Pages

GO Launcher EX v3.7.apk (7.71 Mb) Direct Download

GO Launcher  ကတော့ သူငယ်ချင်းတော်တော်များများသိမှာပါ 
ဒီဇိုင်းသပ်ရပ်လှပပြီး လူကြိုက်များတဲ့ Launcher ဖြစ်ပြီး နာမည်ကြီးဆိုတော့
အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် မေလ 30ရက်နေ့အပ်ဒိတ်လေးတင်ပေးလိုက်ပါတယ် 



After Earth v1.0.1 Apk Game 107MB

အန္တရယ်တွေကြားမှာပြေးပြီး coin စားရတဲ့ဂိမ်းပါ ၊တောင်ဇောင်းပေါ်ကအောက်ကိုခုန်ချပြီး
လေထဲမှာပျံသန်းးး၊ ဖိုက်တင်တွေ၊ အဆောက်ဦးတွေပေါ်မှာပြေးရတာတွေ
တကယ်ကိုအလန်းဂိမ်းလေးပါ .. 
ဇတ်ကောင်ကတော့ မိန်းကလေးနဲ့ ယောက်ကျာင်္း ကြိုက်တာရွှေးကစားရပါတယ်
တို့ လိုပါပဲ၊သူမှာထူးခြားတာက ဒီဇိုင်းအသစ်တွေ၊မြင်ကွင်းတွေ ၊ဆော့ရတဲ့ပုံစံတွေက စုံလင်လာပါတယ်
မှာလေ့လာပြီး ကြိုက်ရင် အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
Download>>>> mirrorupload (or)sendspace
Apk ကို Installလုပ်ပါ  done နဲ့ထွက်ပါ 
ပါလာတဲ့ data ဖိုင်ကို SD>>android>>Obb ဖိုင်ထဲကိုထည့်ပါ ကစားလို့၇ပါပီခင်ဗျာ 




Dark Avenger v1.0.5 Apk Game (Unlimited Coins) 30Mb

မံမီတွေကို နိုမ်နင်းရဲ့ ဂိမ်းလေးပါ  Mb နည်းနည်းနဲ့ ကစားလို့ ကောင်းတဲ့ ဂိမ်းလေးပါ 
ပိုက်ဆံလည်းရှာစရာမလိုတော့ အဆင်ပြေတာပေါ့ဗျာ အောက်ကပုံလေးကြည့်ကြည့် 
 ပိုက်ဆံကတော့ ကိုယ်ကြိုက်ယူလို့ရတယ် Buy More ကိုကလစ်
ဈေးကြီးတာကိုဝယ်ရင် ပိုက်ဆံများများပြန်ရတယ်
ဥပမာ 3000တန် ၀ယ်ရင် 3000မကုန်ဘဲ ကိုယ်ဘဲပြန်ရတာပါ
မှာလေ့လာပြီး ကစားမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
Download>>>mirrorupload (or)zippyshare(or)dropbox 
Install APK and Play.
Purchase anything and you will get them free and your golds will be doubled.
Its Offline+Modded, Enjoy 

Flash သီချင်းတစ်ပုဒ်ပြုလုပ်ဖို့အတွက် လိုအပ်တာတွေဒေါင်းမယ်

flash Music လေးတွေ ကို လူအတော်များများသိကြမှာပါ 
Double Tun က စခဲ့တဲ့ flash သီချင်းတွေဟာ မြန်မာပြည်မှာအတော်လေး
ခေတ်စားသွားတယ် အခုတော့ နည်းနည်းတိမ်သွားသလိုပဲ
ဒါပေမယ့် လေ့လာချင်သူတွေ စမ်းလုပ်ချင်သူတွေလည်းရှိကြမှာပါ
အဲအတွက် လိုအပ်တဲ့ဆော့ဝဲ Effect စတာတွေကို
ဒေါင်းချင်သူများ အတွက် တင်ပေးလိုက်တယ်
ဒီလိုစုစည်းမှုလေးလုပ်ပေးမယ့် ကိုသူရိန်လင်း ကို 
အားလုံးရဲ့ကိုစား အရမ်းကျေးဇူးတင်ပါတယ်

40 Best WIN 7 Themes Collection | 242 MB

 တောင်းဆိုထားလို့တင်ပေးလိုက်ပြီနော်..။ Windows 7 Theme အမျိုးပေါင်း 40 တောင်ပါတယ်။
တစ်ခုကို 1 ပုံစီတင်မပြတော့ဘူး။ ဒေါင်းလော့စ်ဆွဲပြီးရင် ကိုယ်ကြိုက်တဲ့ Theme ကိုရွေးပြီယူလိုက်တော့။
ဖိုင်ကြီးတစ်ခုထဲမှာ ဖိုင်အခု 20 ထည့်ထားတယ်။တစ်ခုချင်းစီထဲမှာနောက်ခံ Wallpaper ပုံလေးတွေပါ
ထည့်ပေးထားတယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာပါရှင်းပြထားတယ်နော်။




 2 ပိုင်းခွဲတင်ပေးထားပါတယ်။ 1 ပိုင်းကို 100MB ရှိပါတယ်။ တစ်ခုချင်းတင်ရတာကြာလို့ စုစည်းပြီး
တင်ပေးလိုက်ရတာပါ။ ပထမအပိုင်းမှာစိတ်ကြိုက်မတွေ့ရင်နောက်တစ်ပိုင်းဆက်ဆွဲပေါ့။
 အောက်မှာထပ်ကြည့်လိုက်ပါအုံး။ ဘယ်လို Theme တွေစုစည်းထားတယ်ဆိုတာ...


