Pages

Showing posts with label ios နည်းပညာ. Show all posts
Showing posts with label ios နည်းပညာ. Show all posts

Kingdom War Defense .ipa (iPhone/iPad/iPod game)

ကျွန်တော့်ကျောင်းက သူငယ်ချင်းတစ်ယောက်တောင်းဆိုထားလို့ တင်ပေးထားပါတယ်။ သူက Free ဆော့ဝ်လ်တစ်ခုဖြစ်ပြီးတော့ အခြေခံဆော့ဝ်လ်နဲ့ အလွယ်ရေးလို့ရတဲ့ Microsoft ကထုတ်ထားတဲ့အထူးရှယ် ဆော့ဝ်လ်တစ်ခုပါ။ ကျွန်တော်လည်း မသုံးတတ်ပါဘူး။ Program အသေးစားလေးတွေရေးရင် သူနဲ့အဆင်ပြေတယ်ဆိုပဲ။ ပိုသိချင်ရင် အောက်ပါအတိုင်းဖတ်ပြီး ဒေါင်းလုတ်ဆွဲလိုက်ပါ။


Cydia Crash အတွက် ဖြေရှင်းနည်း

ယခုတစ်လောမှာ iDevice ကို Jailbreak လုပ်ပြီး (အထူးသဖြင့် iOS 6.1.3 တွင်) Cydia ကို ဖွင့်လိုက်တဲ့ အချိန်မှာ မပွင့်ပဲ ပြန်ပြန်ပိတ်သွားတဲ့ ပြဿနာကို မကြာခဏ ကြုံဆုံနေရတတ်ပါတယ်။ ဒီအခါမှာ Jailbreak ပဲ ပြန်လုပ်ရမလား Cydia ပဲ install ပြန်လုပ်ရမလား စသည်ဖြင့် ဘာလုပ်ရမှန်း မသိ ဖြစ်တတ်ပါတယ်။

ယခုလို ပြဿနာမျိုးကို လွယ်လွယ်ကူကူနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းလေး တစ်ခုကို တင်ပြပေးလိုက်ပါတယ်...

Download Software

>> Download iExplorer 3.2.3.3
>> Download iFunBox 2.6

ပထမဦးစွာ iExplorer (သို့) iFunBox ကို download လုပ်ပြီး စက်မှာ install လုပ်ပါ။

အဆင့် ၁)
Cydia crash ဖြစ်နေသော iDevice ကို PC နှင့် ချိပ်ဆက်ပြီး iExplorer/iFunBox ကို Run ပါ။

အဆင့် ၂)
" /var/lib/apt/lists " လမ်းကြောင်းကို ရှာသွားပါ။
(မှတ်ချက်။ ။ iFunBox မှာ ဆိုရင် iFunBox Classic Tab ကို သွားပြီး"Raw File System" အောက်မှာ ရှာပါ)


အဆင့် ၃)
"lists" folder ထဲမှ "partial" folder ကို ချန်ခဲ့ပြီး ကျန်ဖိုင်များကို ဖျက်ပစ်ပါ။



အဆင့် ၄)
" /var/lib/dpkg/updates " လမ်းကြောင်းကို ထပ်ရှာသွားပါဦး...

အဆင့် ၅)
"updates" folder ထဲကို စစ်ပါ။ file တွေရှိနေရင် အားလုံး ဖျက်ပစ်လိုက်ပါ။

အဆင့် ၆)
သင့်၏ iDevice ကို Reboot လုပ်ပါ။
ပြန်တက်လာပါက Cydia ကောင်းစွာ ပြန်လည် အလုပ်လုပ်ပြီဖြစ်ကြောင်း တွေ့ရပါလိမ့်မယ်။

iOS 7 ကို လက်လန်သွားသော Hacker

iOS များကို Jailbreak လုပ်နိုင်ရန် အစဉ်တစ်စိုက် အမြဲကြိုးပမ်းနေကြသော iOS hackers အကျော်အမော်ကြီးများထဲမှ တစ်ဦးဖြစ်သူ၊ Greenpois0n နှင့် မကြာသေးမီကမှ ဖွဲ့ စည်းထားသော Evasi0n တို့ ၏ အဖွဲ့ သား တစ်ဦးဖြစ်သော "pod2g" က iOS 7 ဟာ သိပ်ကို စိတ်ပျက်စရာကောင်းလွန်းလို့  Android လမ်းကြောင်းပေါ် ပြောင်းချင်စိတ် ဖြစ်နေပြီလို့  သူ့ ရဲ့  Twitter မှာ ရင်ဖွင့်လိုက်ပါတယ်...


သူ့ ရဲ့  ရင်ဖွင့်သံကတော့...

iOS 7 Beta 1 ကို ရက်အနည်းငယ်လောက် စမ်းသပ်လိုက်ပြီးတဲ့နောက်မှာ ကျွန်တော် Android လိုင်းကို ပြောင်းချင်စိတ် ဖြစ်လာတယ် ဆိုတာ ဝန်ခံရမှာပဲ...

Apple ရဲ့  လုပ်ဆောင်မှု သက်တမ်းတစ်လျှောက်လုံးမှာ ဒီ iOS က အဆိုးရွားဆုံးပါပဲ..

iOS 7 ရဲ့  ဒီဇိုင်းက ညံ့တယ်၊ သုံးရတာ လေးတယ်၊ အဆိုးဆုံးက ဘက်ထရီ အတော် စားတယ်။
UI (User Interface) မှာလဲ Bugs တွေ အပြည့်နဲ့  Crash လဲဖြစ်တယ်။

ရှိပါစေတော့လေ ဒါက Beta 1 version ဆိုတော့...

