက window ရယ် R ရယ်တွဲနှိပ်..။ ပေါ်လာတဲ့နေရာမှာ cmd လို့ရိုက် ... ပြီးရင်

Enter ခေါက်...။  အဲ့ဒါဆို Command Prompt လေးပေါ်လာလိမ့်မယ်..




 



ပြီးရင် ကျွန်တော်တို့ Folder ကိုဘယ်နေရာမှာလုပ်မလဲဆိုတာရွေးရပါမယ်..... ။  ကျွန်တော်ဘာသာပြန်ပေး

နေတဲ့ မူရင်းဆိုဒ်မှာရေးထားတာကတော့ C အောက်မှာမလုပ်နဲ့လို့ပြောထားပါတယ်..။ 

ဘာလို့လဲတော့ရေးမထားဘူးဗျ..။ အဲ့တော့ ကျွန်တော်တို့ D အောက်ထဲမှာပဲလုပ်ကြတာပေါ့..။

Ok..! အဲ့ဒါဆို ဒီလိုလေးရိုက်လိုက်...    D:   D ရယ် အစက်ကလေးနှစ်စက်ရယ်..


 ပုံကိုကြည့်ပါ.. တစ် ကလိုမျိုး ရိုက်လိုက်ရင် နှစ်ကလိုမျိုး အောက်ကိုတစ်ကြောင်းဆင်းသွားပါမယ်....။








 အခု folder လုပ်တဲ့ comand ကိုက်ထည့်ပါတော့ ..။ အဲ့ဒါက

md con\ 

command ရဲ့ အဓိပ္ပါယ်ကတော့ ... အရှေ့က md ဆိုတာက  make directory ပါ


 အနောက်က  con ဆိုတာက ဖိုင်နံမည်ပါ..။ အဲ့နေရာမှာ ကျွန်တော်အပေါ်မှာ

ပြောခဲ့တဲ့ ပေးလို့မရဘူးဆိုတဲ့နံမည်တွေ ( con , aux , lpt1 , lpt2 , lpt3 up to lpt9 ) ပေးလို့ရပါတယ်..  

အဲ့ဒါတွေသိပြီဆိုရင်တော့ ရိုက်ထည့်ရိုက်ပြီး enter ခေါက်လိုက်ပါ.....။ ပြီးရင် ကျွန်တော် တို့ရွေးထားတဲ့နေရာ.

D ထဲကိုသွားကြည့်လိုက်ပါ con ဆိုတဲ့ folder လေးတစ်ခုကိုတွေ့ရပါမယ်... ။  အဲ့file ကတော့

ကျွန်တော်အပေါ်ကပြောခဲ့တဲ့  ဖျတ်လို့မရတဲ့ ၊ နံမည်ပြောင်းလို့မရတဲ့ ၊ ပေးလို့မရတဲ့ နံမည်ပေးထားတဲ့ ဖိုင်

လေးပေါ့ဗျာ..။ မယုံရင်တော့ စမ်းကြည့်ပေါ့.. :P







အဲ့ဒီဖိုင်ကို ဘယ်လိုပြန်ဖျက်မလဲ


 ဟုတ်ကဲ့... ကျွန်တော် ပြန်သွားရှာလိုက်ပါအုံးမယ်...   ခ်ခ် :P

နောက်တာပါ...။ ကိုယ်ခင်းတဲ့ဇာတ်တော့ ကိုယ်နိုင်အောင်ကရမှာပေါ့..ဟုတ်ဘူးလား..

အဲ့ဒါတွေသိလို့ ဖျက်နည်းလေးပါ မလာပါတယ်ဗျာ..

လွယ်ပါတယ်.. စောနကလိုပဲ.. cmd ရိုက်ပြီးခေါ်လိုက်.. ပေါ်လာရင် ကိုယ်ဖျက်ချင်တဲ့ ဖိုင်ရှိတဲ့နေရာကိုရွေး

ပေး..။ စောနက လုပ်ထားတဲ့ ဖိုင်က D အောက်မှာဆိုတော့ D:   D နဲ့ အစက်နှစ်ဆက်..။

အဲ့ကျရင် စောနကလိုပဲ အောက်တစ်ကြောင်းဆင်းသွားမယ်..။

ပြီးရင် ဖျက်တဲ့ commant ရိုက်လိုက်ရင်ပြီးပြီပေါ့..။ Command က



rd con\

 အဓိပ္ပါယ်က rd ဆိုတာက  remove directory

con ဆိုတာက ဖိုင်နံမည်.. ( ကိုယ်ပေးထားတဲ့ ဖိုင်နံမည်ထည့်ပြီးရိုက်ပါ )