40 Best WIN 7 Themes Collection

1. Dark 7 Mix Theme(Mon Favoris)
2. Colorful Theme
3. Embed Final Theme
4. Longhorn Air7 Beta
5. Harmony 7 Blue Alpha Theme
6. Gaia09 Visual Style
7. Windows 7 Prototype Bita2
8. Xero Theme
9. Soft7 Theme
10.Capriccio Theme
11.Windows 8 Theme
12.Longhorn Multitheme
13.OneWorld Theme
14.Leopard OS 10 Theme
15.Michael Jackson Theme
16.WIndows 7 Themepack
17.Aero Big Theme
18.Aero Diamond for Windows 7(64bit)
19.Aero Hilled Theme
20.Windows Nostalgia Theme
21.Only Black Windows 7
22.MAx Clear Live Black Theme
23.Windows 7 Red Theme
24.SiCo Theme
25.Windows 7 Blue Theme
26.Windows XP Theme
and .....   တော်ပြီနော်။ဒေါင်းပြီးမှပဲဆက်ကြည့်တော့...
                                                         
                                                              
 
                           လင့်သေနေတာတွေ့ရင်လည်းကွန်မန့်ဘောက်မှာပြောခဲ့ပါအုံးသူငယ်ချင်း။

ကွန်ပျူတာကို Screenshot ရိုက်ပေးမယ့် GiliSoft Screen Recorder 4.0.0 | 6.1 MB

ကွန်ပျူတာကို ဓါတ်ပုံရိုက်မယ်။ဗီဒီယို recording လုပ်မယ်ဆိုရင်တော့ ဒါလေးကိုဆောင်ထားလိုက်ပါ။
အသုံးပြုရတာလွယ်ကူတယ်။အဖွင့်အပိတ်လည်းလွယ်ကူတယ်။ MB လည်းအရမ်းနည်းတယ်။
လိုချင်တဲ့အစိတ်အပိုင်းကို လိုသလိုရိုက်ကူးတည်းဖြတ်လို့ပါတယ်။ နောက်ထပ်ပါဝင်တဲ့ Features တွေကို
ဆက်ပြီးဖတ်ကြည့်လိုက်ပါအုံး။ 

 
GiliSoft Screen Recorder - Software for recording everything that happens on the desktop Windows. It records everything you see and hear on screen. Retains in real time as compressed video. Usually used to create demonstrations of software, capture streaming video and record gameplay.

Features:

1) Full screen recording mode.
2) Windows to the recording mode.
3) The mode of entry.
4) Support of computer games based on DirectX and OpenGL.


Customizable quality audio / video
1) High Performance Screen Capture Driver for old PCs.
2) Fast real-time audio / video compression.
3) Good synchronization of audio / video.
4) Capture Settings from the speakers, microphone and external lines.
5) Ability to disable the capture.
6) Record to FLV files.
7) The ability to capture the mouse or not.

Screenshots
1) Capture the screenshot of the desktop or active window in Windows.

Automatic separation of video files
1) sharing of files over time.
2) separating the file size.

  Easy to use
1) Easy to start / stop recording with a single mouse click or a hot key.
2) Display of recording indicator or frame rate in the game.
3) Customizable hot keys.
                                                    

အင်တာနက်ဆိုင်မှာ မိမိ Gtalk ကိုမကျန်အောင်လုပ်နည်းနဲ့ကိုယ့်ထက် အရင်ဘယ်သူသုံးသွားလဲလိုတာကြည့်မယ်

အခုတင်ပြတဲ့နည်းလေးကတော့အင်တာနက်ဆိုင်မှာ မိမိဂျီတော့ကိုမကျန်အောင်လုပ်နည်းနဲ့ကိုယ့်ထက်အရင်ဘယ်သူသုံးသွားလဲလိုတာကြည့်မယ်။
သိပြီးတဲ့သူတွေမပါဘူးနော်။
အောက်မှာကြည့်လိုက်နော်။

အရင် Shift ကီး Window R ကိုနှိပ်လိုက်ပါ။
Run ဆိုတာလေ ပေါ်လာရင်း Regedit ကိုရေးပြီး Ok နှိပ်လိုက်ပါ။


