မေလ ၂၈ ရက်နေ့က collection လုပ်ထားတဲ့ Top 10 photo editor app လေးတွေပါ..။
ဒေါင်းလော့လင့်က နှစ်မျိုးပေးထားပါတယ်..။ Direct download ဆိုတာက click နှိပ်လိုက်တာ
နဲ့ တန်းပြီး download ကျလာမှာပါ.. speed တော့နှေးပါတယ်.. ။ download in box
ကတော့ box.com ကနေတဆင့် down ကမှာပါ..။ speed ကတော့ direct ဒေါင်းတာထက်
သာပါတယ်.. ။ အစဉ်ပြေမယ်ဆိုရင် box ကနေပဲ download လုပ်ပါ...။
########## @@@@@@@###########
PicaArt
လူဦးရေ သန်းတစ်ရာကျော်အသုံးပြုနေတဲ့ နံမည်ကြီး photo editing app တစ်ခုဖြစ်ပါတယ်..။ အသုံးပြုရာတာ လွယ်ကူပြီးတော့
တစ်ခြား app တွေမှာမပါဝင်တဲ့ Drawing Tool လဲပါဝင်ပါတယ်..။ ဒါ့အပြင် photo editor, photo grid, college maker တတို့
လဲပါဝင်ပါတယ်..။ ရွေးချယ်စရာ colour effect များစွာနဲ့အတူ မိမိရဲ့ဓာတ်ပုံကိုဘောင်ထည့်သွင်းခြင်း၊ stickers အရုပ်လေးတွေ
ထည့်သွင်းခြင်း၊ ဓာတ်ပုံပေါ်မှာ စားရေးသားခြင်းတွေကိုလဲပြုလုပ်နိုင်မှာပါ..။ ကိုယ်တိုင် edit လုပ်ထားတဲ့ပုံတွေကို ဒီappကနေတဆင့်
PicsArt ရဲ့ social network ပေါ်တင်ပြီးမျှဝေလို့လဲရပါသေးတယ်..။ PicsArt ရဲ့ social site မှာ profile ဖြည့်ထားမယ်ဆိုရင်တော့
stickers ဆန်းဆန်းလေးတွေ နဲ့ frames ဆန်းဆန်းလေးတွေအပိုရရှိပါလိမ့်မယ်...။ ads တော့နည်းနည်းဝင်ပါတယ်..
Direct download
download in BOX
Snapseed
Snapseed ကလည်း ကောင်းမွန်တဲ့ photo editor တစ်ခုပါပဲ...။ ကမ္ဘာကျော် PC Photo Editing Software တွေဖြစ်တဲ့
photoshop တို့ Lightroom တို့အတွက် plugins တွေရေးသားပေးနေတဲ့ Nik Software Inc ကရေးသားတဲ့ application
ဖြစ်ပါတယ်..။ ဒီ app ရဲ့ထူးခြားချက်ကတော့ ဓာတ်ပုံကို ပိုမိုကောင်းမွန်အောင် brightness, shadows, white balance,
saturation တွေကို အလိုလျှောက်ချိန်ညှိပေးမဲ့ Auto adjustment function ပါဝင်တာပါပဲ..။ Sharing အနေနဲ့ကတော့
Email , facebook , Google+ နဲ့တခြား social site တွေပါဝင်ပါတယ်..။
