app လေးတွေ၊ စက်ကို အမှိုက်ရှင်းပေးတဲ့ app လေးတွေကို ကိုယ်တိုင် မြန်မာမှုပြုနိုင်စေဖို့ အသေးစိတ်
ဖော်ပြပေးလိုက်ပါတယ်။ တချို့တွေစမ်းသပ်ကြည့်ကြတဲ့အခါမှာ အခက်အခဲလေးတွေ ရှိနေကြသေးတာမို့
လို့ ဒီလို အသေးစိတ် ဖော်ပြပေးလိုက်တာပါ။ အရင်ဦးဆုံး ကိုယ့်ရဲ့ ကွန်ပျူတာထဲမှာ JDK (Java Development Kit) ရှိနေဖို့ လိုအပ်ပါတယ်။ Java ကို Install လုပ်နည်း နဲ့ ထည့်သွင်းနည်း အသေးစိတ်ကို
"Java ကို Install စတင် ပြုလုပ်ခြင်း" မှာ သွားရောက် ဖတ်ရှု နိုင်ပါတယ်။ ဒါဆိုရင် ကွန်ပျူတာမှာ Java
ထည့်သွင်းပြီးပြီ လို့ ယူဆလိုက်ပါတော့မယ်။ ဒေါင်းစရာ ဖိုင် နှစ်ဖိုင်ရှိပါတယ်။ မူရင်း Download Link ကတော့ >>> http://apkmultitool.com/?q=node/5 ဖြစ်ပါတယ်။
ဒါပေမယ့် Frame Work ဖိုင်ကို ဒေါင်းဖို့ ရှာမတွေ့ကြတဲ့အတွက် MediaFire မှာ တင်ထားပေးပါတယ်။
APK-Multi-Tool ကို Down ရန် >>> Download <<<
Framework ကို Down ရန် >>>Download <<<
ဒေါင်းလို့ ရရှိလာတဲ့ zip ဖိုင် နှစ်ဖိုင်ပေါ်ကို Right Click နှိပ်ကာ Extract Here ဖြင့် နှစ်ဖိုင်လုံးကို ခွဲလိုက်ပါ။
ခွဲပြီးသွားရင် framework-res_api16.apk ကို ကော်ပီကူးပြီး APK-Multi-Tool ဖိုဒါထဲကို ထည့်ပါ။
အဲ့ဒိ framework-res_api16.apk ဖိုင်ကို Rename ပြောင်းပါမယ်။ framework-res.apk လို့ပြောင်းလိုက်
ပါ။ ပြီးရင် other ဖိုဒါထဲကို ထည့်ပေးလိုက်ပါ။ တစ်ခုပြောချင်တာက Rename ပြောင်းတဲ့ အချိန်မှာ ဂရု
စိုက်ပေးပါလို့ ...။
နောက်တစ်ဆင့်ကတော့ Setup.bat ဖိုင်ကို Double Click နှိပ်ကာ Run ပေးပါ။ ပြီးသွားရင် Frame Work
ကို Install ဖို့အတွက် 2ကို ရိုက်ကာ Enter ခေါက်ပါ။
ပြီးရင် 1 ကို ထပ်ရိုက်ပြီး Enter ခေါက်ပါ။
framework ကိုတွေ့ရှိပြီး Install လုပ်ပါလိမ့်မယ်။ Press any key to continue ... ဆိုရင် ကီးဘုတ်မှ ကီး တစ်ခုခု နှိပ်ပေးလိုက်ပါ။
ပြီးရင် (ပိုရှင်းသွားအောင်) Setup.bat ကို ပိတ်ပြီး တစ်ခါ ပြန်ဖွင့်ပါ။ 3 လို့ ရိုက်လိုက်ပြီး Enter ခေါက်လိုက်
ရင် ပုံမှာ ပြထားတဲ့ အတိုင်း ဖိုဒါ အသစ်တွေကို တွေ့ရှိရမှာပါ။
_______________________________________________________________________
place-apk-here-for-modding ဖိုဒါထဲကို ကိုယ် မြန်မာမှုပြုချင်တဲ့ apk ဖိုင်ကို ထည့်ပါ။ ကျွန်တော်က