အဲလိုလေးပေါ်လာရင်း Folder စာ(5)ခုတွေ့တယ်မဟုတ်လား
အဲမှာဒုတိယစာကြောင်း HKEY-CURRRENT-USER ကို ဘေးက လေးထောင့်ကွက်လေးကိုနှိပ်လိုက်။
မြားထည့်ပြထားတယ်နော်
Folder Fie တွေအများကြီးကျလာတယ်။
အဲမှာ Software ကိုရှာပြီး။
ဘေးကလေးထောင့်ကွက်ကိုဘဲနှိပ်လိုက်ပါနော်
အပေါ်ကလိုဘဲFolder Fie တွေအများကြီးကျလာတယ်။
အဲမှာ Google ကိုရှာပြီး။
ဘေးကလေးထောင့်ကွက်ကိုဘဲနှိပ်လိုက်ပါနော်။
အပေါ်မှာလုပ်တစ်လိုဘဲနော်။
Folder Fie(3)ခု တွေရလိမ့်မယ်။
အဲမှာ Gtalk ကိုရှာပြီး။
ဘေးကလေးထောင့်ကွက်ကိုဘဲနှိပ်လိုက်ပါနော်။အပေါ်မှာလုပ်တစ်လိုဘဲနော်။
Folder Fie(3)ခု တွေရလိမ့်မယ်။
အဲမှာ Gtalk ကိုရှာပြီး။
ဘေးကလေးထောင့်ကွက်ကိုဘဲနှိပ်လိုက်ပါနော်။အပေါ်မှာလုပ်တစ်လိုဘဲနော်။
အဲမှာAccounts ကိုရှာပြီး။
ဘေးကလေးထောင့်ကွက်ကိုဘဲနှိပ်လိုက်ပါနော်။အပေါ်မှာလုပ်တစ်လိုဘဲနော်။
အဲမှာ Gtalk Accounts တွေ့ရပါပြီး။
ကျွန်တော်စက်မှာဆိုတော့ ကျွန်တော်အကောက်တွေဘဲရှိပါတယ်။
အင်တာနက်ဆိုင်မှာဆိုရင်းတော့ လာသုံးတဲ့သူတွေရဲ့အကောက်တွေကျန်နေပါတယ်။
မိမိအကောက်ကို ဖျက်ချင်တယ်ဆိုရင်း မိမိဂျီတော့အကောက်ပေါ်မှာ Right Click နှိပ်ပြီး
Delete နှိပ်ပြီးဖျက်လိုက်ယုံပါဘဲ။

မည်သည့် Android ဖုန်းမဆို Pattern Lock , Passwords Lock , Pin Lock များကို ဖျက်ထုတ်ပေးနိုင်မယ့် Application

မည်သည့် Android ဖုန်းမဆို Pattern Lock , Passwords Lock , Pin Lock များကို ဖျက်ထုတ်ပေးနိုင်မယ့် Application လေးတင်ပေးလိုက်ပါတယ်... ပေးထားတဲ့ဖိုင်ကိုဒေါင်းပြီး ရလာတဲ့ ZIP ဖိုင်ကို SD Card ထဲသို့ ထည့်ကာ CWM (Recovery Mode ) သို့ဝင်ပြီး Install လုပ်ပေးလိုက်ရုံဖြင့် အဆင်ပြေ သွားမှာ
ဖြစ်ပါတယ်ခင်မျာ... တကယ့်ကို ၀မ်းမြောက်စရာလေးပါဘဲ.. Pattern Lock , Passwords Lock , Pin Lock ကျနေသူများအတွက်ကတော့ လုံးဝ အဆင်ပြေသွားတာပေါ့ဗျာ။

CWM ဆိုတာ မသိသေးတဲ့ ညီအစ်ကိုများအဖို့တော့ ဒီမှာ လေ့လာနိုင်ကြပါတယ်ခင်မျာ....

Download=> Link 1 / Link 2

Myanmar Mobile User Groups မှ ဆရာများရဲ့ အဆိုအရ ဖုန်းရဲ့ System ပိုင်းကို ထိခိုက်ခြင်းလုံးဝ မရှိ
ဘူးလို့ဆိုပါတယ်ခင်မျာ။ :-)

Windows 7 မှာ Password ဖျက်နည်း/ကျော်နည်း

Kon-Boot ဆော့ဖ်ဝဲအသုံးပြုနည်းလေးနဲ့ ဆော့ဖ်ဝဲလေးပါ ဒီဆော့ဖ်ဝဲလေးက USB ထဲမှာထည့်ပြီး window login password တွေကိုကျော်ပြီးဝင်တာပါ ကျော်ဝင်တာဆိုတော့ သူရှိပြီးသား ပတ်စ်ဝကိုလည်းဖျက်မသွားပါဘူး USB ကနေBoot တက်ပြီးကျော်ရတာပါ အထဲမှာစာအုပ်လေးပါ ပါတယ် 



 
http://www.myintmoe.blogspot.com/2013/05/kon-boot-windows-password.html

ကျွန်တော့်ကိုမေးကြတယ် Keygen တွေ ဘယ်လိုရှာသလဲတဲ့

ကျွန်တော်ကို email ပို့ပြီး မေးကြတဲ့ထဲက အရေအတွက်တော်တော်များများ
မေးလေ့ရှိကြတဲ့ မေးခွန်းလေးပါ ...
“ကိုမုဆိုးက ဆော့ဝဲတွေရဲ့ Keygen တွေ Patch ဖိုင်တွေ Crack ဖိုင်တွေကို
အွန်လိုင်းပေါ်မှာ ဘယ်လိုရှာလို့ အခုလို ဆော့ဝဲတော်တော်များများအတွက်
Full Version အဖြစ် တင်နိုင်တာလဲ” တဲ့ ..
ဟုတ်ကဲ့ ဒီမေးခွန်းတွေအတွက် မကွယ်မ၀ှက်တမ်း ဖြေပေးပါ့မယ် ..