Pixlr Express
ကောင်းမွန်ပြည့်စုံတဲ့ editor app တစ်ခုဖြစ်ပါတယ်..။ Autodesk Inc ကရေးသားထားပြီး အခမဲ့ရရှိနိုင်တဲ့ application တစ်ခုပါ
ဓာတ်ပုံများကို crop လုပ်ခြင်း resize လုပ်ခြင်းများကို လျှင်မြန်စွာပြုလုပ်နိုင်ပါတယ်..။ pencil, poster, halftone, water color,
sketch စတဲ့ adobe photoshop ထဲမှာပါဝင်တဲ့ function တွေလဲပါဝင်တာကြောင့် ဓာတ်ပုံတစ်ပုံကို pro ကျကျတည်းဖြတ်နိုင်မှာပါ
Automatic adjustment လဲပါဝင်တာကြောင့် ပုံတွေကို လွယ်လင့်တကူပြုပြင်နိုင်ပါတယ်..။
Photo Editor by Aviary
Aviary ကလည်း application ကောင်းလေးတစ်ခုပါပဲ..။ မိမိဓာတ်ပုံနဲ့ လိုက်ဖက်မဲ့ effect ကို auto ပြုပြင်မေးမဲ့ Enhance tool
ပါဝင်တာကြောင့် ပုံတွေကို အလွယ်တကူပြင်ဆင်နိုင်ပါတယ်..။ နောက်တစ်ခုကတော့ မမတွေအကြိုက် ဓာတ်ပုံထဲကမျက်နှာကို
အစွမ်းကုန် ပြင်ဆင်ခြယ်သလို့ရမဲ့ Cosmetic tool တွေလဲပါဝင်ပါတယ်..။ တခြားများပြားလှတဲ့ Edit Features တွေပါဝင်တာ
ကြောင့် ဆောင်ထားသင့်တဲ့ app တစ်မျိုးပါပဲ..။
Pixir-o-matic
ဒီ app ကတော့ ဓာတ်ပုံတွေကို အပျော်သဘောတည်းဖြတ်ချင်သူတွေအတွက် သုံးရလွယ်ကူတဲ့ editor တစ်ခုပါ.။ အပျော်သဘော
ဆိုပေမဲ့ စိတ်ကူးကောင်းရင်ကောင်းသလောက် ဆန်းပြားတဲ့ effect တွေနဲ့ပုံကိုရရှိမှာပါ..။ photo filters, light filters ဆိုတဲ့ tool
နှစ်ခုနဲ့ပုံတွေကို ပြုပြင်ရမှာဖြစ်ပြီး လှပတဲ့ photo frames လေးတွေနဲ့လဲ အလှဆင်နိုင်ပါသေးတယ်..။ ဓာတ်ပုံတွေကို ပြင်နေတုန်းမှာ
အကြောင်းတစ်ခုခုကြောင့်ရပ်ထားချင်တယ်ဆိုလဲ project အနေနဲ့ save လုပ်ထားလို့ရပြီး လိုအပ်တဲ့အချိန်မှ ဆက်လက်ပြုပြင်နိုင်ပါတယ်..
Free app ဖြစ်ပေမဲ့လည်း Ads တွေမပါဝင်တာကြောင့် စိတ်အေးချမ်းသာစွာ အသုံးပြုနိုင်ပါတယ်..။
Befunky Photo Editor
Photo Editing app တွေပါဝင်တဲ့ colour filter တွေအားလုံးပါဝင်တဲ့အပြင် တစ်ခြား Appတွေမှာပါ မမြင်ဖူးတဲ့ filters တွေပါပါဝင်ပါတယ်.