ဒါပေမယ့် iOS 7 ရဲ့  Features တွေကို ကြည့်ပြီးတော့ ကျွန်တော် တော်တော် စိတ်ပျက်မိတယ်၊ ကလေးပန်းချီလို ဆေးရောင် လှလှခြယ်ထားတာက လွဲရင် ဘာမှလည်း ထွေထွေထူးထူး ပြောင်းလဲမှု အသစ်မရှိဘူး။

ဒါနဲ့ တောင် သူတို့ ရဲ့  software ကို "Amazing" တဲ့ Apple က လူတွေကို သိမ်းသွင်းတဲ့နေရာမှာတော့ "စံပဲ"...

............


ဒါတွေက "pod2g" သူ့ ရဲ့  Twitter မှာ ပြောသွားတာတွေကို ဆီလျှော်အောင် ရေးသားထားတာပါ။ ဘာပဲဖြစ်ဖြစ် "pod2g" လို Hacker တစ်ယောက် တစ်ကယ် စိတ်ပြောင်းသွားရင်တော့ Jailbreak အသိုင်းဝိုင်း အတွက် အများကြီး နစ်နာစရာ ရှိပါတယ်။

Apple က နောက်ထပ် ထုတ်ပေးမယ့် iOS 7 အပေါ်မှာ ကျေနပ်မှုရပြီး ပြောင်းရွှေ့  မသွားပါစေနဲ့  လို့ ပဲ ဆုတောင်းရတော့မှာပေါ့....

Jailbreakမလုပ်ပဲ Full Apps များသွင်းနည်း

Jailbreak မလုပ်ထားတဲ့ဖုန်းတွေအတွက် Full Game တွေ Software App တွေ Cydia ထဲမှာမှ ရနိုင်တဲ့ ဆော့ဝဲတွေကိုလဲ အခုမားကပ်ထဲမှာ အင်စတောရယူနိုင်ပါတယ် ။



ဘာApple ID တို့ JB တို့ရှိထားဖို့ မလိုအပ်ပါဘူး သင့်မှာ PC ရှိထားဖို့ပဲလိုအပ်ပါတယ်
အသုံးပြုရတာလဲ အရမ်းကို ရိုးရှင်းလွယ်ကူပါတယ် ။ 
iOS6.1.3 နဲ့ JB မရသေးလို့ တိုင်ပွတ်နေသူများအတွက် အဆင်ပြေစေတာပေါ့ 

KuaiYong ဆော့ဝဲကို မိမိကွန်ပြူတာတွင် အင်စတောလုပ်လိုက်ပါ 
တရုတ်စာများဖြစ်နေလို့ စိတ်မညစ်ပါနဲ့ ( N ) ဆိုပြီးပါတဲ့စာတွေကိုသာ နှိပ်သွားပါ အင်စတောလုပ်ခြင်းပါ ။
အသုံးပြုနည်းကတော့ သင့်ရဲ့Apple ကို PC နဲ့ USB ကြိုးချိတ်လိုက်ပါ
ပြီးရင် မိမိကွန်ပြူတာက KuaiYong ဆော့ဝဲကို ဖွင့်လိုက်ပါ
( USB သိဖို့ရန်သင့်စက်ထဲမှာ iTunes ဆော့ဝဲရှိထားဖို့လိုပါတယ် )

ကိုယ်လိုချင်တဲ့ Apps ကို အကွက်ထဲမှာရိုက်ရှာမယ် 
ကိုယ်သွင်းချင်တဲ့ App ရဲ့ အိုင်ကွန်ကွက်လေးပေါ်မှာ မောက်မြှားလေးတင်လိုက်ပါ အောက်က တရုတ်စာလေးကို နှိပ်လိုက်ပါ ဒေါင်းနေတာကို တွေ့ရပါလိမ့်မယ်
ပြည့်သွားပြီဆိုတာနဲ့ အော်တိုအင်စတောလုပ်ပေးပါလိမ့်မယ် 
ဘာမှ နှိပ်ပေးစရာမလိုပါဘူး
"" အောက်မှာ ပုံနှင့်တကွပြသထားပါတယ် ""
 


iPhone 5 တွင် JB မလုပ်ပဲ Cydia ထဲမှာမှရနိုင်တဲ့ UnlimTones ဆော့ဝဲများကအစအားလုံးစမ်းသပ်သွင်းပြီးပါပြီ


KuaiYong မူရင်းဆိုက်လင့်ပါ အင်္ဂလိပ်ဗားရှင်းနဲ့ မကြာမည်လာပါမယ်
http://www.kuaiyong.com/eg_web/index.html

အားလုံးပဲအဆင်ပြေကြပါစေ..... :)

iOS 7 ကို Update မလုပ်မီ သိသင့်သော...

iOS 7 ကို ကျွန်တော်တို့  ရင်ခုန်စောင့်စားခဲ့ကြတာ ကြာခဲ့ပါပြီ၊ အခုဆို WWDC ပွဲမှာ တင်ဆက်လိုက်တဲ့ iOS 7 ရဲ့  Features အသစ်များကိုလည်း မြင်တွေ့ ခွင့် ရကြပြီဖြစ်လို့  iOS 7 Final version ထွက်လာရင် Update လုပ်ကြဖို့  လက်တစ်ပြင်ပြင် ဖြစ်နေကြလောက်ပါပြီနော်..