ပထမနည်းက Browser ရဲက Address bar မှာ ဖြစ်ဖြစ် Search Box မှာဖြစ်ဖြစ်
အခုလိုရိုက်ထည့်ပြီးရှာပါတယ် .. 94FBR  "ဆော့ဝဲရဲ့နံမည်အတိအကျ”
ဥပမာဗျာ - Adobe Photoshop CS6 အတွက် keygen/ patch file/ Crack file
တစ်ခုခုလိုချင်တယ်ပေါ့ .. အခုလိုရိုက်ထည့်ပြီး ရှာပါတယ်

94FBR  "Adobe Photoshop CS6"

ဒီနေရာမှာ 94FBR ပြီးရင် Space Bar နှစ်ချက်ခြားပါတယ်
အဲဒီလိုရှာလိုက်ရင် သက်ဆိုင်ရာဆော့ဝဲရဲ့ Crack/ Patch/ Keygen တွေနဲ့
အနီးစပ်ဆုံးပို့စ်တွေ ဘလော့တွေကို ရှာပေးပါတယ် ..
ဒီနည်းရဲ့အားနည်းချက်ကတော့ တစ်ခါတစ်ခါ တင်ပေးထားသူရဲ့ မသမာတဲ့စိတ်ဓာတ်ကြောင့်
Virus ဖိုင်ကြီးကိုလည်း ရလာတတ်ပါတယ် ..

နောက်တစ်နည်းကတော့ Craagle ဆိုတဲ့ဆော့ဝဲကို အသုံးပြုပြီး လိုအပ်တဲ့ဆော့ဝဲရဲ့ Serial တွေကို
ရှာပါတယ် ..
ဒီနည်းရဲ့အားနည်းချက်ကတော့ ကိုယ်ရလာတဲ့ Serial Key ဟာ Expire ဖြစ်နေတာတွေလည်း
ကြုံရတတ်ပါတယ်

နောက်တစ်နည်းကတော့ Universial Keygen Generator ဆိုတဲ့ ဆော့ဝဲတော်တော်များများရဲက
Keygen တွေကို ထုတ်ပေးနိုင်တဲ့ ဆော့ဝဲရဲ့အကူအညီနဲ့ Full Version ဖြစ်အောင်ရှာကြံပါတယ်

အဲ .. နောက်တစ်နည်းကတော့ ဆော့ဝဲတွေကို ကိုယ်တိုင် Crack ဖို့ကြိုးစားကြည့်ပါတယ်
ဒီနည်းရဲ့အားနည်းချက်ကတော့ ဆော့ဝဲတစ်ခုကို Crack နိုင်ဖို့ အချိန်ကာလ အကန့်အသတ်မရှိ
ကြာသွားနိုင်ပါတယ် ..
ဥပမာ Magic Vocal Remover ဆိုတဲ့ဆော့ဝဲလေးကိုဆိုရင် ရလေနိုးနဲ့ Crack လာတာ အခုဆိုရင်
ရှစ်လကျော်ခဲ့ပါပြီ အောင်မြင်မှုအရိပ်အယောင်လေးတောင် မမြင်ရသေးပါဘူး .. :D
အဲ .. နောက်ဆုံးတစ်နည်းနဲ့ အသေချာဆုံးနည်းကို ပြောပါမယ်

ဒါလေးကို မျှဝေပေးချင်လို့ အပေါ်မှာ ကိုယ့်အမည်ကိုယ်ဖေါ် ခဲ့တာပါ .. :P

ဒီနည်းက ဘာမှတော့မဟုတ်ပါဘူး .. ဆော့ဝဲတော်တော်များများရဲ့ Keygen တွေ Patch ဖိုင်တွေ
Crack ဖိုင်တွေနဲ့ Trail Restet ဖိုင်တွေကိုပဲ သီးသန့်တင်ပေးထားတဲ့ Blog တွေအများကြီးထဲက
တော်တော်လေးစုံတဲ့ Blog လေးတစ်ခုဆိုပါတော့ .. ကဲ .. စိတ်ဝင်စားရင် အောက်ကလင့်ကနေ
သွားနိုင်ပါတယ် ...




အဲဒီ Blog မှာ ဖိုင်တွေကို A, B, C, D .... ဆိုပြီး အက္ခရာစဉ်အလိုက် တင်ပေးထားပါတယ်
ကိုယ်လိုချင်တဲ့ Keygen ဖိုင်ကိုတွေ့လို့ သူပေးထားတဲ့ လင့်ကိုနှိပ်လိုက်ရင် Mega ဆိုတဲ့
Hosting ဆိုဒ်ကို ရောက်ပါမယ် .. အောက်ကပုံအတိုင်း Loading လုပ်နေတာကို
စိတ်ရှည်ရှည်နဲ့ ထိုင်စောင့်ပေးနေရပါမယ် ..