တော့ နမူနာအနေနဲ့ Facebook.apk တစ်ခုကို ထည့်လိုက်ပါတယ်။
တစ်ခု သတိထားဖို့ ပြောချင်တာကတော့ ကိုယ်ထည့်လိုက်တဲ့ apk ဖိုင်ရဲ့ နာမည်ဟာ လုံးဝ Space မခြား
ရပါဘူး။ ဒါဟာ အရေးကြီးပါတယ်။ ပြီးရင်Script.bat ဖိုင်ကို Double Click နှိပ်ကာ Run လိုက်ပါ။ ကိုယ်
ထည့်လိုက်တဲ့ apk ဖိုင်ကို ရွေးချယ်ပေးဖို့ အတွက် 24 ကို ရိုက်ပြီး Enter ခေါက်ပါ။
place-apk-here-for-modding ဖိုဒါထဲမှာ apk ဖိုင် များများထည့်ထားရင် များများပေါ်နေမှာပါ။ ကျွန်တော်
ကတော့ ခုနက ထည့်ထားလိုက်တဲ့အတိုင်း Facebook.apk ဆိုတာတစ်ခုတည်းရှိနေလို့ တစ်ခုတည်း ပေါ်
နေပါတယ်။ အဲ့ဒါလေးကို ရွေးချယ်ဖို့ 1 ကိုရိုက်ပြီး Enter ခေါက်ပါ။
apk ကို Decompile ခွဲမှာ ဖြစ်တဲ့ အတွက် 9 လို့ ရိုက်ပြီး Comment ပေးလိုက်ပါ။ ဒါဆိုရင်တော့ ခွဲနေပါ
လိမ့်မယ်။ ဖိုင်ရဲ့ ဆိုဒ် အကြီးအသေးကို မူတည်ပြီး ကြာချင်ကြာပါလိမ့်မယ်။
ခွဲပြီးသွားရင်တော့ Projects ဆိုတဲ့ ဖိုဒါထဲမှာ ကိုယ်ခွဲထားတဲ့ Facebook.apk ဖိုဒါကြီး ရောက်ရှိလို့နေပါပြီ။
Script.bat ဖိုင်ကြီးကိုတော့ မပိတ်သေးဘဲ Minimize လုပ်ထားလိုက်ပါ။
မြန်မာ လို စာတွေ ထည့်နိုင်ဖို့ အတွက် အဲ့ဒိ Facebook.apk ဖိုဒါထဲကို ၀င်ပါ။ ပြီးရင် res ဖိုဒါထဲကို ၀င်ပါ။
အဲ့ထဲကမှ values ဖိုဒါထဲမှ strings ဆိုတဲ့ xml ဖိုင်လေးကို ဖွင့်လိုက်ပါ။
ပြီးရင် အောက်ပါပုံအတိုင်း </string> ဆိုတာလေးရဲ့ရှေ့က အင်္ဂလိပ်စာတွေကို သင့်တော်သလို မြန်မာ
စာ ပြောင်းပါ။
အားလုံးပြောင်းပြီးရင်တော့ သိမ်းပါမယ်။ File ကို နှိပ်ပြီး Save as... ကို နှိပ်ပါ။
အဲ့နောက် အောက်ပါအတိုင်း Save as type မှာ All Files ကို ရွေးထားပါ။ Encoding မှာ UTF-8 ကို ရွေး
ပေးပါ။ ပြီးရင်တော့ Save ပေါ့...။
ဖိုင်က ရှိပြီး သားဖြစ်ပါတယ်... အစားထိုးမှာလား ??? ဆိုပြီးမေးလာရင် Yes ကို နှိပ်ပေးလိုက်ပါ။
Script.bat ဖိုင်ကို ပြန်သွားပါ။ ကိုယ့်ရဲ့ apk ဖိုင်က System apk မဟုတ်ရင် 12 ကို ရိုက်ပါ။ System apk
ဆိုရင်တော့ 11 ကိုရိုက်ပါ။ အခု Facebook.apk အတွက်ကတော့ System apk မဟုတ်လို့ 12 လို့ပဲ ရိုက်
ဆိုရင်တော့ 11 ကိုရိုက်ပါ။ အခု Facebook.apk အတွက်ကတော့ System apk မဟုတ်လို့ 12 လို့ပဲ ရိုက်