ဖရိန်ပုံစံ အဆန်းအပြားလေးတွေ ပါဝင်ပြီး Fonts ဒီဇိုင်း လှလှလေးတွေနဲ့လဲ ဓာတ်ပုံပေါ်မှာ စာရေးလို့ရပါတယ်..။ ဒီ app ရဲ့ထူးခြားခက်က
တော့ ပုံတစ်ပုံကို တစ်ချိန်ထဲမှာပဲ ကိုယ့်စိတ်ကြိုက် effect ပေါင်းများစွာထည့်ပြီး အလှဆင်နိုင်တာပါပဲ...။ Befunky Photo Editor ဟာ
Tablets တွေအတွက် သီးသန့် paid version ထုတ်လုပ်ထားပြီး Google play store မှာအခမဲ့ download ရယူနိုင်ပါတယ်..။
Cymera
Cymera ကတော့ Editor အနေနဲ့သာမက Camera အနေနဲ့ပါ အသုံးဝင်တဲ့ appတစ်ခုဖြစ်ပါတယ်..။ ကင်မရာ appကောင်းကောင်း
လူနေသူတွေအတွက်ကတော့ ဒီတစ်ခုထည့်ထားယုံနဲ့ editing အတွက်ပါ အစဉ်ပြေသွားမှာဖြစ်ပါတယ်..။ Camera အနေနဲ့သုံးမယ်
ဆိုရင်တော့ လှပတဲ့ colour filter လေးတွေအပြင် hand-picked filters, shooting modes, face detection, collage effects
တွေလဲ အသုံးပြုနိုင်ပါတယ်..။ နောက်ပြီး Cosmetic tool အနေနဲ့ Make up function လေးလဲပါဝင်တဲ့အပြင် ဓာတ်ပုံတွေပေါ်မှာ
ကိုယ့်လက်ရေးနဲ့ စာတွေပုံတွေရေးသားနိုင်မယ့် free draw tool လဲ ပါဝင်ပါတယ်..။
Picsay
ထူးခြားတဲ့ App လေးတစ်ခုပါပဲ ။ ဘယ်app မှာမှမပါဝင်တဲ့ Distort, Dizziness, Invert, Pixelate, Rainbow နဲ့ Spotlight tool
တွေပါဝင်ပါတယ်..။ sticker ဆန်းဆန်းလေးတွေလဲပါဝင်ပြီး အပျော်တန်း edit လုပ်သူတွေအတွက်သင့်တော်တဲ့ app တစ်ခုပါပဲ..။
နောက်ထက် အသုံးဝင်မှုတစ်ခုကတော့ စကားပြောတဲ့ပုံစံ Word Balloons လေးတွေ ထည့်သွင်းနိုင်တာပါပဲ..။ စာလုံးထည့်သွင်းခြင်း
ကို အသားပေးထားပြီး သုံးရလွယ်ကူတဲ့ tool လေးတစ်ခုပါ ..။ အခမဲ့နဲ့ အခပေး version နှစ်မျိုးထုတ်လုပ်ထားပြီး အခပေး version
မှာတော့ drawing, removing red-eye နဲ့တခြား function တွေပိုပါဝင်ပါတယ်..။
VSCO Cam
VSCO Cam ကတော့ photo editing အပြင် sharing ပါပြုလုပ်နိုင်တဲ့ app တစ်ခြုဖြစါပတယ်.. ။ crop, rotate, sharpness,
brightness, contrast, saturation, highlights, shadows tools တွေပါဝင်ပြီး မိမိရိုက်ကူးထားတဲ့ ပုံအမျိုးစားအလိုက်လဲ
Auto adjust လုပ်ပေးနိုင်ပါသေးတယ်..။ colour စုံ filters များနဲ့ဓာတ်ပုံတစ်ပုံကို အလှပဆုံးဖြစ်အောင်ပြင်ဆင်နိုင်ပါတယ်..။
Picsart လိုပဲ VSCO မှာလဲ ကိုယ်ပိုင် network တစ်ခုရှိတာကြောင့် ကိုယ်ပုံတွေကို အလွယ်တကူ online ပေါ်မှာမျှဝေလို့ရပါတယ်.။
Photo editor pro
နံမည်နဲ့တင် ရှင်းပါတယ်..။ တကယ့်ကို pro ပါပဲ..။ Avenue, Arizona, Clyde, Dean, Haas, Lucky, Sage စတဲ့ filter ပုံစံတွေ
နဲ့ အလှဆုံးဖြစ်အောင် ပြုပြင်နိုင်ပါတယ်..။ အလွယ်တကူချိန်ညှိမေးမဲ့ one-tap auto enhance feature လဲပါဝင်ပါတယ်.. သုံးရတာ
လွယ်ကူပြီးတော့ social sharing အနေနဲ့ကတော့ Facebook နဲ့ Twitter မှာတိုက်ရိုက်မျှဝေနိုင်ပါတယ်..။ အထူးညွှန်းနေစရာ မလိုအောင်
ကောင်းမွန်တဲ့အတွက် ရှိထားသင့်တဲ့ app တစ်ခုဖြစ်ကြောင်း လမ်းညွှန်လိုက်ပါတယ်...။