Loading ပြီးသွားရင်တော့ အောက်ကပုံအတိုင်းပွင့်လာပါမယ်



အဲဒီထဲက I agree ရဲ့ရှေ့မှာ အမှန်ခြစ်လေးတပ်ပေးပြီး Download ကိုနှိပ်ပေးလိုက်ပါ
သူ့အလိုလိုဒေါင်းသွားပါလိမ့်မယ်
ကဲ .. ပညာကို သေရွာယူမသွားပါဘူး .. မလျှိုထားဘူးနော် .. ပြောပြပြီးပြီ
အဆင်ပြေပါစေဗျာ

CD Drive ပျောက်နေရင်ပေါ်အောင်လုပ်နည်း

တစ်ခါတစ်လေ ဗိုင်းရပ်ရှိတဲ့ ခွေထည့်မိလို့ပဲဖြစ်ဖြစ် တခြားဘာကြောင့်ပဲဖြစ်ဖြစ် CD ထည့်တဲ့နေရာက CD Drive ကြီးတစ်ခုလုံးပျောက်သွားတတ်ပါတယ် ။ အဲဒါလေးကိုဖြေရှင်းနဲ့နည်းလေးပါ လွယ်လွယ်လေးရယ်.......... ကဲစလိုက်ရအောင်..............
ပထမ ဆုံး Start ကနေ Run ကို သွားပြီး regedit ဆို ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ..... box တစ်ခုကျလာလိမ့်မယ် 
အဲဒီ box လေးကျလာရင် သုံးခုမြောက်ပေါ့ HKEY_LOCAL_MACHINE ဆိုတဲ့စာတန်းလေးရဲ့ ဘယ်ဘက်ဘေးက မြှားလေးကို ကလစ်လိုက်......
အဲဒီ အထဲက အောက်ဆုံးတစ်ခု SYSTEM ဆိုတာလေးရဲ့ ဘေးကမြှားလေးကို ထပ်ကလစ်လိုက်......
SYSTEM ခေါင်းစဉ်အောက်က သုံးခု မြောက်မှာ Current Control Set ဆိုတဲ့ ဘေးကမြှားလေးကို ထပ်ကလစ်လိုက်ပါ.......
ပြီးရင် Current Control Set အောက်က Control ဆိုတဲ့ ဘေးက မြှားလေးကို ထပ်ကလစ်ပါ......... ပြီးတော့မှာပါ မပျင်းနဲ့နော် ဟီးး
ပြီးရင် Control ခေါင်းစဉ် အောက်က ခြောက်ခုမြောက် က Class ဆိုတာလေးရဲ့ ဘေးကမြှားလေးကို ကလစ်လိုက်........
ပြီးရင် သူ့အောက်က 4D36E965-E325-11CE-BFC1-08002BE10318 ဆိုတဲ့ စာတန်းလေးကို ရှာပြီတော့ ကလစ်လိုက်
Class ခေါင်းစဉ်အောက်က ၁၀ ကြောင်းမြောက်လို့ ကျွန်တော် ထင်ပါတယ်....... အပေါ်က စာတန်းနဲ့ ပြန်တိုက်ကြည့်ပေါ့ ဟုတ်ရင် ကလစ်လိုက်...........
  ညာဘက်မှာ DVD/CD-ROM devices အဲလိုပေါ်နေရမယ် ..........
အဲလိုပေါ်သွားပြီဆိုရင် ညာဘက်အကွက် (မှင်နီဝိုင်းပြထားတဲ့အကွက်) ထဲမှာ "Upper Filter" ဆိုတာလိုက်ရှာ တွေ့ရင်ဖျက်
"Upper Filter" ဆိုတာမတွေ့ ရင် "Lower Filter" ကို ရှာ တွေ့ရင်ဖျက် ...."Lower Filter" ကိုမတွေ့ရင် " File Filter " ကိုရှာ တွေ့ရင်ဖျက် တကယ်လို့ သုံးခုလုံးတွေ့ရင်လဲဖျက်............
အဲလို ဖျက်ပြီးသွားရင်တော့ အဲဒါကိုပိတ်လိုက်တော့ ပြီးရင် ကွန်ပျူတာကို restart ချလိုက် ဒါဆိုပြီးပြီ ........ပြီးရင်ပြန်ဖွင့်ကြည့်
My Computer ထဲမှာ CD Drive ကြီး ပေါ်နေလို့တောင် တံမြက်စည်းနဲ့ရိုက်ချနေရမယ်.........ဟိဟိ အနော်ကနောက်တာ တကယ်မရိုက်နဲ့နော် ကွဲသွားရင် အနော်လည်း လျော်နိုင်ဘူး ဟီးးးးး
အဆင်ပြေပါစေနော် ကျွန်တော့် အစ်ကို အစ်မ ညီ ညီမ တွေ
မရှင်းရင်လည်း blackblood612@gmail.com ကို အပ်ပြီး မေးလို့ရပါတယ်
ကော်မန့်လေးလည်းပေးခဲ့ပါဦး ပင်ပန်းရကျိုးနပ်အောင် အားဆေးလေးတစ်ခွက်မို့ပါ
ကျေးဇူးတင်ပါတယ်.................................................

Windows on/off မှာ မိမိနှစ်သက်ရာ သီချင်းလေးတွေနဲ့ ဖွင့်ချင် ပိတ်ချင်ရင်

သိရှိပြီးသားသူတွေအတွက်ပါဝူးနော်...မသိရှိသေးသောသူများအတွက်ပါ

Windows on/off မှာ မိမိနှစ်သက်ရာ သီချင်းလေးတွေနဲ့ ဖွင့်ချင် ပိတ်ချင်ရင်

      
   Windows 7 On /Off မှာ မိမိတို့ နေ့စဉ်ကြားနေကျ အသံလေးတွေ ရိုးအီနေပြီလား။ ဒါဆိုရင်တော့ မိမိကြိုက်နှစ်သက်ရာ သီချင်းသံတွေနဲ့ အစားထိုး ပြောင်းလဲလို့ရပါတယ်။ ပြောင်းပုံ ပြောင်းနည်းလေးကလည်း လွယ်ပါတယ်။ လုပ်ကြည့်ကြရအောင် …အားလုံးအဆင်ပြေအောင်လို့
အတတ်နိုင်ဆုံးပြုလုပ်ပုံလေးတွေကိုပုံလေးတွေနဲ့ရှင်းပြပေးထားပါတယ်...ပျော်ရွှင်ကြပါစေနော်
၁။       Run Box (windows + R) ကိုဖွင့်ပါ။
၂။       Run Box ထဲမှာ mmsys.cpl ကို ရိုက်ထည့်ပြီး OK သို့မဟုတ် Enter ခေါက်ပါ။
 
