Pages

Google.com.mm ကို မြန်မာဘာသာ ဖော်ပြချက်များနှင့် အသုံးပြုနိုင်ဖို့ Myanmar 3 Font Download

အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီ Google သည် www.google.com.mm  ကို မြန်မာဘာသာဖော်ပြချက်များဖြင့် တရားဝင် ပြောင်းလဲ လွှင့်တင်လိုက်ပြီ ဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုသူများ အနေဖြင့် www.google.com.mm   သို့ ဝင်ရောက်ပြီး Search Box ၏ အောက်ဘက်တွင်ရှိသော “မြန်မာဘာသာ”ဟူသည့်
စာလုံးကို ကလစ်နှိပ်ကာ menu ဖော်ပြချက်များအား မြန်မာဘာသာဖြင့် ပြောင်းလဲအသုံးပြုနိုင်ပြီ ဖြစ်သည်။
www.google.com.mm ကို မတ်လ ၂၁ ရက်တွင် စတင်၍ အသုံးပြုနိုင်ခဲ့ခြင်းဖြစ်သော်လည်း မြန်မာဘာသာ ဖော်ပြချက်များဖြင့် မဟုတ်ချေ။ ယခု ဧပြီလ ၄ ရက်တွင်မူ မြန်မာဘာသာ ဖော်ပြချက်များ ပါဝင်သော www.google.com.mm ကို Google က တရားဝင် ပြောင်းလဲလွှင့်တင်လိုက်ခြင်း ဖြစ်သည်။

www.google.com.mm  မှ မြန်မာဘာသာ ဖော်ပြချက်များကို ဖတ်ရှုနိုင်ရန် မိမိ၏ ကွန်ပျူတာတွင် Myanmar 2, Myanmar 3 စသည့် ယူနီကုဒ်ဖောင့်ကို ထည့်သွင်းထားရန် လိုအပ်မည်ဖြစ်သည်။

(ဒီနေရာမှာ  Myanmar 3 font ကိုဒေါင်းယူနိုင်ပါတယ်)
ပြီးခဲသည့် မတ်လ ၂၂ ရက်တွင် Google ကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် Google ၏ ဝန်ဆောင်မှုတစ်ခုဖြစ်သော Google Play Store ကိုလည်း မြန်မာနိုင်ငံမှ ဝင်ရောက်အသုံးပြုလာနိုင်ခဲ့သည်မှာလည်းသိပ်မကြာလှသေးပါဘူး..
ဘာပဲပြောပြောမိုလ်ဘိုင်းလောကအတွက်တော့ဝမ်းသာစရာပါ..မြန်မာနိုင်ငံ၏အနာဂါတ်ဟာလည်း
နည်းနည်းတော့လှပနေပါပြီနော်...........

0 comments:

Post a Comment

IT မီးသီးနည်းပညာ နှင့် software "သင်၏ ဝေဖန်မှုသည် blogger ၏အားဆေးဖြစ်သည်"

Related Posts Plugin for WordPress, Blogger...