ကျွန်တော်တို့  တွက်ထားကြတာက Features အသစ် App icon design အသစ်တွေနဲ့  လန်းလို့ ရပြီလို့  မျှော်လင့်ထားကြတာပါ....
ဒါပေမယ့် မကြာမီ ထွက်လာတော့မယ့် iOS 7 final version မှာ ပါဝင်လာမည့် အဓိကလုပ်ဆောင်ချက် (Major Features) တွေဟာ iDevice များ အားလုံးမှာ အပြည့်အဝ ရရှိနိုင်မှာ မဟုတ်ပါဘူး။
ဒါဟာ စိတ်မကောင်းစရာ သတင်းတစ်ခုပါ....

အထူးသဖြင့် model နိမ့် iDevice များမှာ iOS 7 ရဲ့  အရသာကို အပြည့်အဝ ခံစားကြရလိမ့်မှာ မဟုတ်ပါဘူး။
ဒါ့အပြင် iOS 7 ဟာ iPhone 3Gs, iPad 1 တို့ ကိုပါ နောက်ချန်ထားခဲ့လေမလား ဆိုတာ စောင့်ကြည့်ကြရပါဦးမယ်...

Apple က ထုတ်ပြန်လိုက်တဲ့ iOS 7 ရဲ့  Major Features တွေကို အဆင်ပြေပြေ အသုံးပြုနိုင်မယ့် iOS 7 Compatibility Chart ကို အောက်ပါအတိုင်း တွေ့ မြင်ကြရပါလိမ့်မယ်...


ကျွန်တော့် အနေနှင့် ဖြည့်စွက် အကြံပြုလိုသည်မှာ လက်ရှိမှာ JB နှင့် အဆင်ပြေနေကြသူများ iOS 7 ထွက်လာသည်နှင့် တစ်ပြိုင်နက် Update မလုပ်ကြပဲ JB အခြေအနေနှင့် Downgrade သတင်းများကို စောင့်စား ပိုင်နိုင်မှသာ iOS 7 ကို Update လုပ်ကြစေလိုပါတယ်...

Downgrade iOS 7 Beta to iOS 6.1.4 / 6.1.3

အသစ်ထွက်ရှိလာတဲ့ iOS 7 Beta version ဟာ developer များ စမ်းသပ် အသုံးပြုနိုင်ရန် သီသန့် ထုတ်ပေးထားတဲ့ version ဖြစ်ပြီး တစ်ကယ့် version ကတော့ မထွက်လာသေးပါဘူး။

Apple ရဲ့  ဖော်ပြချက်များထဲမှာ iOS 7 Beta version ကို Update လုပ်ပြီးသည့်နောက် သူထက်စောတဲ့ version များကို ပြန်လည် Restore မလုပ်နိုင်ဘူးလို့  ဖော်ပြထားခဲ့ပေမယ့် အဲဒီ အချက်ဟာ မှာယွင်းနေတယ်လို့  ပြောနိုင်ပါတယ်။

iOS 7 Beta version ကို update လုပ်ကြည့်ပြီးတဲ့နောက် iOS 6.1.3 (သို့ ) iOS 6.1.4 ကို လွယ်ကူစွာ ပြန်လည်၍ downgrade ဆင်းနိုင်ကြောင်း သိရပါတယ်။

iOS 7 Beta ကို စမ်းသပ်သုံးကြည့်ပြီးတဲ့နောက်မှာ အကြောင်းကြောင်းကြောင့် ပြန်ဆင်းချင်ကြတဲ့ မိတ်ဆွေများအတွက်...


** Downgrade iOS 7 Beta --> iOS 6.1.4 / iOS 6.1.3 **

>> Download iOS 6.1.4 / 6.1.3

လုပ်ငန်းစဉ်

အဆင့် ၁)
iOS 7 Beta တင်ထားပြီးသား iDevice ကို iTunes နှင့် ချိပ်ဆက်ပါ။

အဆင့် ၂)
iTunes မှ iDevice ကို ရွေးချယ်ပြီး (Shift) သို့  (Option) Key ကို တွဲနှိပ်လျှက် "Restore" button ကို နှိပ်ပါ။

အဆင့် ၃)
အထက်တွင် download ရယူခဲ့သော iOS 6.1.4 (သို့ ) iOS 6.1.3 ကို ရွေးချယ်ပေးလိုက်ပါ။

အဆင့် ၄)
iTunes မှ iOS 6.1.3 / 6.1.4 သို့  အလိုလျှောက် Restore လုပ်သွားပါလိမ့်မည်။ 


iOS 7 Beta 1 သို့  Update လုပ်နည်း

Apple က iOS 7 ကို Developer များ စမ်းသပ်အသုံးပြုနိုင်ရန် iOS 7 Beta (Developer version) အနေနဲ့  ထုတ်ပေးလိုက်ပါပြီ။

ပုံမှန်အားဖြင့် Develpoer version ကို update လုပ်ရန်အတွက် Apple Developer ID လိုအပ်တာကြောင့် သာမန် (End User) များရဲ့  iDevice များမှာ update မလုပ်နိုင်ပါဘူး။
ဒါပေမယ့် ယခုထွက်လာတဲ့ iOS 7 Beta 1 ကိုတော့ ခုချိန်ထိ သာမန် iDevice တွေမှာလည်း iOS 7 Beta 1 ကို Update လုပ်နိုင်တယ်လို့  သိရှိရပါတယ်...