၃။       ကျလာတဲ့ Box ထဲက Sounds ကို ကလစ်ပါ။

၎။       ထို Box ထဲကမှ Sound Scheme: အောက်မှာ Windows Default ကို ရွေးပါ။
၅။       တစ်ဆက်တည်း Program Events: အောက်မှာ Windows Logon / Windows Logoff ကို ရွေးချယ် (Select) ပေးပါ။ (ဒီနေရာမှာ မိမိ ပြင်ဆင်လိုသော အခြားအသံပိုင်းဆိုင်ရာများကိုလည်း ရွေးချယ်နိုင်ပါတယ်)
 
၆။       Browse နေရာကနေ မိမိပြောင်းလဲလိုသော သီချင်း သံစဉ်များကို ထည့်ပါ။ (မိမိအသုံးပြုသောသီချင်း မှန်မမှန် Play Buttom (Test) နေရာကို ကလစ်၍ ပြန်လည် စစ်ဆေးနိုင်ပါတယ်)
 
၇။       Apply – Ok လုပ်ပါ။

၈။       ပြီးစီးပြီဆိုရင် Restart ချကြည့်လိုက်ပါ။ Windows Off သို့မဟုတ် Windows On တွင် သင်အသုံးပြုလိုက်သော သီချင်းသံလေး ကြားရပါလိမ့်မယ်။

           ပုံလေးတွေနဲ့တစ်ကွ တင်ပေးထားတဲ့အတွက် လုပ်ရတာ လွယ်ကူမှာပါ။ တစ်ခုတော့ ရှိပါတယ်။ ကိုယ်အသုံးပြုတဲ့ သီချင်းဟာ wav Format ဖြစ်ရပါမယ်။ MP3 , AAC , AMR , MMf , M4A , M4R စတဲ့ အသံဖိုင်တွေတော့ အသုံးပြုလို့ ရမှာမဟုတ်ပါဘူး။ ကိုယ့်မှာ wav အသံဖိုင်မရှိဘူးဆိုရင် Format Factory လို Converter တစ်ခုခုနဲ့ ပြောင်းလဲနိုင်ပါတယ်။ကိုကို..မမ..ညီငယ်..ညီမငယ်တို့စက်ထဲမှာလဲ
Conveter တစ်ခုခုတော့ရှိနေမယ်လို့မျော်လင့်မိပါတယ်..အဲ့ဒါကြောင့်မတင်ပေးတော့ပါဘူးနော်
အကယ်လို့များလိုချင်ပါတယ်ဆိုရင်ဖြင့်..ကွန်မန့်(သို့) C box မှာတောင်းဆိုနိုင်ပါတယ်။

           ကဲ … ကလိတာမှ ဝါသနာပါတယ်ဆိုတဲ့သူတွေ ကလိကြရအောင်လားဗျာ

မိမိကွန်ပျူတာမှာ APK ဖိုင်တွေရဲ့ icon ကိုမြင်ရစေဖို့


ယနေ့ခေတ်က Android ခေတ်လို့ပြောရင် မှားမလားမသိ
မမှားဘူးထင်တယ် ဘာကြောင့်လဲဆိုတော့ Android ဖုန်းတွေကို ကလေးကအစ
ကိုင်လာကြတယ် ဖုန်းကိုင်သူတိုင်းကလည်း  သိကြတယ် ဒီလိုဆိုတော့
Android နဲ့ မြန်မာပြည်မှာ စီးပွားအတော်ဖြစ်လာကြတယ်
ထားလိုက်ပါတော့ အခုတင်ပေးချင်တာက APK ဆိုတဲ့ Android software
iconတွေကို ကွန်ပျူတာမှာ မမြင်ရပါဘူး အခုဆော့ဝဲလေးကိုကွန်ပျူတာမှာ
သွင်းလိုက်ရင် မြင်ရပီဗျာ ...