ဆက်လက်ရှာဖွေလျှက်
(itmeethee.blogspot.com) 
 

password အဟောင်းမသိပဲ window password ပြောင်းနည်း ( Trick tutorial )

ဒါကတော့ trick လေးတစ်ခုပါ..။  ကိုယ့်အသိတစ်ယောက်  ကိုယ်ကိုသူ့ကွန်ပြူ တာဖွင့်ပေးခဲ့တယ်..  ကိုယ်က

သူ့ကိုစချင်လို့  window password ကိုပြောင်းတယ် .... ဒါပေမယ့် password အဟောင်းကိုအသိတော့ ပြောင်း

လို့မရဘူး... ။  အဲ... အဲ့လိုနေရာတွေမှာ.. ဒီ trick လေးက အသုံးဝင်လာတာပေါ့... :)  ။








Ok ! .. အဲ့ဒါဆို ဘယ်လိုကလိမ်ကကျစ် ကျရမလဲဆိုတာ စကြဆို့...........


ပထမဆုံး ..    ဒီအတိုင်းအဆင့်ဆင့်သွားလိုက်ပါ     

Start menu > Computer > Right click > Manage







အဲ့ဒီ့ အထိအစဉ်ပြေသေးတယ်ဆိုရင် ဆက်သွားကြရအောင်...။ နောက်တဆင့်...


Local Users and Groups > Users > You're computer name





သင့်ကွန်ပြူတာရဲ့ နံမည် (user name ) ပေါ်ကို right click ထောက်ပြီး Set password ကို နှိပ်လိုက်ပါ...

ပေါ်လာတဲ့ window မှာ processed ကို ထပ်နှိပ်ပါ...

အဲ့ဒါဆိုရင်တော့ ကိုယ်ပြောင်းချင်တဲ့ password ကိုရိုက်ထည့်လို့ ရတဲ့ box လေးပေါ်လာပါပီ..

အရင် password အဟောင်းလဲ မလိုဘူး.. အသစ်ပြောင်းချင်တဲ့ ဟာကိုနှစ်ခါရိုက်လိုက်ယုံပဲ..

ပီးရင် OK နှိပ်လိုပါ... :P



                                              



 ဆက်လက်ရှာဖွေလျှက်
( itmeethee.blogspot.com )
Start Menu > Computer > Right Click > Manage
Start Menu > Computer > Right Click > Manage

ပျောက်ကွယ်လုနီးပါ ရှေးဟောင်း window shortcuts များ.. :P

ဒီပိုစ့်က ဆရာ့ဆရာကြီးတွေအတွက်တော့မရည်ရွယ်ပါဘူး...။ ကျွန်တော်တို့လို မတောက်တခေါက်ငတိလေး

တွေအတွက်ပါ..။ ခေါင်းစဉ်မှာရေးထားတဲ့အတိုင်းပါပဲ...... တကယ်ကိုကျွန်တော်တို့

(၀ါနုသေးတဲ့ငတိလေးတွေ)မသိသေးတဲ့ shortcuts

လေးတွေစုပေးထားတာပါ..။  ဘယ်လိုပဲဖြစ်ဖြစ် တစ်ဦးတစ်ယောက်အတွက် တစ်ဖက်တလမ်းကနေ

အကျိုးပြုသွားတယ်ဆိုရင်ပဲကျေနပ်ပါပြီဗျာ..။


     *************************** ################### ****************************


Win + 1, 2, 3, 4 . . .

window ခလုပ်နဲ့  1234 တစ်ခုခုတွဲနှိပ်ကြည့်မယ်ဆိုရင်.. ဘော်ဒါတို ဖွင့်ထားတဲ့ (taskbar မှာရှိသမျှ ) 

programs တွေတစ်ခုစီပွင့်လာပါလိမ့်မယ်.. ။  စမ်းနှိပ်ကြည့်လိုက် ... ဘယ်လိုလဲဆိုတာသိသွားမယ်... :P


ဒီနားမှာပေါ်နေသမျှဟာတွေ တစ်ခုစီပွင့်လာပါလိမ့်မယ်.