ယခုကဲ့သို့  အခြား Device များတွင်ပါ update လုပ်နိုင်နေခြင်းရဲ့  အဖြေကို သေချာစွာ မသိရသေးသော်လည်း စမ်းသပ်မှုများအရ iPhone 5, 4S, 4 တို့ တွင် အောင်မြင်စွာ Update လုပ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

iOS 7 Beta 1 ကို iDevice များ အားလုံးအတွက် ထုတ်ပေးထားခြင်းမဟုတ်ပဲ (iPhone 5, iPhone 4S, iPhone 4 နှင့် iPodTouch 5G) တို့  အတွက်သာ ရွေးချယ် ထုတ်ပေးထားပါတယ်။


    **iOS 7 Beta 1 ကို Update မလုပ်မီ သိထားသင့်သည့် အချက်များ**

  • Update လုပ်ရာတွင် iTunes ရှိ "UPDATE" ကိုသာနှိပ်ရန် (Restore button မဟုတ်ပါ)
  • Update လုပ်သော Device သည် iOS 6.1.3 (သို့ ) အရင် version များကို ပြီးမြောက်စွာ သွင်းထားခြင်း (Update လုပ်ရာတွင် error မရှိခဲ့ခြင်း)
  • iOS 7 Beta 1 ကို upadte လုပ်မည့် iDevice သည် "Activate" ဖြစ်ထားပြီးရပါမည်။
  • "Hacktivation" နှင့် activate လုပ်ထားသော Locked device များလက်ရှောင်ပါ...


iOS 7 Beta 1 ကို Update လုပ်ရန်

>> iOS 7 Beta 1 Download

အဆင့် ၁)
သက်ဆိုင်ရာ iPhone 5, 4S, 4 နှင့် PodTouch 5G တို့  အတွက် iOS 7 Beta 1 ကို download ဦးစွာရယူပါ။

အဆင့် ၂)
iDevice ကို iTunes နှင့် USB အသုံးပြု ချိပ်ဆက်ပါ။

အဆင့် ၃)
iTunes မှ iDevice ကို detect သိရှိပြီးပါက..
Keyboard မှ Windows တွင် (SHIFT Key) ၊ Mac တွင် (Option Key) နှင့်တွဲ၍ "UPDATE" button ကို နှိပ်ပြီး Download ရယူခဲ့သော iOS 7 Beta 1 ကို ရွေးချယ်ပေးလိုက်ပါ။



iOS 7 ကို အဆင်ပြေပြေ၊ လွယ်လွယ်ကူကူ တင်နည်း

iOS 7 ကို အဆင်ပြေပြေ၊ လွယ်လွယ်ကူကူ တင်နည်း
------------------------------
-----------------------

- Phyo Min Thu (Myanmar Mobile Companion) မှ share ပေးတာပါ :)

နည်းလမ်းကို အရင်ပြောပြပါမယ်၊ အောက်
မှာ Download Link တွေ အကုန်ပေးထားပါတယ်၊

- အရင်ဆုံး iTunes (Latest Version) ရှိနေရပါမယ်
- မိမိရဲ့ iPhone က iOS latest version ဖြစ်နေရပါမယ်
- iPhone 4/4S ဆိုရင် iOS 6.1.3 ဖြစ်နေရပါမယ်
- iPhone 5 ဆိုရင် iOS 6.1.4 ဖြစ်နေရပါမယ်
- *Latest Version မဖြစ်သေးရင် iOS 7 မတင်ပါနဲ့၊ 6.1.3/6.1.4 Upgrade လုပ်ပြီးမှ တင်ပါ*
- iOS တွေ Latest ဖြစ်ပြီဆိုရင်တော့ iTunes မှာ Shift key ကို ဖိထားပြီးတော့ "Check for Update" ဆိုတဲ့ ခလုတ်ကို နှိပ်ပေးရပါမယ်
- သတိပြုပါ၊ iOS 7 တင်မယ်ဆိုရင် *Check for Update* ကို နှိပ်ရမှာပါ၊ *Restore* မနှိပ်ပါနဲ့
- Download ဆွဲထားတဲ့ iOS 7 (IPSW) ကို ရွေးပေးရပါမယ်
- iTunes က သူ့ဟာသူ Update လုပ်ပေးသွားပါလိမ့်မယ်၊
- iPhone က Restart ကျပြီးသွားရင် iOS 7 ကို အသုံးပြုလို့ ရပါပြီ
--------------------------------------------------------------------
* iOS 7 ကိုဆွဲတဲ့ အခါ DMG File တွေ ဖြစ်နေပါလိမ့်မယ်၊
* အဲ့တာတွေကို အောက်မှာပေးထားတဲ့ TransMac Application ထဲကနေဖွင့်ကြည့်လိုက်ပါ၊
* IPSW file တစိခုကို တွေ့ပါလိမ့်မယ်
* အဲ့တာကို Right Click => "Copy to" နဲ့ တစ်နေရာမှာ သိမ်းလိုက်ပါ
* IPSW file ရတော့မှ အပေါ်ကပြောတဲ့ အတိုင်း iTunes ထဲကနေ Update လုပ်ပါ