အရင်ဆုံး ဒီဆောဝဲလေးကို ဒေါင်းလိုက်ပါ 
ဖိုင်ဆိုဒ်က- 7.96MB
နာမည်က muzhiwan ပါ

ဒေါင်းပြီးရင် install လုပ်လိုက်ရုံနဲ့ မိမိကွန်ပျူတာမှာ APK file ရဲ့ icon လေးတွေ ပေါ်သွားမှာပါ

စာလုံးတွေက ကုဒ်ပုံစံတွေဖြစ်နေတော့ install မလုပ်တတ်မှာစိုးလို့
ကျွန်တော် install လုပ်နည်းပါ ပုံလေးတွေနဲ့ ဖော်ပြပေးလိုက်ပါတယ်

ကျွန်တော်တင်ပေးလိုက်တဲ့ ဖိုင်ကို password ခံထားပါတယ် 
password က www.aungkyaw.com လို့ထည့်ပေးလိုက်ပါ အဲဒီ RAR ဖိုင်လေးကို ဖြည်လိုက်ပါ
.exe ဖိုင်လေးရလာလိမ့်မယ် အဲဒီဖိုင်လေးကို နှစ်ချက်နှိပ်လိုက်ရင် အောက်ကပုံလေးလို
ပေါ်လာလိမ့်မယ် အဲဒီအခါ ကျွန်တော် အနီနဲ့ဝိုင်းပြထားတဲ့ button လေးကို
နှိပ်လိုက်ပါ (ဒါမှမဟုတ် keyboard က N ကိုနှိပ်လိုက်ပါ)

 

ပြီးရင် အလယ်က button ကိုနှိပ်ပါ

 
ပြီးရင် Yes ဆိုတာကိုနှိပ်လိုက်

 

အနီနဲ့ဝိုင်းပြထားတဲ့ အမှတ်ခြစ်လေးကို ဖြုတ်ပေးရပါမယ်   
ပြီးတော့ အောက်မှာ အလယ်က button လေးကို နှိပ်လိုက်ပါ ဒါဆိုရင် ပြီးပြီ

 
သယ်ချင်းတို့ရဲ့ APK file တွေကို မြင်ရပါပြီ

အောင်ကျော်ခိုင်-ပုသိမ်
www.aungkyaw.com

firefox တွင် Unicode & Zawgyi ပြောင်းစရာမလိုဘဲ မြန်မာစာပေါ်အောင်လုပ်နည်း

ကျွန်တော်တို့ နိုင်ငံမှာ Font တွေ က တော်တော်များတယ်ဗျာ
 Web ပေါ်မှာ ရေးတဲ့ဖောင့်တွေကလည်း တော်တော်များတယ်
 ဒါပေမယ့် အသုံးအများဆုံးက ဇော်ဂျီ နဲ့ Unicode ပါ
အချို့ဆိုဒ်တွေက Zawgyi နဲ့ရေးတယ် အချို့ဆိုဒ်တွေက Unicode နဲ့ရေးတယ်
အဲဒီလိုမျိုးလေးတွေ ကွဲနေတော့ သုံးတဲ့ User တွေမှာ ဖောင့်တွေ မမှန်တာတွေ
ဖြစ်ကုန်ရော သိသူများကတော့ Unicode ဆိုဒ်ကြည့်ရင် Browser ရဲ့ default Font
ကို Unicode ထားလိုက်တယ် Zawgyi ဆိုဒ်ကြည့်ရင် zawgyi ထားလိုက်တယ်ပေါ့
ဒါပေမယ့် မသိသူများကျတော့ ဟင် ဒီဆိုဒ်ကလည်း ဘာစာလုံးတွေနဲ့ရေးထားလဲ
ဖြစ်ကုန်ရော အခုပြောပြမယ့်နည်းလေးက ဘယ်မြန်မာဆိုဒ်ကိုကြည့်ကြည့်
မိမိ Browser မှာ ဘယ် Font ကို မှ ပြန်ပြောင်းစရာမလိုပဲမြန်မာစာ အမှန်မြင်ရနည်းလေးပါ
အသုံးများတဲ့ ဇော်ဂျီဖောင့်ကတော့ လူတိုင်းမှာရှိနေတော့ ပြောစရာမလိုလောက်တော့ပါဘူး
ဒါပေမယ့် Unicode အတွက်တော့ ပြောစရာရှိလာတယ် အထွေအထူးမဟုတ်ပါဘူး
မိမိ ကွန်ပျူတာမှာ Unicode ဖောင့်မရှိရင်တော့ Unicode နဲ့ရေးထားတဲ့ ဆိုဒ်တွေ ကြည့်ရမှာ
မဟုတ်ပါဘူး ဒါကြောင့် ရှိမှန်းလည်း မသိ မရှိမှန်းလဲမသိဘူးဆိုရင်တော့
32bit သမားများ ဒီဆော့ဝဲ လေးကို အရင်ဒေါင်းလိုက်ပါ(ဖိုင်ဆိုဒ်က 1MB မပြည့်ပါ)

64bit- သမားများ က ဒီမှာဒေါင်း 
(ရှိသူများ ဒေါင်း၇န်မလို) အခုဆော့ဝဲလေးနာမည်က Key Magic 1.4 ပါ
 မြန်မာ ကီးဘုတ်လေးတစ်မျိုးလို့ပဲ မှတ်ထားလိုက်ပါ Unicode ဖောင့်တွေ
ဧရာဖောင့်တွေ ဇော်ဂျီဖောင့်တွေက ကီးဘုတ်တွေ မတူကြပါဘူး အဲဒါတွေကို ကီးဘုတ်
လိုက်ပြောင်းပေးမယ့် ဆော့ဝဲလေးပါ ဒီလောက်ပဲရှင်းပြပါရစေ ကျန်တာကတော့ မိမိကိုယ်တိုင်
 လိုက်စမ်းကြည့်ပေါ့နော်... အခုဆော့ဝဲလေးကို ဒေါင်းပြီးရင် install လုပ်ပါ လွယ်ကူတဲ့ install
လုပ်နည်းပါ မပြောတော့ဘူးနော်.. ဒါပြီးရင်တော့ အရေးကြီးတာလေးလာပါပြီ

