Pages

Top 5 Antivirus app for android



ဒီ post လေးရေးဖြစ်တဲ့အကြောင်းကတော့ကွယ်.. ဟို .. " ဘ " ကိစ္စကြောင့်ပေါ့နော်..။ တလောကလဲ

facebook ပေါ်မှာ fb theme changer ဆိုပြီးဘာမှန်းမသိတဲ့ app request တွေရောက်လာသေးတယ်..။

ဘ တွေနဲ့ cyberwar ကြီးဖြစ်နေတဲ့အတွက် ဒါလိုမျိုးအကောင်ဆန်းဆန်းလေးတွေက မကြာမကြာရောက်

လာလိမ့်မယ်ထင်ပါတယ်..။ ( နားလည်လားတော့မသိဘူး.. :P ) ဘယ်လိုပဲဖြစ်ဖြစ်ပါ .. ကျိုတင်ကာကွယ်

တဲ့အနေနဲ့ ကိုယ်ဖုန်းထဲမှာ antivirus ကောင်းကောင်းလေးတစ်ခုတော့ ထည့်ထားသင့်ပါတယ်..။ 

အဲ့ဒါကြောင့် အကောင်းဆုံး antivirus ငါးမျိုးကို collect လုပ်ပေးလိုက်ပါတယ်.။တစ်ခုတော့သတိပေးပါရစေ

အောက်က ငါးမျိုးထဲကနေ ကိုယ့်စိတ်ကြိုက်တစ်ခုကိုရွေးချယ်ပြီး အဲ့တစ်ခုထဲကိုပဲ install လုပ်ထားပါ..။

ပိုလုံခြုံအောင်ဆိုပြီး နှစ်ခုသုံးခု install မလုပ်မိပါစေနဲ့..။ ok နော်. အစဉ်ပြေပါစေ.. :)


Avast Mobile Security 

လူသိများတဲ့ app တစ်ခုပါပဲ..။ Avast ကနေ နံမည်ကြီး operating systems တော်တော်များများအတွက်

လဲ antivirus software တွေထုတ်လုပ်ပေးထားပါတယ်...။ antivirus ဆော့ဝဲတွေကို စမ်းသပ်အကဲဖြတ်ပေးနေတဲ့ av-test.org

ရဲ့ best antivirus till date for Android ဆုကိုလဲရရှိထားပါသေးတယ်..။ viruses, malware နဲ့ spywares အမျိုးအစားအားလုံးနီးပါ

ရန်မှ ကာကွယ်ပေးနိုင်ပါတယ်..။ ဖုန်းပျောက်သွားတဲ့အခါမျိုးမှာလဲ ဖုန်းရှိနေတဲ့တည်နေရာကို အလိုလျှောက်ပြပေးမဲ့ GPS location feature

လဲပါဝင်ပါသေးတယ်..။ အခမဲ့ app တစ်မျိုးဖြစ်ပြီး စုံလင်လှတဲ့စွမ်းဆောင်ရည်တွေကြောင့် ဆောင်ထားသင့်တဲ့ antivirus တစ်မျိုးပါပဲ..။






AVG Antivirus Security

ကွန်ပြူတာလောကမှာတော့ နံမည်ကြီး Antivirus တစ်မျိုးပါပဲ..။ ဖုန်းအတွက်ထွက်တဲ့ ဒီ appမှာတော့ ထူးခြားတဲ့ anti-thief ဆိုတဲ့ feature

လေးပါဝင်လာပါတယ်...။ အကယ်လို့သင့်ဖုန်း သူခိုးအခိုးခံရမယ်ဆိုရင် D feature လေးက google Map ကနေတဆင့်သင့် mail ထဲကို ဖုန်းရဲ့

တည်နေရာကို ပို့ပေးမှာဖြစ်ပါတယ်..။ ဖုန်းထဲက ကိုယ်ရဲ့အရေးကြီး data တွေကို တစ်ခြားသူမသိအောင်လော့ချထားလို့ရတဲ့ lock feature လဲပါ

ဝင်ပါသေးတယ်..။








Lookout Security & Antivirus

သူလဲ android ဖုန်းတွေအတွက် နံမည်ကြီး antivirus တစ်မျိုးပါပဲ..။ စွမ်းဆောင်ရည်ခြင်းကတော့ AVG နဲ့တော်တော်များများတူပါတယ်..။

viruses, malware လိုမျိုးအဖျတ်ကောင်တွေကို အလိုလျှောက် scan လုပ်ပေးပြီး အမြစ်ပြတ်သုတ်သင်ပေးပါတယ်..။ အခပေး နဲ့

အခမဲ့ version နှစ်မျိုးရှိပြီး အခုပေးတဲ့အခမဲ့ version မှာတော့ တချို့ feature တွေကိုပိတ်ထားပါတယ်..။ အခပေး version မှာတော့

contacts, SMS/call logs, နဲ့ photos ကို backup ဆွဲလို့ရတဲ့ backup feature ပါဝင်ပါတယ်..။






Norton Security antivirus

PC antivirus လောကမှာတော့ ထိပ်ဆုံးကဦးဆောင်နေတဲ့ software တစ်ခုပါပဲ...။ ယခုဆိုရင်တော့ android ဖုန်းတွေထဲမှာပါ ထည့်သွင်း

အသုံးပြုလို့ရနေပါပြီ..။ ဒီ app လေးမှာဆိုရင် Anti malware, Anti-theft features, Web protection, Call & SMS blocking စတဲ့

feature တွေပါဝင်ပါတယ်...။ Web protection ပါဝင်တဲ့အတွက် internet သုံးသူတွေအတွက် အထူးသင့်လျှော်ပါတယ်..။ scen ဖတ်တဲ့

နေရာမှာလဲ မြန်ဆန်ပြီး virus အမျိုးစားတော်တော်များများကိုလဲ ရှာဖွေပေးနိုင်ပါတယ်..။ ဖုန်းတိုင်းမှာရှိနေသင့်တဲ့ app တစ်ခုပါပဲ..။






NQ Mobile Security & Antivirus

ဖုန်းတော်တော်များများမှာဒီ app လေးကိုတွေ့ရပါတယ်...။ သူလဲနံမည်ကြီးပါပဲ..။ ဒီဟာကလဲ တခြား antivirus တွေလိုမျိုးပဲသင့်ဖုန်းကို

virus, spyware, Trojans နဲ့ malware တွေရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်..။ အသွင်ပြင်ပုံစံလေးကလဲ ဆန်းပြီးတော့ သုံးရတာလဲ

လွယ်ကူရိုးရှင်းပါတယ်..။ သင့်ဖုန်းထဲကို spyware တစ်ခုခု install လုပ်မိတဲ့အခါမှာလဲ အသံနဲ့အချက်ပေးတဲ့ anti-eavesdropping စနစ်လဲ

ပါဝင်ပါသေးတယ်..။ အထူးညွှန်းနေစရာမလိုအောင် ပြည့်စုံလှတဲ့အတွက်ဆောင်ထားသင့်တဲ့ app တစ်ခုပါပဲ..။




ဆက်လက်ရှာဖွေလျှက်
( itmeethee.blogspot.com )

0 comments:

Post a Comment

IT မီးသီးနည်းပညာ နှင့် software "သင်၏ ဝေဖန်မှုသည် blogger ၏အားဆေးဖြစ်သည်"

Related Posts Plugin for WordPress, Blogger...