ယခုရက်ပိုင်းအတွင် "Kuaiyong" နဲ့  Install လုပ်ထားပြီး သုံးနေခဲ့တဲ့ App တွေကို ဖွင့်လိုက်ရင် "Apple ID နှင့် Password" တောင်းနေပြီး သုံးလို့ မရ ဖြစ်နေတာကို မလွဲမသွေ ကြုံတွေ့ နေကြရမှာပါ...
ဒါဟာ Apple က App Store ကို ပြုပြင်ပြောင်းလဲမှု အနည်းငယ် ပြုလုပ်တဲ့အတွက် အရင်လို ချောချောမောမော အသုံးမပြုနိုင်တော့တာ ဖြစ်ပါတယ်။
ဤအခြေအနေကို ဖြတ်ကျော်ဖို့  "Kuaiyong" software ကို Update/Repair ပြုလုပ်ကြရပါမယ်...
"Kuaiyong" software ကို ဖွင့်လိုက်ရင် "Pop up message box" ပေါ်လာပြီး အောက်ပါအတိုင်း တရုပ်လို ရေးသားထားတာ တွေ့ မြင်ရပါလိမ့်မယ်..
တရုပ်စာကို "Google Translate" လုပ်ပြီး ဖတ်ကြည့်လိုက်ရင် အောက်ပါအတိုင်း အင်္ဂလိပ်လို ဖတ်နိုင်ပါလိမ့်မယ်...
"Has installed applications prompted to enter your Apple ID box of
shells "or" flash back ", can solve the upper right corner of the" flash
back (the bomb box) Repair.
If to repair unsuccessful, please update to the latest version of this
application. Since this month Apple service adjustments, it is
recommended that the Apple ID or appstore, do not use in the near future
to reduce repair frequency.
Repair "bomb box" flash back "directly on the phone or iPad new features in the upcoming release, so stay tuned."
Repair လုပ်ရန် ပုံတွင် အနီဝိုင်းပြထားသည့် "Kuaiyong" software ၏ ညာဖက်အပေါ်ရှိ button ကို နှိပ်လိုက်ပါ။
Button ကိုနှိပ်လိုက်ပါက အောက်ပါပုံအတိုင်း "Pop up box" ပေါ်လာပါမည်။ အစိမ်းရောင် Button ကို နှိပ်ပါ။
အောက်ပါပုံအတိုင်း Update/Repair လုပ်နေပါလိမ့်မည်...
Update/Repair ပြီးစီးသွားပြီး ပုံပါအတိုင်း အမှန်ခြစ် သုံးခုပေါ်လာပါမည် အောက်က Button ကို နှိပ်ပါ။
iDevice ကို PC နှင့် ချိပ်ဆက်ပြီး "Kuaiyong" software မှ ပုံမှန်အတိုင်း "Install" လုပ်ပါ။ Game App များတွင် Data များ ပျက်ကောင်း ပျက်သွားနိုင်ပါမည်...
အသစ်ထွက်ရှိလာမည့် "Kuaiyong" version တွင် iDevice များမှ တိုက်ရိုက် "Repair" လုပ်နိုင်အောင် စီစဉ်ထားကြောင်း ဖော်ပြပေးထားပါသည်။
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်





No comments:
Post a Comment
IT မီးသီးနည်းပညာ နှင့် software "သင်၏ ဝေဖန်မှုသည် blogger ၏အားဆေးဖြစ်သည်"