အောက်ကပုံလေးကို နှိပ်လိုက်ပါ

 

 
ဒါဆိုရင် Firefox မှာ ဒီ MyanmarFontTagger addon လေးကို ခွင့်ပြုမလားလို့ လာမေးမယ်
Allow  လို့နှိပ်လိုက်ပါပြီး၇င် install လုပ်ခိုင်းမယ် Install ထပ်လုပ်ပေးလိုက်ပါ
firefox ကို restart တောင်းပါမယ် restart လုပ်ပေးလိုက်ပါ ဒါဆိုရင်မြန်မာလို
ရေးသားထားတဲ့ ဆိုဒ်တိုင်းကို မြန်မာလို ရှင်းလင်းစွာ မြင်ရပါလိမ့်မယ်
ဇော်ဂျီ ၊ Myanmar-Unicode ၊ ဧရာ ဘာလာလာ ဂရုစိုက်စရာမလိုတော့ပါဘူး
နမူနာအနေနဲ့ www.google.com.mm မြန်မာ Google လေးကိုကြည့်လိုက်ပါ
 
မှတ်ချက်- အခုနည်းအတိုင်းလုပ်သော်လည်း မြန်မာလိုမမြင်ရပါက မိမိစက်တွင်
Myanmar 3 font နှင့် Zawgyi-one Font ရှိမရှိကို Run box တွင် Fonts ဟုရိုက်ကာ
ရှာကြည့်ပါ မတွေ့ရင်တော့ ဖောင့်ပြန်သွင်းပါ ရှိနေပြီးမပေါ်ပါက 
မိမိစက်ကို restart လုပ်ကြည့်ပေးပါ...။
လေးစားစွာဖြင့်
အောင်ကျော်ခိုင်-ပုသိမ်

စက်မှာ sing out မလုပ်ဘဲကျန်ခဲ့သောအကောင့် ပါတ်ဝပ်အား ကြည့်နည်း


လွယ်လွယ်လေးပါ..တကယ့်ကိုလွယ်လွယ်လေးပါ..အင်တာနက်ဆိုင်တွေမှာ သွားသုံးတဲ့အခါ ကိုယ်ထိုင်
မယ့်စက်မှာ ကိုယ့်ရှေ့ကထိုင်သွားတဲ့သူရဲ့ Gtalk Account ဟာ Sign Out မလုပ်မိဘဲ ကျန်ခဲ့တာ ကြုံဖူးကြမယ်ထင်ပါတယ်..ဒီလို ကျန်ခဲ့တဲ့ Account ကို Hack ဖို့ အလွယ်ဆုံးနည်းလမ်းကို ပြောပြပေး
မှာဖြစ်ပါတယ်..တကယ်လို့ ကိုယ့်ထိုင်တဲ့စက်မှာ အခြားသူတစ်ယောက်ရဲ့ Account က ပွင့်လျက်နဲ့ကျန်နေတယ်ဆိုရင် သူ့ရဲ့ Account ကို Hack ဖို့အတွက် ဘာလုပ်ရမလဲဆိုတော့ မိမိထိုင်တဲ့
စက်ရဲ့ Internet Connection ကို Disable ပေးလိုက်ပါ...ဒါမှမဟုတ် အဆင်ပြေရင် Network ကြိုးကို ခဏလောက်ဖြုတ်ထားပေးလိုက်ပါ...ဘားမှမလုပ်ပါနဲ့..ဒီအတိုင်းကြည့်နေပါ..သူ့အလိုလို နှစ်မိနစ်အတွင်း ပစ်မှတ်ရဲ့AccountဟာSingout ဖြစ်သွားပြီးPasswordsများဟာလည်းအတုံးအတုံး လေးတွေအနေနဲ့ပေါ်လာမှာဖြစ်ပါတယ်.. ၄င်းPasswordsအမှန်ကိုသိလိုပါကSeePasswordsဆိုတဲ့Softwareနဲ့ကြည့်ရမှာဖြစ်ပါတယ်...ဒါဆိုရင်တော့
ပစ်မှတ်ရဲ့ အကောင့်တစ်ခုလုံးကို မွှေချင်သလို မွှေလို့ရပြီဖြစ်ပါတယ်... ဗဟုသုတ အနေဖြင့်တင်ပေး
ခြင်းသာဖြစ်ပါတယ်.. :-) Hacking ဆိုရင်ဘာတစ်လုံးမှ နားမလည်ပါကြောင်း~~ရမ်းသမ်းကလိရင်း တွေ့ရှိတာလေးကို အများအတွက် တင်ပေးလိုက်ရခြင်းသာဖြစ်ပါတယ်ခင်မျာ... ဆိုင်မှာ သုံးသူတွေအတွက်  အကောင့် မထွက်ဘဲကျန်ခဲ့ရင်
သည်လို ယူသွားနိုင်တာကို သတိပေးစေလိုခြင်ပါသဖြင့်  ပြန်လည် မျှဝေလိုက်ရပါတယ်..


Download=> Link 1 Link 2
Screen Shoot~~~~~



(Myanmar IT Helper )

Related Posts Plugin for WordPress, Blogger...