Download Links
------------------
http://goo.gl/Ji6O1 <= iTunes(11.0.0.4)
http://goo.gl/JtI4W <= TransMac (15-day Trial)

iOS Firmwares (6.1.4 for iPhone 5, 6.1.3 for iPhone 4/4S)
------------------------------------------------------------------

http://goo.gl/XdHX4 <= iPhone 5(Model-A1428)
http://goo.gl/91G1b <= iPhone 5(Model-A1429)
http://goo.gl/wFx5E <= iPhone 4S(Model-A1387)
http://goo.gl/nJtLT <= iPhone 4(GSM)
http://goo.gl/VXBfz <= iPhone 4(GSM)
http://goo.gl/xd9RD <= iPhone 4(CDMA)

iOS 7(Beta 1)
----------------

http://goo.gl/ilE8q <= iPhone 5(Model-A1428)
http://goo.gl/Qy8qs <= iPhone 5(Model-A1429)
http://goo.gl/n5vJr <= iPhone 4S(Model-A1387)
http://goo.gl/dE1wJ <= iPhone 4(GSM)
http://goo.gl/px0ZG <= iPhone 4(GSM)
http://goo.gl/Npktr <= iPhone 4(CDMA)
 
ကိုလတ်(ကျွဲဆင်း)

iTools 2013 Beta 0524 Free


iTools တောင်းဆိုထားတဲ့ မိတ်ဆွေအတွက် တင်ပေးလိုက်ပါတယ်.. အရင်က iTools 2012 မှာ iTunes 11 နဲ့ အဆင်မပြေဖြစ်ခဲ့သမျကို ပြန်လည်ပြုပြင်ပြီး Full Support ပေးထားတယ်လို့ဆိုပါတယ်.. Themes များစွာပါဝင်လာပြီး App Management စနစ် ပိုကောင်းတယ်လို့ဆိုပါတယ်..
Version:iTools 2013 Beta 0524
Size:3.06M(zip)
iTools For Windows
Platform:Windows 7/Vista / XP Windows Sever 2003/2008
Device Type:All series of iPhone, iPad and iPod
Version:iTools 2013 Beta 0524
Size:3.06M(zip)

အဆင်ပြေပါစေ..

မောင်ပေါက်

Apple ID တစ်ခုထဲနှင့် ကမ္ဘာပါတ်နည်း (iPhone,iPad,iPod မှာစမ်းမယ့်သူအတွက်)

 သင်ဟာ Apple user တစ်ဦး ဟုတ်ပါသလား…? Apple ID ရော သင့်မှာ ရှိထားပြီးပါပြီလား…? သင့်ရဲ့  Apple ID တစ်ခုထဲနဲ့  တစ်ကမ္ဘာလုံးရဲ့  iTunes Store က App, Music အစရှိတာတွေ အားလုံးကို Free (သို့ ) Paid စနစ်နဲ့  ရယူနိုင်တယ် ဆိုတာကိုရော သင် သိပြီးပါပြီလား…?
Apple iTunes Store မှာ Free (သို့ ) Paid နဲ့  ရယူနိုင်တဲ့ App တွေ Music တွေဟာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူကြဘူးဆိုတာကို သတိပြုမိကြပါလိမ့်မယ်။
အားလုံးထဲမှာ အစုံလင်ဆုံး အားလုံးရရှိနိုင်တဲ့ Store ကတော့ US နဲ့  Canada တို့ ပဲဖြစ်ပါတယ်။ လက်ရှိ နောက်ဆုံး Apple ၏ စာရင်း အရ iTunes Store ကို နိုင်ငံပေါင်း (၁၃၂) ခုအတွက် ဖွင့်လှစ်ထားပြီး နောက်ထပ် (၅) ခု ထပ်မံ ဖွင့်လှစ်ဖို့ ရာထားပါတယ်။
တစ်ခါတစ်ရံ ကျွန်တော်တို့  လိုချင်တဲ့ App အချို့ ဟာ ကျွန်တော်တို့  ဖွင့်လှစ်ထားတဲ့ Apple ID ရဲ့  Store မှာ မရတဲအခါမှာ၊ ရနိုင်တဲ့ Store ရဲ့  ID ကို ထပ်မံပြောင်းလဲ ဖွင့်လှစ်ရတာမျိုး ကြုံရတတ်ပါတယ်။ ဒီလိုဆို လူတစ်ယောက်ထဲနဲ့  Apple ID အနည်းဆုံး (၂) ခုလောက် ဖြစ်နေတတ်ပါတယ်။
ဒီအခါမှာ ID, Password တွေ မှတ်ရတဲ့ ပြဿနာက မသေးလှပါဘူး၊ App တွေကို Update လုပ်တဲ့ အခါမှာ ID မတူတဲ့အတွက် Sin In/Sign Out နဲ့ Store ပြန်ချိန်းပေးရပါတယ်၊ အဓိက ကတော့ App တွေ တစ်ခုနှင့် တစ်ခု Apple ID မတူတဲ့ အတွက် iTunes နဲ့  sync လုပ်ရမှာ အခက်အခဲရှိလာပါတယ်။
ယခုတင်ပြမယ့် နည်းလမ်း (Trick) လေးကတော့ မိမိရဲ့  Apple ID တစ်ခုထဲနဲ့  အခြား Store က App တွေကို (၅) မိနစ်အတွင်း ရယူနိုင်ပြီး၊ iTunes နဲ့  Sync လုပ်ရာမှာရော update လုပ်ရာမှာပါ အဆင်ပြေချောမွေ့ စေပါတယ်..
နမူနာ အနေနဲ့  Singapore Store (Apple ID) ပဲရှိတဲ့ ကျွန်တော့အတွက် US Store မှာပဲ ရနိုင်တဲ့ “Kindle” reader App ကို လိုချင်နေပါတယ်..
အဲဒီလိုပဲ ဖြစ်ဖူးကြမှာပါ… ကဲ.. စလိုက်ရအောင်
**iPhone, iPad, iPodTouch များမှ ဆောင်ရွက်နည်း**
အဆင့် ၁)
Settings -> iTunes & App Store -> Apple ID ကို နှိပ်ပါ။