Win + Alt + 1, 2, 3 . . . 

window + Alt နဲ့  1 2 3 4 တစ်ခုခုတွဲနှိပ်မယ်ဆိုရင် taskbar က programs တစ်ခုချင်းစီရဲ

jump list လို့ခေါ်တဲ့ mini window လေးပေါ်လာပါလိမ့်မယ်.. ။ program ပေါ်ကို right click နှိပ်

တာနဲ့အတူတူပါပဲ..။ စမ်းကြည့်လိုက်ပါအုံး ...





 Win + T 

ဒါကတော့ taskbar ပေါ်က program ပေါ်ကို cursor တင်လိုက်တဲ့ပုံစံနဲ့တူပါတယ်..။ ကိုယ်ကြိုက်တဲ့ program 

ပေါ်ရောက်ရင် Enter (or) Space bar နှိပ်လိုက်ရင် အဲ့ဒီ program ပေါ်လာပါလိမ့်မယ်..။ 

စမ်းကြည့်လိုက်ပါ..





Win + Home

win + D နဲ့တူပါတယ်..။ win + D ကတော့ လူတော်တော်များများသိကြတယ်ထင်တယ်.. ဒါကတော့

အခုမှမြင်ဖူးတာ... ။ မသိသေးတဲ့ သူတွေကတော့ အခုနှိပ်ကြည့်လိုက်ပေါ့နော်..




Win + Up/Down/Left/Right

ဘယ်လိုလဲတော့ မပြောတော့ဘူး... ကိုယ်ဟာကိုသာစမ်းကြည့်တော့... 

အန္တာရယ်တော့မရှိဘူး...အာမခံတယ်..




Win+Pause/Break

သူကတော့ ကွန်ပျူ တာသမားတော်တော်များများသိကြတယ်...။ ကိုယ်ကွန်ပျူ တာရဲ့

system properties ကိုဖော်ကြည့်တဲ့ shortcut လေးပေါ့....။







Ctrl + Esc

တွေ့ဖူးသမျှထဲမှာတော့ အထူးခြားဆုံး shortcut လို့ပြောရမယ်..။  window ခလုပ်ကြီးပါရဲ့သားနဲ့

window ကိုခေါ်တဲ့ shortcut တဲ့...ခ်ခ်  ..။  အင်းပေါ့နော်.. win ခလုပ်ပျက်သွားတဲ့ အခါတွေမှာတော့

သုံးလို့ရတာပေါ့...






Ctrl + Shift + Esc 

ကွန်ပျူ တာတစ်လုံး ဘာမှလုပ်လို့မရတော့အောင် ဟမ်းသွားပြီဆိုရင် Ctrl + Alt  + Delete နှိပ်ပြီး

 task Manager ရဲ့အကူအညီတောင်းတက်ကြပါတယ်..။ window xp မှာကတော့ Ctrl + Alt  + Delete

နှိပ်ရင်  task manager တန်းပေါ်လာပေမဲ့ window 7 မှာကျတော့ password ပြောင်းဖို့လား..၊ ဘာလား

ညာလားနဲ့ လာရစ်နေတက်သေးတယ်ဗျ...။ အဲ.. အခု shortcut ကတော့ ဘာအမေးမြန်းမှမရှိပဲ
 
task Manager တန်းပေါ်လာမှာပါဗျာ..






Alt + Space 


သူလေးလဲအသုံးဝင်တယ်ဗျ..... ။ ကိုယ်ဖွင့်ထားတဲ့ program တစ်ခုကို minimize တို့ Maximize တို့

လုပ်လို့ရတယ်..။ ဥပမာဗျာ.. minimize လုပ်မယ်ဆိုရင် Alt+Spacebar+N  အဲ့လိုမျိုးပေါ့နော်...





Windows Explorer Shortcuts 

အခုအောက်မှာ ဆက်ပြမဲ့ shortcuts တွေကတော့ floder တစ်ခုခုထဲမှာသုံးတဲ့ဟာ..

 တွေပါ..။ တစ်ချို့  သူနဲ့ ဓာတ်သင့်တဲ့ program တွေမှာလဲသုံးလို့ရပါတယ်.. 

 

 

Alt + Up

သူကတော့ Back ခလုပ်နဲ့တူပါတယ်.. ။  သင်ရောက်နေတဲ့ နေရာကနေ နောက်ကို 


တစ် folder ဆုတ်ပေးပါတယ်..