လိုက်ပါ။ ပြီး ရင် Enter ခေါက်၊ ခဏစောင့် ! :D
1, 2, 3, 4 ရွေးစရာ မေးလာရင် 2 ကို ရွေးပေးပြီး Enter ခေါက်လိုက်ပါ။
ပြီးရင် apk ကို Sign လုပ်ရန် အတွက် 13 လို့ ရိုက်ပြီး Enter ခေါက်ပါ။
အားလုံးပြီး သွားပါပြီခင်ဗျာ ...... ။ ကိုယ် မြန်မာမှုပြုထားတဲ့ apk လေး ကို
တွေ့ချင်ရင်တော့ place-apk-here-for-modding ဖိုဒါထဲကို ပဲ
ပြန်သွားလိုက်ပါ။ မူရင်း apk က Facebook.apk ဖြစ်ပြီး၊ မြန်မာမှု
ပြုထားတဲ့ apk ကတော့ SignedFacebook.apk ဖြစ်ပါတယ်။
ပြုထားတဲ့ apk ကတော့ SignedFacebook.apk ဖြစ်ပါတယ်။
ဒီလိုနည်းနဲ့ပဲ တခြား ဖိုင်တွေ ဖြစ်တဲ့ drawables ဖိုဒါတွေထဲကို လျှောက်ဝင်ကြည့်ပြီး ပုံ လေးတွေကိုလည်း
ပြုပြင်ပြောင်းလဲနိုင်ပါသေးတယ်ဗျာ.....။ တခြား apk ဖိုင် ( ဂိမ်းတွေ၊ စက်ရှင်းတဲ့ ဆော့ဝဲတွေ) ကိုလည်း
စမ်းသပ်ကြည့်ကြပါဗျာ...။
စမ်းသပ်ကြည့်ကြပါဗျာ...။
:o ... ဟူး ... ပီး တွား ပီ !!! :P
အားလုံးကို ကျေးဇူးတင်ပါတယ် ...။
ဖတ်ရှုပေးတဲ့ အတွက် .... :D



















This comment has been removed by the author.
ReplyDeleteApk ကို မြန်မာမှုပြုခြင်း အသေးစိတ် ~ It Meethee >>>>> Download Now
Delete>>>>> Download Full
Apk ကို မြန်မာမှုပြုခြင်း အသေးစိတ် ~ It Meethee >>>>> Download LINK
>>>>> Download Now
Apk ကို မြန်မာမှုပြုခြင်း အသေးစိတ် ~ It Meethee >>>>> Download Full
>>>>> Download LINK H4
ကျွန်တော့်ဘလော့ရဲ့ လိပ်စာကို နည်းပညာ ရပ်ဝန်းစုံမှ IT Field Network အဖြစ်သို့
ReplyDeleteပြောင်းလဲထားပြီး ဖြစ်တဲ့အတွက် Java ကို စတင် Install ခြင်း လင့်ခ်လေးကို
အားလုံးအဆင်ပြေသွားအောင် ပြန်ပြောင်းပေးပါဦးဗျို့၊ Share ပေးတဲ့ အတွက် ကျေးဇူး
တင်ပါတယ်ဗျာ။
Java ကို Install ပြုလုပ်ခြင်း လင့်ခ်
http://itfieldnet.blogspot.com/2013/06/java-install.html
Thank You
ReplyDeleteApk ကို မြန်မာမှုပြုခြင်း အသေးစိတ် ~ It Meethee >>>>> Download Now
ReplyDelete>>>>> Download Full
Apk ကို မြန်မာမှုပြုခြင်း အသေးစိတ် ~ It Meethee >>>>> Download LINK
>>>>> Download Now
Apk ကို မြန်မာမှုပြုခြင်း အသေးစိတ် ~ It Meethee >>>>> Download Full
>>>>> Download LINK Io