အဆင့် ၂)
View Apple ID” ကို နှိပ်ပါ။
အဆင့် ၃)
Country/Region” ကို နှိပ်ပါ။
အဆင့် ၄)
Store” မှာ နှစ်သက်ရာ နိုင်ငံကို ရွေးချယ်ပါ။ နမူနာ အနေနှင့် “United States” ကို ရွေးချယ်ပါမည်။
အဆင့် ၅)
Next” ကို နှိပ်ပါ။
အဆင့် ၆)
Agree” ကို ဆက်နှိပ်ပါ။
အဆင့် ၇)
ဤအဆင့်တွင် သင်ရွေးချယ်ခဲ့သော နိုင်ငံ၏ အသိမှတ်ပြု လိပ်စာကို ထည့်သွင်းပေးရပါမည်။ (ဤနေရာတွင် အကြံပြုလိုသည်မှာ Hotel လိပ်စာ တစ်ခုခုကို Google တွင် ရှာ၍ ဖြည့်ပါ)
US Store ရွေးခဲ့သူများ အနေနှင့် အောက်ပါလင်ခ့်ကို သွားရောက်၍ လိပ်စာတစ်ခု လွယ်ကူစွာ ရယူနိုင်ပါသည်။
>> US လိပ်စာတစ်ခုရယူရန်
အောက်ပါအတိုင်း ရရှိလာသော လိပ်စာကို ဖြည့်သွင်းပြီး “Next” နှိပ်ပါ။

အဆင့် ၈)
US Store သို့  အောင်မြင်စွာ ပြောင်းလဲသွားပါပြီ..

Apple ID တစ်ခုထဲနှင့် ကမ္ဘာပါတ်နည်း (PC မှာလုပ်မယ့်သူအတွက်)

သင်ဟာ Apple user တစ်ဦး ဟုတ်ပါသလား…? Apple ID ရော သင့်မှာ ရှိထားပြီးပါပြီလား…? သင့်ရဲ့  Apple ID တစ်ခုထဲနဲ့  တစ်ကမ္ဘာလုံးရဲ့  iTunes Store က App, Music အစရှိတာတွေ အားလုံးကို Free (သို့ ) Paid စနစ်နဲ့  ရယူနိုင်တယ် ဆိုတာကိုရော သင် သိပြီးပါပြီလား…?
Apple iTunes Store မှာ Free (သို့ ) Paid နဲ့  ရယူနိုင်တဲ့ App တွေ Music တွေဟာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူကြဘူးဆိုတာကို သတိပြုမိကြပါလိမ့်မယ်။
အားလုံးထဲမှာ အစုံလင်ဆုံး အားလုံးရရှိနိုင်တဲ့ Store ကတော့ US နဲ့  Canada တို့ ပဲဖြစ်ပါတယ်။ လက်ရှိ နောက်ဆုံး Apple ၏ စာရင်း အရ iTunes Store ကို နိုင်ငံပေါင်း (၁၃၂) ခုအတွက် ဖွင့်လှစ်ထားပြီး နောက်ထပ် (၅) ခု ထပ်မံ ဖွင့်လှစ်ဖို့ ရာထားပါတယ်။
တစ်ခါတစ်ရံ ကျွန်တော်တို့  လိုချင်တဲ့ App အချို့ ဟာ ကျွန်တော်တို့  ဖွင့်လှစ်ထားတဲ့ Apple ID ရဲ့  Store မှာ မရတဲအခါမှာ၊ ရနိုင်တဲ့ Store ရဲ့  ID ကို ထပ်မံပြောင်းလဲ ဖွင့်လှစ်ရတာမျိုး ကြုံရတတ်ပါတယ်။ ဒီလိုဆို လူတစ်ယောက်ထဲနဲ့  Apple ID အနည်းဆုံး (၂) ခုလောက် ဖြစ်နေတတ်ပါတယ်။
ဒီအခါမှာ ID, Password တွေ မှတ်ရတဲ့ ပြဿနာက မသေးလှပါဘူး၊ App တွေကို Update လုပ်တဲ့ အခါမှာ ID မတူတဲ့အတွက် Sin In/Sign Out နဲ့ Store ပြန်ချိန်းပေးရပါတယ်၊ အဓိက ကတော့ App တွေ တစ်ခုနှင့် တစ်ခု Apple ID မတူတဲ့ အတွက် iTunes နဲ့  sync လုပ်ရမှာ အခက်အခဲရှိလာပါတယ်။
ယခုတင်ပြမယ့် နည်းလမ်း (Trick) လေးကတော့ မိမိရဲ့  Apple ID တစ်ခုထဲနဲ့  အခြား Store က App တွေကို (၅) မိနစ်အတွင်း ရယူနိုင်ပြီး၊ iTunes နဲ့  Sync လုပ်ရာမှာရော update လုပ်ရာမှာပါ အဆင်ပြေချောမွေ့ စေပါတယ်..
နမူနာ အနေနဲ့  Singapore Store (Apple ID) ပဲရှိတဲ့ ကျွန်တော့အတွက် US Store မှာပဲ ရနိုင်တဲ့ “Kindle” reader App ကို လိုချင်နေပါတယ်..
အဲဒီလိုပဲ ဖြစ်ဖူးကြမှာပါ… ကဲ.. စလိုက်ရအောင်
**PC ၏ iTunes မှ ဆောင်ရွက်နည်း**
အဆင့် ၁)
iTunes မှ “Sing In” အရင်လုပ်ပါ။ (Sign In ထားပြီးပါက ဤအဆင့်ကို ကျော်ပါ)

