မင်္ဂလာပါ
ခင်ဗျာ အခုတင်ပေးမည့် ဟာလေးကတော့ မိမိအသုံးပြုနေတဲ့ စက်တွေရဲ့ Destok ကို
အမြင်ဆန်းလေးနဲ့ အသုံးပြုချင်သူတွေအတွက်ပါ.... တော်တော်လေးတော့လန်းပါတယ်
နည်းလမ်းမသိခင်တုန်းက ကျွန်တော်လည်းတော်တော် တိုင်ပတ်ပါတယ် မနေမနား
တစ်ညလုံး နည်းလမ်း ရှာဖွေလိုက်တဲ့ အခါနောက် ဆုံးတော့တွေ့ပါပြီ .. Destok
တစ်ခုလုံးကို လုံးဝလန်းသွားစေမယ့် Full Glass Themes လေးပါ.. Window7
အတွက်ပဲဖြစ်ပါတယ် လက်တဲ့စမ်းချင်သူများ အောက်မှာဒေါင်းယူလိုက်ပါခင်ဗျာ
Glass Themes ဒေါင်းယူရန်>>>
လုပ်နည်းကလည်း အင်မတန်လွယ်ပါတယ် မသိခင်သာ ခက်တာ သိသွားတော့လည်း အလွယ်လေးပေါ့ :P
ပထမဆုံး
အနေနဲ့ အပေါ်မှာဒေါင်းယူလာတဲ့ ဖိုင်ကိုဖြေပါ... အထဲမှာ
UniversalThemePatcher_20090409 zip နဲ့
VS_full_glass_for_win7_by_nguyenxuanhoa zip နှစ်ခုကို ရပါ့မယ်။
နှစ်ခုစလုံးကို Destok ပေါ်သို့တင်ထားပေးပါ။
(၁)
UniversalThemePatcher zip ကို အရင်ဖြေပါ .. လုံးဝဖြေပြီးသွားသောအခါ
UniversalThemePatc.exe နှစ်ခုတွေ့ရမှာ ဖြစ်ပါတယ် ပထမ ဟာကတော့ 64bit
အတွက်ပါ . အောက်ဆုံးကဟာကတော့ 32bit အတွက် မိမိစက်ရဲ့ system အလိုက်
တစ်ခုကို run လိုက်ပါ ပြီးသွားရင် တော့အောက်မှာ ပြထားတဲ့အတိုင်း patch
တွေကို တစ်ခုပြီး တစ်ခုကလစ်သွားပါ။ အားလုံးပြီးသွားပါက Restart
ကျသွားပါလိမ့်မယ်။
(၂) window ပြန်တက်လာပါက
VS_full_glass_for_win7_by_nguyenxuanhoa zip
ကိုဖြေလိုက်ပါ။ဖြေလို့ရလာတဲ့အထဲက ဖိုင် 3 ဖိုင်စလုံးကိုကော်ပီကူးပါ
My
Computer>> local Disk (C) >> Windows >> Resources
>> Themes လမ်းကြောင်းအတိုင်းသွားပြီးတော့ Paste လုပ်လိုက်ပါ။
(၄) အကြည်လေးဖြစ်ဖို့အတွက်ကတော့ My Computer>> local Disk (C) >> Windows >> Resources >> Themes လမ်းကြောင်းအတိုင်းသွားပြီးတော့ Full glass ဆိုတဲ့ ဖိုင်လေးကို double click လုပ်ပေးရမှာဖြစ်ပါတယ်
ပြီးသွားရင်တော့ သင်ရဲ့ Destok ဟာ Gslass Themes လေးနဲ့လန်းနေပါပြီ။
အားလုံးပဲ အဆင်ပြေကြပါစေဗျာ ကျွန်တော်တော့ ဒီလိုဖြစ်ဖို့ မိုးလင်းခဲ့ပါတယ်.။ တတ်နိုင်သလောက် နားလည်လွယ်အောင်တော့ ရှင်းပြပေးထားပါတယ်.။ အဆင်မပြေတာရှိရင် Comment ပေးခဲ့လိုက်ပါ..
လာလည်သူမိတ်ဆွေအပေါင်းကိုကျေးဇူးတင်လျှက်...
0 comments:
Post a Comment
IT မီးသီးနည်းပညာ နှင့် software "သင်၏ ဝေဖန်မှုသည် blogger ၏အားဆေးဖြစ်သည်"