iDevice များကို Jailbreak လုပ်ပြီး သုံးစွဲကြသူ အများစုဟာ တစ်ဦးနှင့်တစ်ဦး ရည်ရွယ်ချက် တူညီချင်မှသာ တူညီကြပါလိမ့်မယ် မည်သို့ ပင် မတူညီသော်ငြားလည်း "Tweaks" တွေကိုတော့ သွင်းယူကြရတာပါပဲ။ များများသွင်းတာနှင့် နည်းနည်းသွင်းတာသာ ကွာခြားသွားတတ်ပါတယ်။
ကျွန်တော်ဆိုရင် "Tewak" တွေ အများကြီးသွင်းထားတာ မနှစ်သက်ပါဘူး ဘာကြောင့်လဲ ဆိုတော့ iOS 5.1.1 တုန်းက ခံလိုက်ရလို့ ပါ။
Tweak နှစ်ခု crash ဖြစ်ပြီး iOS ပြန်တက်မလာတော့ပါဘူး၊ Restore လဲ လုပ်လိုက်ရော iOS 6 ဖြစ်သွားပါတယ်။ SHSH blobs လဲ save မလုပ်ထားမိတော့ ဆင်းလို့ လဲမရ၊ Jailbreak မရပဲ အကြာကြီး ဂိန်သွားပါတယ်။
အဲသလို ဂန့် သွားတာဟာ ယခုနည်းလမ်းကို မသိသေးလိုက်လို့  ဖြစ်ပါတယ်။ အမှိုက်ကစ ပြဿာဒ်မီးလောင်သွားတဲ့ အတွက် တော်တော်လေး နောင်ကျဉ်သွားခဲ့ပါတယ်။
Tweak များကို အလွန်ကလိ တတ်တဲ့ မိတ်ဆွေများလည်း ကျွန်တော့်လို မဖြစ်စေလိုသော ရည်ရွယ်ချက်နှင့် တင်ပြလိုက်ရပါတယ်။ သိရှိထားသူများ သီးခံပေးကြပါ။
Cydia ကို တည်ထောင်သူ "Saurik" က သူရဲ့  Cydia ကို လွန်ခဲ့တဲ့ တစ်နှစ်လောက်ထဲက Update လုပ်ထားပေးခဲ့ပါတယ် အဲဒီ အထဲမှာပါတဲ့ "Mobile Substrate" ဟာ System crash ဖြစ်သွားတဲ့ အခါမှာ "safe mode" နဲ့  ပြန်လည်နိုးထနိုင်စေဖို့  ရည်ရွယ်ထားပါတယ်။
iPhone, iPad, iPadTouch များ အားလုံးတွင် အသုံးပြုနိုင်ကြပါတယ်။ ယခုဆိုရင် Mobile Substrate version 0.9.4001 ကိုရောက်နေပြီး iOS 6.x နှင့်လည်း အဆင်ပြေပြေ အလုပ်လုပ်နိုင်ပါတယ်။
"Mobile Substrate" အသုံးပြုနည်း
tweaks အချို့ ကြောင့် Crash ဖြစ်သွားပြီ ဆိုကြပါစို့ 
- Device ရဲ့  Power button ကို နှိပ်ပြီး "Apple Logo" ပေါ်လာသည်နှင့် တစ်ပြိုင်နက် "Volume UP" button ကို ဆက်တိုက်ဖိထားပါ။ (ခပ်ကြာကြာ ဖိထားပြီးမှ လွှတ်လိုက်ပါ)
- "Passcode" ဖြည်ပြီး Home screen ရောက်သွားတဲ့ အခါမှာ မည်သည့် "tweaks" မျှ အလုပ်မလုပ်ပဲ Apple original အတိုင်း ပုံမှန်ဖြစ်နေပါမည်။
tweak အလုပ် လုပ်မလုပ် လွယ်လွယ်စမ်းလိုပါက "keyboard" လက်ကွက်ကို မြန်မာစာပြောင်း၍ ရိုက်ကြည့်ပါ မြန်မာစာတွေ မြင်ရပေမယ့် ရိုက်လိုက်တဲ့အခါ မပေါ်တော့ကြောင်း တွေ့ ရမည်။
- ဤအခြေနေတွင် "Cydia" ထဲဝင်၍ Crash ဖြစ်မယ်ဟု ယူဆရသော tweaks များကို ဖျက်ပစ်နိုင်ပါပြီ။
- ထို့ နောက် Reboot လုပ်ပါ။
ယခုနည်းလမ်းလေးကို အသုံးပြုနိုင်ဖို့  "Cydia" ကို UPDATE လုပ်ရန်သာ လိုအပ်ပါသည်....
0 comments:
Post a Comment
IT မီးသီးနည်းပညာ နှင့် software "သင်၏ ဝေဖန်မှုသည် blogger ၏အားဆေးဖြစ်သည်"