အဆင့် ၂)
Apple ID ကို နှိပ်ပါ -> Account ကို နှိပ်ပါ။
အဆင့် ၃)
Account Information” ရှိ “Country/Region” ဘေးရှိ “Change Country or Region” ကို နှိပ်ပါ။
အဆင့် ၄)
နှစ်သက်ရာ နိုင်ငံကို ရွေးချယ်ပါ။ နမူနာ အနေနှင့် “United States” ကို ရွေးချယ်ပါမည်။
အဆင့် ၅)
Continue” ကို နှိပ်ပါ။
အဆင့် ၆)
check box မှာ အမှန်ခြစ်ပေးပြီး “Agree” ကို ဆက်နှိပ်ပါ။
အဆင့် ၇)
ဤအဆင့်တွင် သင်ရွေးချယ်ခဲ့သော နိုင်ငံ၏ အသိမှတ်ပြု လိပ်စာကို ထည့်သွင်းပေးရပါမည်။ (ဤနေရာတွင် အကြံပြုလိုသည်မှာ Hotel လိပ်စာ တစ်ခုခုကို Google တွင် ရှာ၍ ဖြည့်ပါ)
US Store ရွေးခဲ့သူများ အနေနှင့် အောက်ပါလင်ခ့်ကို သွားရောက်၍ လိပ်စာတစ်ခု လွယ်ကူစွာ ရယူနိုင်ပါသည်။
>> US လိပ်စာတစ်ခုရယူရန်
အောက်ပါအတိုင်း ရရှိလာသော လိပ်စာကို ဖြည့်သွင်းပြီး “Continue” နှိပ်ပါ။

အဆင့် ၈)
US Store သို့  အောင်မြင်စွာ ပြောင်းလဲသွားပါပြီ..
ကျွန်တော်လိုချင်နေတဲ့ “Kindle” ကို ကျွန်တော့် Apple ID တစ်ခုထဲနှင့် လွယ်ကူအောင်မြင်စွာ download လုပ်လို့  ရပါပြီ..
လိပ်စာပြောင်းလဲသွားကြောင်း Apple မှ သင်၏ Mail ထဲသို့  စာပို့ လာပါလိမ့်မည်။ အထက်ပါ နည်းလမ်းဖြင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ Apple iTunes Store မှ အားလုံးကို Download ရယူနိုင်ပါမည်

International FREE Apple ID အသစ် လွယ်ကူစွာ ဖွင့်လှစ်နည်း

မိမိ၏ လက်ရှိ Apple ID ကို အကြောင်းအမျိုးမျိုးကြောင့် သုံးလို့ မရသောသူများ၊ ယခုမှ စတင်၍ Apple ID ရယူမည့်သူများ သို့ မဟုတ် နောက်ထပ် Apple ID များ ထပ်ဆောက်ချင်သူများအတွက် တစ်နေရာထဲမှာ ထိုင်ပြီး တစ်ကမ္ဘာလုံးရှိ မိမိ နှစ်သက်ရာ iTunes Store ၏ Apple ID တစ်ခုကို အလွယ်ကူဆုံး စတင် တည်ဆောက်နည်းကို အသေးစိပ် ထပ်မံ၍ တင်ပြပေးလိုက်ပါတယ်..
ယခုလက်ရှိ အချိန်ထိ တစ်ကမ္ဘာလုံးမှာ Apple Store ရှိတဲ့ နိုင်ငံပေါင်း (၁၅၅) နိုင်ငံ ရှိပါတယ်။ ဆန္ဒရှိလို့  Apple ID (၁၅၅) ခုလုံး ရယူချင်တယ်ဆိုရင်လည်း အောက်ပါ နည်းလမ်းနှင့် လုပ်ယူနိုင်ပါတယ်..

>>Apple ID တစ်ခု အတွက် လိုအပ်ချက်များ <<

  1. email account (၂)ခု ရှိထားရပါမယ်၊ တစ်ခုက "Apple ID" အတွက် နှင့် တစ်ခုက မူရင်း Apple ID ပြဿနာဖြစ်ရင် ပြန်ရယူဖို့  အတွက် "Rescue mail" အနေနဲ့  ပေးထားရပါတယ်။

  2. မိမိဖွင့်လိုသော Apple Store နိုင်ငံ၏ လိပ်စာ နှင့် ဖုန်းနံပါတ်။
    (ဘယ်လို ရယူရမည် ဆိုသည်ကို အောက်တွင် ဖော်ပြထားပါသည်)


ကဲ... Apple ID အသစ်တစ်ခု စဖွင့်ကြရအောင်... ကျွန်တော်က နမူနာ အနေနဲ့  US Account ကို ဖွင့်ပြပေးသွားပါမယ်...


