Pages

Chrome တွင် မြန်မာစာပေါ်စေရန်(နောက်တစ်နည်း)

 
Chrome Browser မှာမြန်မာဖေါင့်နဲ့ ပတ်သက်ပြီး....မြန်မာစာလုံးတွေ ကောင်းကောင်းဖတ်နိုင်ဖို့  နည်းလမ်း အမျိုးမျိုး ရှိတဲ့အထဲက အဆင်ပြေဆုံး နည်းလမ်းလေး တစ်ခုနဲ့ မသိသေးတဲ့ သူငယ်ချင်းများ အတွက် မိတ်ဆက်ပေးချင်ပါတယ်..။ 
Chorme Browser မရှိသေးရင်  ဒီမှာ ဒေါင်းယူလိုက်ပါ...။

ဟိုးအရင်က myanmar unicode ထွက်မလာသေးတော့ တချို့ကလည်း  Zawgyi CSS ကုတ်ဒ်လေးတွေ ရေးပြီးထည့်ပေးတတ်ကြပါတယ်..။ ဒါပေမဲ့ ခုနောက်ပိုင်း မြန်မာ ယူနီကုတ်ဒ် ( myanmar Unicode ) ထွက်လာတော့ Unicode  နဲ့ ရေးထားတဲ့ ဝက်ဆိုက်ဒ် တွေမှာဆိုရင် မြန်မာစာတွေက တောင်တစ်လုံး မြောက်တစ်လုံး နဲ့ ရေးရ ဖတ်ရတာ အဆင်မပြေတော့ပါဘူး ...။ ဒီပြဿနာလေးဖြေရှင်းဖို့.....

ပထမဆုံး Myanmar Unicode မရှိသေးရင် ဒီမှာ ဒေါင်းယူပြီး Install လိုက်ပါ..။

ပြီးရင်...။ Chrome Browser မှာ...

 အနီရောင် မျှားလေးနဲ့ပြထားတဲ့ Setting ကို Click ပြီး Options ကိုသွားပါ...။ New Tab တစ်ခုအနေနဲ့ ထွက်လာပါလိမ့်မယ်...။

Under the Hood ကို Click ပါ...။

Customize font ဆိုတာလေးကို Click ပါ...။


အနီရောင်နဲ့ ပြထားပေးတဲ့နေရာတွေမှာ နှိပ်ပြီး အားလုံး Zawgyi One ကို ပြောင်းထည့်ပေးပြီး အစိမ်းရောင်နဲ့ပြထားတဲ့ နေရာလေးမှာ Unicode (UTF-8) ကိုပြောင်းပေးလိုက်ပါ...။
 နောက်ဆုံးအနေနဲ့ Unicode နဲ့ရေးထားတဲ့ ဝက်ဆိုက်ဒ် တွေကို မြန်မာစာတွေ အဆင်ပြေစွာ ဖတ်နိုင်ဖို့ ပထမဦးဆုံး Chorme Browser ကိုဖွင့်လိုက်ပါ 
ဒီနေရာလေး (or) ဒီနေရာလေး  ကိုသွားပြီး အပေါ်ဆုံးညာဘက်ထောင့်နားက
ADDED TO CHORME ကို နှိပ်ပြီး Install ပေးလိုက်ရင် Zawgyi one ရော Unicode ပါ ဖတ်လို့ရသွားပါပြီ...။ အောက်က ပုံလေးအတိုင်း


အနီရောင်မျှားလေးနဲ့ပြထားသလို  [က ခ]   ဆိုတဲ့ Logo လေးပေါ်လာမှာပါ မြန်မာစာလုံးတွေ ကောင်းကောင်း မပေါ်ခဲ့ရင် အဲ့ဒီ [က ခ] ဆိုတာလေးကို Click လိုက်ပါ..။ အပြာရောင်လေးနဲ့ ပြထားသလို မြန်မာစာတွေဟာ ကောင်းကောင်း ပေါ်သွားပါပြီ...။
ကျနော့ Blog လေးကိုလဲ Myanmar Unicode ပြောင်းလဲဖို့ စိတ်ကူးထားပါတယ်...။

အပ်ါမှာရှင်းပြထားသလို လုပ်ထားပြီး Chorme Browser မှာ မြန်မာစာတွေဟာ ရှင်းရှင်းလင်းလင်း မမြင်ရသေးဘူးဆိုရင် ဟိုအရင်က သွင်းဖူးထားတဲ့ Zawgyi CSS ကုတ်ဒ်ကို ဒီလမ်းကြောင်းအတိုင်းသွားပြီး   C:\Users\Account Name \AppData\Local\Google\Chrome\User Data\Default\User StyleSheets (အနီရောင်နဲ့ပြထားတဲ့   Account Name  ဆိုတာ ကိုယ့် ကွန်ပြူတာ ရဲ့ နာမည်ပါ ) User StyleSheets  ကိုကလစ်ပါ  Custom ဆိုတဲ့ css ဖိုင်လေးကို ထပ်ကလစ်ပါ  Notepad  လေးတစ်ခု ပွင့်လာမှာပါ  အဲဒီ Notepad  လေးထဲမှာ  ဒီကုတ်ဒ်တွေရှိနေရင်   * , html, body, div,p {font-family:Zawgyi-One !important;}   ဖျက်ပေးပြီး Save ပေးလိုက်ပါ...။

ကျနော် ကိုယ်တိုင်စမ်းသပ်ထားတဲ့ အတိုင်း တင်ပြလိုက်တာဖြစ်လို့ အမှားပါရင် နားလည်ပေးပါ..။ 
အားလုံးကို ကျေးဇူးတင်ပါတယ်..။

ဝင်းကမ္ဘာကျော်

1 comment:

  1. Chrome တွင် မြန်မာစာပေါ်စေရန်(နောက်တစ်နည်း) ~ It Meethee >>>>> Download Now

    >>>>> Download Full

    Chrome တွင် မြန်မာစာပေါ်စေရန်(နောက်တစ်နည်း) ~ It Meethee >>>>> Download LINK

    >>>>> Download Now

    Chrome တွင် မြန်မာစာပေါ်စေရန်(နောက်တစ်နည်း) ~ It Meethee >>>>> Download Full

    >>>>> Download LINK Uk

    ReplyDelete

IT မီးသီးနည်းပညာ နှင့် software "သင်၏ ဝေဖန်မှုသည် blogger ၏အားဆေးဖြစ်သည်"

Related Posts Plugin for WordPress, Blogger...