Shift + F10 

select ပေးထားတဲ့ item တစ်ခုပေါ်ကို right click နှိပ်လိုက်တာနဲ့တူပါတယ်..။ အဲ့ဒီ့ shortcut 

မခေါ်ခင် item တစ်ခုတော့ select ဖြစ်နေရပါမယ်..။

 




 Ctrl + Shift + N

New Folder တစ်ခုပြုလုပ်တဲ့ shortcut ပါ..။ right click တွေနှိပ်ပြီး ရှည်ရှည်ဝေးဝေးတွေ လုပ်နေ

စရာမလိုတော့ဘူးပေါ့..။




Alt + Enter  

select ပေးထားတဲ့ item ရဲ့ properties ကိုဖော်ပြပေးတဲ့ shortcut ပါ....။





ဘာမှမဟုတ်တာလေးကလည်း တစ်ခါတလေမှာ ထဲထဲဝင်ဝင်ကို အသုံးဝင်သွားတက်ပါတယ် 


ဆက်လက်ရှာဖွေလျှက်
 (itmeethee.blogspot.com)



မြန်မာသီချင်း သီးသန့်ယူရန်အတွက် သင့်တော်သော Website

မင်္ဂလာပါ။ ကျွန်တော်လည်း ပိုစ့်အသစ်တွေမရေးတာလည်း ကြာပါပြီ။ အခုတော့ မြန်မာသီချင်းများသီးသန့်နှင့် နောက်ဆုံးထွက်သီချင်းရှာဖို့သီးသန့်ဆိုဒ်တစ်ခုတွေ့ထားပါတယ်။ ကောင်းကျိုး တစ်ခုကတော့ ဆိုဒ်ဝင်ရတာပေါ့ပါးပြီး အခြားဆိုဒ်တွေလို adf.ly မခံထားတာတွေ့ပါတယ်။

ဝင်ရမည့်ဆိုဒ်ကတော့ - 
http://mmmusiczone.weebly.com (Myanmar Music Zone)

အဆိုတော်နာမည်များကို A to Z ရှာလို့ရခြင်း

A ကနေ Z အထိ အဆိုတော်နာမည်တွေရှာလို့ရအောင် သေချာစီမံထားပါတယ်။ ဒါကြောင့် အားလုံးအတွက် အဆိုတော်သီးသန့်ရှာရတာ လွယ်ကူပါတယ်။ မြန်မာသီချင်းများကို နေ့စဉ်နှင့်အမျှ သေသေချာချာတင်နေပါတယ်။

Alphabet သီးသန့်တစ်လုံးတည်းဖြင့် အဆိုတော်အချို့ကို ရှာဖွေနိုင်ခြင်း

ဥပမာ - Z Artist ကိုရှာရင် Zay Ye', ဇော်ပိုင် , ဇော်ဝင်းထွဋ်တို့ ထွက်လာပါတယ်။ တခြားအဆိုတော်တွေကိုလည်း ဒီလိုလေးထောက်ပြီးရှာကြည့်ပေါ့။

One-click download service (No adf.ly)

ကြိုက်တဲ့သီချင်းကိုဒေါင်းလုပ်ယူပါ။ Adf.ly ကိုမ၀င်ဘဲ အထက်ပါပုံလို တိုက်ရိုက်ဆွဲရတာကို မြင်ရပါလိမ့်မယ်။ Album တစ်ခုလုံးယူချင်သူများအတွက်လည်း ပေးထားပါသေးတယ်။

Interview များကိုအလွယ်တကူယူဖတ်နိုင်ခြင်း

ဒါကတော့ အလွယ်တကူဝင်ကြည့်လို့ရပါတယ်။ လိုရာကိုဝင်ဖတ်ချင်ရင် လင့်တွေကိုကလစ်ပြီး ၀င်ဖတ်ပါ။

Facebook သုံးရင်း သီချင်းအလွယ်တကူရှာမယ်


Facebook သုံးရင် သီချင်းအလွယ်တကူရှာချင်ရင် LIKE ခလုတ်ကလေးသာ တစ်ခါပဲကလစ်လိုက်ပါ။
အောက်ကလင့်လေးကိုကလစ်လိုက်ပါ။ သို့မဟုတ် Myanmar Music Zone ဆိုပြီး Facebook မှာရှာလိုက်ပါ။


အားလုံးပဲကျန်းမာပါစေ ချမ်းသာပါစေ။

Related Posts Plugin for WordPress, Blogger...