လုပ်ငန်းစဉ်

အဆင့် ၁)
မိမိ PC ရှိ iTunes တွင် Sign In ဝင်ထားပါ Sign Out ပြန်လုပ်ထားဖို့ လိုပါလိမ့်မယ်။
Sign Out လုပ်ရန် Menu bar ရှိ Store -> Sign Out လုပ်ပါ။


အဆင့် ၂)
iTunes ၏ ဘယ်ဘက်ခြမ်းရှိ "iTunes Store" ကို ရွေးပါ။


ညာဘက်စွန်းရှိ Scroll bar ကို အောက်ဆုံးသို့  ဆွဲချလိုက်ပါ၊ အောက်ပါပုံအတိုင်း "iTunes Store" ကိုတွေ့ ရမည်။


အဆင့် ၃)
"Change Country" ကို နှိပ်ပါ။
အောက်ပါပုံအတိုင်း နိုင်ငံများပေါ်လာပါက မိမိဆန္ဒရှိသော နိုင်ငံကို ရွေးပါ။ (ဤနေရာတွင် ကျွန်တော်က US ကို ရွေးပါမည်)



Apple Store ပြောင်းသွားတာကို အောက်ပါပုံအတိုင်း တွေ့ ရပါမည်။


အဆင့် ၄)
Apple Store change သွားပြီးနောက် အောက်ပါပုံအတိုင်း App တစ်ခုကို download လုပ်ရန် နှိပ်လိုက်ပါ။
(FREE account ဆောက်ရန် ဤအဆင့်သည် Key ဖြစ်သည်)


အဆင့် ၅)
Apple ID နှင့် Sign In ဝင်ခိုင်းပါမည်၊ "Create Apple ID" ကို နှိပ်ပါ။


အဆင့် ၆)
"Welcome to the iTunes Store" page တွင် "Continue"

"Terms and Conditions and Apple Privacy Policy" တွင် "I have read and agree....." ကို Check လုပ်ပြီး "Agree"

အဆင့် ၇)
အောက်ပါပုံအတိုင်း ဖြည့်စရာ Form တစ်ခုပေါ်လာပါလိမ့်မည်။



  • "Email" တွင် မိမိ Apple ID အဖြစ် သုံးလိုသော email address (1) ကို ဖြည့်ပါ။

  • "Password" သတ်မှတ်ရာတွင် စာလုံးရေ အနည်းဆုံး (၈)လုံး ပါရမှာဖြစ်ပြီး၊ Capital Letter (စာလုံးအကြီး) နဲ့  Numeric (နံပါတ်) တို့  ပါရှိရမှာ ဖြစ်ပါတယ်။

  • "Security info" မှာ မည်သည့် မေးခွန်းကို ရွေးသည်ဖြစ်စေ အဖြေကို "abcd" ဟု ပေးလိုက်တာက ဘယ်တော့မှ မမေ့နိုင် မမှားနိုင်ပါဘူး။ (မှတ်မိနိုင်တယ် ဆိုရင်တော့ နှစ်သက်ရာ အဖြေသတ်မှတ်ပါ)

  • "Optinal Rescue mail" မှာ ဒုတိယ email address (2) ကို ဖြည့်ပါ။ မိမိ၏ မွေးနေ့ ကို မှန်မှန်ကန်ကန် ဖြည့်စွက်ပြီး "Continue" နှိပ်ပါ။



အဆင့် ၈)
"Provide a Payment Method" တွင် "None" ကိုရွေးပါ။

US Store ကို ဆောက်သူများ အမည်မှလွဲ၍ အခြား အရာများကို ပုံပါအတိုင်း ဖြည့်စွက်နိုင်ပါသည်။


  • မိမိကိုယ်တိုင် စိတ်ကြိုက် USA မှ Postal code လိပ်စာကို ရှာဖွေ ထည့်သွင်းလိုသူများ ဤနေရာတွင် ရှာနိုင်ပါသည်။

  • အခြား ကမ္ဘာအဝှမ်း Postal code နှင့် လိပ်စာ ရှာဖွေသူများ ဤနေရာတွင် ရှာဖွေပါ။


အဆင့် ၉)
အားလုံးပြီးစီးပါက "Create Apple ID" ကို နှိပ်ပါ။

အဆင့် ၁၀)
သင်၏ email address (1) သို့  Apple မှ verification letter ပို့ ပါမည်။ email တွင် ဝင်ရောက်စစ်ဆေးပါ။


အဆင့် ၁၁)
သင့် email တွင် ပုံပါအတိုင်း စာကိုတွေ့ ရပါမည် "verify Now >" ကို နှိပ်ပါ။


အဆင့် ၁၂)
အောက်ပါပုံအတိုင်း Apple ID တွင် "email address" နှင့် "password" ကို ထည့်သွင်းပြီး "Verify Address" ကို နှိပ်ပါ။


အဆင့် ၁၃)
အောက်ပါပုံအတိုင်း ပေါ်လာပါက သင်၏ Apple ID ရယူ တည်ဆောက်ခြင်း အောင်မြင်ပြီး ဖြစ်၍ သင်နှစ်သက်ရာ Apple Store ID ကို FREE ရရှိသွားပါပြီ...

Related Posts Plugin for WordPress, Blogger...